< တရားဟောရာ 34 >
1 ၁ ထိုနောက်မောရှေသည်မောဘလွင်ပြင်မှ ယေရိ ခေါမြို့အရှေ့ဘက်ရှိနေဗောခေါ်ပိသဂါတောင် ထိပ်ပေါ်သို့တက်လေ၏။ ထိုအရပ်တွင်ထာဝရ ဘုရားသည် မြောက်ဘက်ရှိဒန်မြို့အထိကျယ် ပြန့်သောဂိလဒ်ပြည်နယ်၊-
၁ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊
2 ၂ နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊-
၂နဿလိပြည် တရှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊
3 ၃ ယုဒပြည်နယ်တောင်ပိုင်း၊ ဇောရမြို့မှစွန် ပလွံပင်မြို့ဟုခေါ်တွင်သော ယေရိခေါမြို့ အထိကျယ်ပြန့်သည့်လွင်ပြင်မှစ၍ တစ် ပြည်လုံးကိုမောရှေအားပြတော်မူ၏။-
၃တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။
4 ၄ ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။
၄ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။
5 ၅ သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။-
၅
6 ၆ ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။-
၆ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခု သောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။
7 ၇ မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။-
၇မောရှေသည် အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အား လည်း မလျော့သေး။
8 ၈ ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။
၈ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
9 ၉ မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။
၉မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ ရက်ကာလလွန်ပြီးမှ၊ နုန်၏သား ယောရှုသည် အထက်က မောရှေ၏ လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘော နှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကို နားထောင်လျက်၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။
10 ၁၀ ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
၁၀ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။
11 ၁၁ ထာဝရဘုရား၏စေလွှတ်ချက်အရမောရှေ သည် အီဂျစ်ပြည်ဘုရင်၊ မှူးမတ်များနှင့်ပြည်သူ အပေါင်းတို့ရှေ့တွင် အခြားမည်သည့်ပရောဖက် မျှမပြဘူးသောအံ့သြဖွယ်ရာများနှင့် နိမိတ် လက္ခဏာများကိုပြခဲ့လေသည်။-
၁၁
12 ၁၂ မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ရှေ့၌လည်း အခြားမည်သည့်ပရောဖက်မျှ မပြုလုပ်နိုင်သည့် အလွန်ကြောက်မက်ဖွယ် ကောင်းသောအမှုများကိုပြုလုပ်ခဲ့လေ သတည်း။ ရှင်မောရှေရေးထားသောတရားဟောရာကျမ်းပြီး၏။
၁၂