< တရားဟောရာ 33 >
1 ၁ ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
Uku ndiko kuropafadza kwaMozisi munhu waMwari kwaakataura kuvaIsraeri asati afa.
2 ၂ ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
Akati: “Jehovha akabva kuSinai akavabudira samambakwedza achibva kuSeiri; akapenya kubva paGomo reParani. Akauya nezviuru gumi zvavatsvene kubva rutivi rwezasi, kubva kumawere amakomo ake.
3 ၃ ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
Zvirokwazvo ndimi makada vanhu; vatsvene vose vari muruoko rwenyu. Patsoka dzenyu vose vanopfugama, uye kubva kwamuri vanogamuchira kurayirwa,
4 ၄ အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။
murayiro watakapiwa naMozisi, nhaka yeungano yaJakobho.
5 ၅ ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
Akanga ari mambo weJeshuruni vatungamiriri vavanhu pavakanga vakaungana, pamwe chete namarudzi aIsraeri.
6 ၆ ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''
“Rubheni ngaararame arege kufa, uye vanhu vake ngavarege kuva vashoma.”
7 ၇ ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''
Uye izvi ndizvo zvaakataura pamusoro paJudha: “Inzwai, imi Jehovha, kuchema kwaJudha; muuyisei kuvanhu vake. Namaoko ake acharwira mhaka yake. Haiwa, ivai mubatsiri wake pavavengi vake!”
8 ၈ လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
Pamusoro paRevhi akati, “Tumimi yenyu neUrimi yenyu ndezvomunhu wamunoda. Makamuedza paMasa; makarwa naye pamvura dzeMeribha.
9 ၉ သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
Akati pamusoro pababa namai vake, ‘Handivakudzi.’ Haana kurangarira hama dzake kana kuziva vana vake, asi akava mutariri weshoko renyu akachengetedza sungano yenyu.
10 ၁၀ သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
Anodzidzisa mitemo yenyu kuna Jakobho uye nemirayiro kuna Israeri. Achapa zvinonhuhwira pamberi penyu nezvipiriso zvose zvinopiswa paaritari yenyu.
11 ၁၁ အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''
Ropafadzai kubata kwake kwose, imi Jehovha, mugofadzwa namabasa amaoko ake. Paradzai zviuno zvaavo vanomumukira: rovai vavengi vake kusvikira vasisamukizve.”
12 ၁၂ ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
Pamusoro paBhenjamini akati: “Regai mudikanwa waJehovha agare norugare maari, nokuti anomudzivirira zuva rose, uye regai uyo anodikanwa naJehovha agare pakati pamapfudzi ake.”
13 ၁၃ ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊ မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။
Pamusoro paJosefa akati: “Jehovha ngaaropafadze nyika yake nedova rinokosha rokudenga kumusoro nemvura zhinji dzakadzika dziri pasi;
14 ၁၄ သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊ ရာသီအလိုက်ပေါ်သောအဖိုးတန်သစ်သီး တို့နှင့် ကြွယ်ဝပါစေသော။
nezvakanakisisa zvinouyiswa nezuva uye zvakaisvonaka zvinopiwa nomwedzi;
15 ၁၅ သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။
nezvipo zvakanakisisa zvokumakomo ekare uye nezvibereko zvemakomo okusingaperi;
16 ၁၆ မီးလျှံတောက်လောင်သောချုံထဲမှ မိန့်ကြားတော်မူသောထာဝရဘုရား ကောင်းချီးပေးတော်မူသောအားဖြင့်၊ သူတို့၏နယ်မြေမှအဖိုးတန်သီးနှံ များ ထွက်ပါစေသော။ ယောသပ်သည်သူ၏ညီအစ်ကိုတို့တွင် ခေါင်းဆောင် ဖြစ်သောကြောင့်သူ၏အနွယ်သည် ထိုကောင်းချီးမင်္ဂလာတို့ကိုခံစားရပါ စေသော။
nezvipo zvakanakisisa zvenyika nokuzara kwayo uye nenyasha dzake iye anogara mugwenzi rinopfuta. Zvose ngazvigare pamusoro waJosefa, pahuma yomuchinda pakati pehama dzake.
17 ၁၇ ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
Muumambo hwake anoita semhongora yenzombe; nyanga dzake dzakaita senyanga dzenyati. Nadzo achatunga ndudzi, kunyange vaya vari kumagumo enyika. Ava ndivo zviuru zvaManase.”
18 ၁၈ ဇာဗုလုန်နှင့်ဣသခါအနွယ်ကိုရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ဇာဗုလုန်အနွယ်သည်ပင်လယ်ခရီးဖြင့် ရောင်းဝယ်ဖောက်ကား၍စီးပွားတိုးတက်ပါစေ။ ဣသခါအနွယ်သည်မိမိတို့နယ်မြေအတွင်း၌ ဥစ္စာပစ္စည်းကြွယ်ဝပါစေ။
Pamusoro paZebhuruni akati: “Fara, iwe Zebhuruni, pakubuda kwako, newe Isakari mumatende ako.
19 ၁၉ သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက် ပူဇော်ထိုက်သောယဇ်များကိုပူဇော်ကြ၏။ သူတို့သည်ပင်လယ်မှလည်းကောင်း ကမ်းခြေတစ်လျှောက်ရှိသဲမှလည်းကောင်း ဥစ္စာဘဏ္ဍာများရရှိကြသည်။''
Vachadanira vanhu kumakomo uye ikoko vagopa zvibayiro zvokururama; vachaguta nezvizhinji zvamakungwa, nepfuma yakavigwa mujecha.”
20 ၂၀ ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဂဒ်အနွယ်၏နယ်မြေကိုကျယ်ဝန်းစေသော ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ဂဒ်အနွယ်သည်ခြင်္သေ့သဖွယ်လက်မောင်း သို့မဟုတ် ဦးခေါင်းခွံကိုကိုက်ဖြတ်ရန်ချောင်းနေ၏။
Pamusoro paGadhi akati: “Ngaaropafadzwe iye anokurisa nyika yaGadhi! Gadhi anogaramo seshumba, achibvambura ruoko kana musoro.
21 ၂၁ သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။''
Akazvisarudzira nyika yakanakisisa; mugove womutungamiri waakachengeterwa iye. Vakuru vavanhu pavakaungana, iye akaita kuda kwaJehovha kwakarurama, uye nokutonga kwake pamusoro paIsraeri.”
22 ၂၂ ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''
Pamusoro paDhani akati: “Dhani mwana weshumba, anokwakuka achibva muBhashani.”
23 ၂၃ နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``နဿလိအနွယ်သည်ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရ၏။ သူတို့၏နယ်မြေသည်ဂါလိလဲအိုင်မှ တောင်ဘက်အထိကျယ်ဝန်း၏။''
Pamusoro paNafutari akati: “Nafutari azere nenyasha dzaJehovha uye azere kuropafadza kwake: achatora nhaka nechezasi kugungwa.”
24 ၂၄ အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။ ``အာရှာအနွယ်သည်အခြားအနွယ်တို့ထက် ပို၍ကောင်းချီးမင်္ဂလာခံစားရ၏။ သူသည်ညီအစ်ကိုချင်းတို့တွင်မျက်နှာ ပွင့်လန်းဆုံးဖြစ်ပါစေ။ သူ၏နယ်မြေတွင်ဆီထွက်သောသံလွင်ပင် မြောက်မြားစွာဖြစ်ထွန်းပါစေ။
Pamusoro paAsheri akati: “Akaropafadzwa kupfuura vanakomana vose ndiAsheri: ngaadikanwe nehama dzake, uye ngaashambe tsoka dzake mumafuta.
25 ၂၅ သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
Zvipfigiso zvemasuo ako zvichava zvesimbi nendarira, uye simba rako richafanana namazuva ako.
26 ၂၆ ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။
“Hapana akafanana naMwari waJeshuruni, iye anotasva denga kuti akubatsire uye namakore muumambo hwake.
27 ၂၇ ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။
Mwari anogara nokusingaperi ndiye utiziro hwako, uye pasi pake pane maoko anogara nokusingaperi. Achadzinga vavengi vako kubva pamberi pako, achiti, ‘Muparadzei!’
28 ၂၈ သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။
Naizvozvo Israeri achagara murugare oga; tsime raJakobho rakachengetedzeka munyika yezviyo newaini itsva, ndiko kunodonhedzerwa dova nedenga.
29 ၂၉ ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
Wakaropafadzwa, iwe Israeri! Ndiani akafanana newe, rudzi rwakaponeswa naJehovha? Ndiye nhoo nomubatsiri wako uye nomunondo wako unobwinya. Vavengi vako vachazviisa pasi pako, uye iwe uchatsika-tsika nzvimbo dzavo dzakakwirira.”