< တရားဟောရာ 4 >
1 ၁ ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
А тепер, Ізра́їлю, послухай постанов та зако́нів, що я навчаю вас чинити, щоб жили́ ви, і ввійшли, й посіли цей край, що Господь, Бог батьків ваших, дає вам.
2 ၂ သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-
Не додава́йте до того, що я вам наказую, і не зменша́йте з того, щоб виконувати заповіді Господа, Бога вашого, що я наказав вам.
3 ၃ ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
Очі ваші бачили те, що Господь зробив був з Ваалом пеорським, бо кожного чоловіка, що пішов за пеорським Ваалом, вигубив його Господь, Бог твій, з-посеред тебе.
4 ၄ ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။''
А ви, що ли́нули до Господа, Бога вашого, усі ви живі сьогодні.
5 ၅ ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
Дивіться, — навчив я вас постанов та зако́нів, як наказав мені Господь, Бог мій, чинити так серед того Кра́ю, куди ви входите, щоб посісти його.
6 ၆ သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
Бережіть, і виконуйте їх, бо це мудрість ваша та ваш розум на оча́х наро́дів, що ви́слухають усіх постанов тих та й скажуть: Тільки він мудрий та розумний наро́д, цей великий люд!
7 ၇ ``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
Бо хто інший такий великий народ, що мав би богів, таких йому близьки́х, як Господь, Бог наш, кожного ра́зу, як ми кличемо до Нього?
8 ၈ ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။-
І хто і́нший такий великий народ, що має постанови й зако́ни такі справедливі, як увесь той Зако́н, що я даю перед вами сьогодні?
9 ၉ သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
Тільки стережися, і дуже пильнуй свою душу, щоб не забув ти тих речей, що бачили очі твої, і щоб вони не повихо́дили з серця твого по всі дні життя твого, а ти подаси їх до ві́дома синам твоїм та синам твоїх синів,
10 ၁၀ သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
про день, коли стояв ти перед лицем Господа, Бога твого, на Хори́ві, як Господь говорив був до мене: „Збери Мені той народ, і вони слухатимуть слів Моїх, із яких навчаться боятися Мене по всі дні, скільки вони житимуть на землі, та й синів своїх понавча́ють“.
11 ၁၁ ``သင်တို့သည်မည်းမှောင်၍ထူထပ်သောတိမ် ဖုံးလျက် မိုးကောင်းကင်သို့တိုင်အောင် မီးလျှံ တက်နေသည့်တောင်ခြေရင်းသို့ချဉ်းကပ်၍ ရပ်နေကြကြောင်းကိုလည်းကောင်း၊-
І поприхо́дили ви, та й поставали під горою, а гора та горіла огнем аж до самих небес, а при тому була темрява, хмара та мряка.
12 ၁၂ သင်တို့သည်ထာဝရဘုရား၏ပုံသဏ္ဌာန် တော်ကိုမမြင်ရသော်လည်း မီးထဲမှကိုယ် တော်မိန့်တော်မူသံကိုကြားရကြကြောင်း ကိုလည်းကောင်း သားသမီးတို့အားပြော ပြလော့။-
І промовляв Господь до вас із сере́дини огню, — голос слів ви чули, та виду ви не бачили, окрім голосу.
13 ၁၃ ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
І Він оголосив перед вами заповіта Свого, що наказав вам чинити, — Десять Заповідей, і написав їх на двох камі́нних табли́цях.
14 ၁၄ သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
А мені Господь наказав того ча́су навчати вас постанов та зако́нів, щоб виконували ви їх у краю́, куди ви перехо́дите володіти ним.
15 ၁၅ ``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
І бу́дете ви сильно стерегти свої душі, бо не бачили ви того дня жодної постаті, коли говорив Господь до вас на Хориві з сере́дини огню,
щоб ви не зіпсулися, і не зробили собі ідола на подобу якогось бовва́на, зобра́ження самця́ чи самиці,
зобра́ження всякої худобини, що на землі, зобра́ження всякого крилатого пта́ха, що літає під небом,
зобра́ження всякого плазу́ючого по землі, зобра́ження всякої риби, що в воді під землею,
19 ၁၉ မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
і щоб ти, звівши очі свої до неба, і побачивши сонце, і місяць, і зорі, — усе військо небесне, щоб не був ти зве́дений і не вклонявся їм, і не служив їм; бо Господь, Бог твій, приділив їх усім наро́дам під усім небом.
20 ၂၀ သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
А вас Господь узяв та й вивів вас із залізної гутни́чої пе́чі, — з Єгипту, щоб ви стали для Нього наро́дом наді́лу, як сьогодні це ви́дко.
21 ၂၁ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
А Господь був розгнівався на мене за ваші діла́, і поклявся, що не перейду́ я Йорда́ну, і не ввійду́ до того хорошого кра́ю, що Господь, Бог твій, дає тобі на спа́дщину.
22 ၂၂ ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။-
Бо я умру в цьому кра́ї, я не перейду́ Йорда́ну, а ви пере́йдете й посядете той хороший край.
23 ၂၃ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
Стережіться, щоб не забули ви заповіту Господа, вашого Бога, якого склав з вами, щоб не зробили ви собі бовва́на на подобу всього, як наказав тобі Господь, Бог твій.
Бо Господь, Бог твій, — Він палю́чий огонь, Бог за́здрісний.
25 ၂၅ ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
Коли ти породиш синів, і синів твоїх синів, і поста́рієте ви в краю́, і зіпсуєтеся, і зробите бовва́на на подобу чогось, і зробите зло в оча́х Господа, Бога свого, та Його розгнівите́,
26 ၂၆ ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
то беру Я сьогодні за свідків проти вас небо й землю, що незаба́ром конче погинете в краю́, на вспадкува́ння якого ви перехо́дите туди Йорда́н. Не будуть довгі ваші дні в ньому, бо конче ви будете ви́гублені.
27 ၂၇ ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
І розпоро́шить вас Господь посеред народів, і будете ви нечисле́нні поміж людами, куди попрова́дить вас Господь.
28 ၂၈ ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-
І будете служити там богам, ділу рук лю́дських, дереву та каменеві, які не бачать, і не чують, і не їдять, і не нюхають.
29 ၂၉ သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
Та коли ви будете шукати звідти Господа, Бога свого, то зна́йдете, якщо будете шукати Його всім серцем своїм та всією душею своєю.
30 ၃၀ သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
Як будеш у біді своїй, і коли спіткають тебе в кінці днів усі оці речі, то ве́рнешся ти до Господа, Бога свого, і послухаєш Його голосу.
31 ၃၁ ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
Бо Господь, Бог твій — Бог милости́вий: Він не залишить тебе й не знищить тебе, і не забуде заповіту батьків твоїх, яким їм присягнув був.
32 ၃၂ ``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
Бо питай но про перші дні, що були перше тебе, від того дня, коли Бог створив люди́ну на землі, і від кінця неба й аж до кінця неба, — чи бувало щось таке, як ця велика річ, або чи чуте було щось таке, як вона:
33 ၃၃ မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
чи чув народ голос Бога, що говорив із сере́дини огню, як чув ти і жив?
34 ၃၄ သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
Або чи намагався який бог піти взяти собі народ з-посеред іншого народу пробами, ознаками, і чудами, і війною, і сильною рукою, і раме́ном ви́тягненим, і стра́хами великими, як усе те, що зробив був вам Господь, Бог ваш, в Єгипті на оча́х твоїх?
35 ၃၅ ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
Тобі було показане це, щоб ти пізнав, що Господь — Він Бог, і нема іншого, окрім Нього.
36 ၃၆ ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
Він дав тобі з неба почути Його голос, щоб навчити тебе, а на землі показав тобі Свій великий огонь, і слова́ Його чув ти з сере́дини огню.
37 ၃၇ ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
І тому, що кохав Він батьків твоїх, то вибрав їхнє насіння по них, і Сам Він вивів тебе Своєю великою силою з Єгипту,
38 ၃၈ သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
щоб прогнати перед тобою народи, більші й сильніші за тебе, щоб ввести тебе, та дати тобі їхній край на спа́док, як сьогодні це ви́дко.
39 ၃၉ သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
І пізнаєш сьогодні, і ві́зьмеш до серця свого, що Господь — Він Бог на небі вгорі й на землі долі, — іншого нема.
40 ၄၀ ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
І будеш пильнувати постанов Його та заповідей Його, що я наказую тобі сьогодні, щоб було добре тобі та синам твоїм по тобі, і щоб ти продо́вжив дні на землі, що Господь, Бог твій, дає тобі на всі дні".
41 ၄၁ ထို့နောက်တစ်စုံတစ်ယောက်သည် မိမိ၏ရန်သူ မဖြစ်ခဲ့ဘူးသူကိုအမှတ်မဲ့သတ်မိသည့် အခါ ထွက်ပြေးခိုလှုံနိုင်သောမြို့သုံးမြို့ကို မောရှေသတ်မှတ်ပေးလေသည်။ ထိုသူသည် ထိုမြို့များအနက်မြို့တစ်မြို့သို့ထွက်ပြေး ၍ခိုလှုံလျှင် အသက်ချမ်းသာရာရမည် ဖြစ်သည်။-
Тоді виділив Мойсей три місті по той бік Йорда́ну на схід сонця,
щоб утікав туди убійник, що замордує свого ближнього ненароком, а він не був йому ворогом ні вчора, ані позавчора. І втече він до одно́го з цих міст, і буде жити:
43 ၄၃ ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
Бецер у пустині, у кра́ї рівниннім, Рувимовому, і Рамот у Ґілеаді Ґадовому, і Ґолан у Башані Манасіїному.
44 ၄၄ မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။-
І оце Зако́н, що Мойсей поклав перед Ізраїлевими синами,
45 ၄၅ သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-
оце свідо́цтва, і постанови, і зако́ни, що Мойсей говорив їх до Ізраїлевих синів при виході їх із Єгипту,
по той бік Йорда́ну в долині навпроти Бет-Пеору в краю́ Сигона, царя аморейського, що сидів у Хешбоні, якого побив Мойсей та Ізраїлеві сини при виході їх із Єгипту.
47 ၄၇ သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
І вони оволоділи краєм його та краєм Оґа, башанського царя, обох аморейських царів, що по той бік Йорда́ну на схід сонця,
48 ၄၈ ဣသရေလအမျိုးသားတို့သိမ်းပိုက်သော နယ်မြေသည် အာနုန်မြစ်အနီးရှိအာရော် မြို့မှဟေရမုန်ခေါ်စိယုန်တောင်အထိ ကျယ်ပြန့်လေသည်။-
від Ароеру, що над берегом арнонського потоку, і аж до гори Сіон, цебто Гермон,
49 ၄၉ ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။
і ввесь степ по тім боці Йорда́ну на схід і аж до моря сте́пу під узбі́ччям Пісґі.