< တရားဟောရာ 32 >

1 ``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။
Kia whai taringa mai, e nga rangi, a ka korero ahau; whakarongo mai hoki, e te whenua, ki nga kupu a toku mangai:
2 ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
Ka kopatapata iho taku whakaako, ano he ua, ka maturuturu iho taku kupu me te tomairangi; me te ua punehunehu ki runga i te tupu hou, me te ua ta ki runga i te tarutaru:
3 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။
No te mea ka kauwhautia e ahau te ingoa o Ihowa: waiho te nui i to tatou Atua.
4 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
Ko te Kamaka, tika tonu tana mahi; he whakarite tikanga nei hoki ona huarahi katoa: he Atua pono, kahore ona he, he tika, he tapatahi ia.
5 သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။
Kua mahi ratou i te kino ki a ia, ehara ratou i te tamariki nana, no ratou te koha; he whakatupuranga maro, parori ke ratou.
6 မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။
Ko ta koutou utu ianei tenei ki a Ihowa, e te iwi kuware, e kore nei e mohio? Ehara ianei ia i tou matua, nana koe i hoko? Nana koe i hanga, nana hoki koe i whakau?
7 ``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။
Kia mahara ki nga ra onamata, whakaarohia nga tau o nga whakatupuranga e maha: ui atu ki tou papa, a mana e whakaatu ki a koe; ki ou kaumatua, a ma ratou e korero ki a koe.
8 အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊ လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊ နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။
I ta te Runga Rawa whakaritenga kainga mo nga iwi, i tana wehewehenga i nga tama a te tangata, i whakaturia e ia nga rohe mo nga iwi, me te whakaaro ano ki te tokomaha o nga tama a Iharaira.
9 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။
Ko to Ihowa wahi hoki, ko tana iwi; ko Hakopa hei wahi pumau mona.
10 ၁၀ ``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
I kitea ia e ia ki te whenua koraha, ki te tahora tuhea e hamama kau ana; i taiwhiotia ia e ia, i atawhaitia, i tiakina hoki e ia, ano ko te whatupango o tona kanohi:
11 ၁၁ လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။
Ano he ekara e whakakorikori ana i tana ohanga, e whakapaho ana i runga i ana pi, e roharoha ana ia i ona parirau, e tango ana i a ratou, e waha ana hoki i a ratou i runga i ona parirau:
12 ၁၂ အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။
Na Ihowa anake ia i arahi, kahore hoki he atua ke i tona taha.
13 ၁၃ ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။
Nana hoki ia i whakaeke ki nga wahi tiketike o te whenua, hei hoiho mona, a i kai ia i nga hua o te mara; a nana ia i ngongo ai i te honi i roto i te kamaka, i te hinu hoki i roto i te kohatu kiripaka;
14 ၁၄ သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။
I te pata o te kau, i te waiu hipi, i te ngako reme, i nga hipi toa o te momo o Pahana, i nga koati, me te taupa o nga whatukuhu o te witi; a i inu koe i te waina, i te toto o te karepe.
15 ၁၅ ``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။
Nawai a ka whai kiko a Iehuruna, a whana mai ana: kua whai kiko koe, kua tetere, kua ki i te ngako; a whakarerea iho e ia te Atua nana ia i hanga, whakahawea ana ki te Kamaka o tona whakaoranga.
16 ၁၆ သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။
Na ratou i mea kia hae ia ki nga atua ke, whakapataritari ana ratou i a ia ki nga mea whakarihariha kia riri.
17 ၁၇ သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။
Ko a ratou patunga tapu i tapaea e ratou ma nga rewera, ehara nei i te Atua, ma nga atua kihai nei ratou i mohio, he mea puta hou ake nonaianei, kihai nei i wehingia e o koutou matua.
18 ၁၈ သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
Ko te Kamaka i whanau ai koe ka wareware i a koe, kahore hoki ou mahara ki a Atua nana koe i hanga.
19 ၁၉ ``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။
A ka kite a Ihowa, na anuanu ana ia ki a ratou, mo te mahi whakapataritari a ana tama, a ana tamahine.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။
Na ka mea, Ka huna ahau i toku mata i a ratou, ka titiro atu ahau he aha he mutunga mo ratou: he whakatupuranga parori ke hoki ratou, he tamariki kahore he pono i roto.
21 ၂၁ သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။
Na ratou ahau i mea kia hae ki te mea ehara i te Atua; i whakapataritari kia riri ki a ratou mea horihori: na maku ratou e mea kia hae ki te hunga ehara i te iwi; maku ratou e whakapataritari kia riri ki te iwi poauau.
22 ၂၂ ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။ (Sheol h7585)
Ka ngiha hoki te ahi i ahau e riri ana, ka toro atu ki te takere ra ano o te reinga, pau ake hoki te whenua, tahuna ana nga turanga o nga maunga. (Sheol h7585)
23 ၂၃ `` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။
Ka opehia e ahau nga kino ki runga ki a ratou; ka whakapotoa aku pere ki a ratou.
24 ၂၄ သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။ သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။ မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။
Ka hemo ratou i te matekai, ka pau hoki i te hana o te wera me te hunanga nui whakaharahara; maku hoki e tuku iho te niho o nga kararehe ki a ratou, me te huwhare whakamate o nga mea e ngoki ana i te puehu.
25 ၂၅ စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။ နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
Ko te hoari ki waho whakamate ai, ko te wehi ki roto i nga whare; mana e huna ngatahi te taitama me te taitamahine, te mea ngote u raua ko te tangata hina.
26 ၂၆ ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။
I mea ahau, ka whakamararatia ratou e ahau ki tawhiti, ka meinga e ahau kia mutu te mahara ki a ratou i roto i nga tangata:
27 ၂၇ သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'
Me i kahore ahau te wehi i te ngakau kino o te hoa whawhai, kei pohehe ona hoariri, kei mea ratou, Kua kake to tatou ringa, kahore ano hoki a Ihowa i mea i enei mea katoa.
28 ၂၈ ``ဣ​သ​ရေ​လ​လူ​မျိုး​သည်​စဉ်း​စား​ဉာဏ်​မ​ရှိ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။
He iwi whakaarokore hoki ratou, a kahore he mohio i roto i a ratou.
29 ၂၉ သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။
E, me i tupato ratou, me i mohio ki tenei, me i whakaaro ki to ratou mutunga iho!
30 ၃၀ လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။
Me pehea e whai ai te kotahi i te mano, e whati ai nga mano kotahi tekau i te tokorua, me i kahore ratou i hokona e to ratou Kamaka, i tukua atu hoki e Ihowa?
31 ၃၁ သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။
No te mea ehara to ratou kamaka i te penei me to tatou Kamaka, na o tatou hoariri nei ano te ki.
32 ၃၂ သူ​တို့​၏​ရန်​သူ​များ​သည်​သော​ဒုံ​မြို့​သား၊ ဂေါ​မော​ရ မြို့​သား​တို့​ကဲ့​သို့​အ​ကျင့်​ပျက်​လျက် ခါး​၍​အ​ဆိပ်​တောက်​သော​စ​ပျစ်​သီး​ကို​သီး​သည့် စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်းကောင်း၊
No te mea ko a ratou waina no te waina o Horoma, no nga mara hoki o Komora: ko a ratou karepe he karepe au kawa, ko a ratou tautau kakati ana:
33 ၃၃ မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။
Ko ta ratou waina ko te huwhare whakamate o nga tarakona, me te ware ngau kino o nga ahipi.
34 ၃၄ ``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။
Kahore ianei tenei i rongoatia ki roto ki ahau, i hiritia hoki ki waenga i aku taonga?
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။
Maku nga utu e rapu, maku hoki e ea ai, a te wa e paheke ai o ratou waewae: e tata ana hoki te ra e huna ai ratou, a kei te kaika mai nga mea i whakaritea mo ratou.
36 ၃၆ ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။
No te mea ka whakatika a Ihowa i ta tana iwi, ka aroha hoki ki ana pononga; ina kite ia kua riro to ratou kaha, a kahore he mea i toe, i tutakina ki roto, i waiho atu ranei ki waho.
37 ၃၇ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား `သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။
A ka mea ia, Kei hea o ratou atua, te kamaka i okioki atu ai ratou;
38 ၃၈ သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။ အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။
I kai nei i te ngako o a ratou patunga tapu, i inu hoki i te waina o a ratou ringihanga? Me whakatika ratou ki te awhina i a koutou, kia ai hoki ratou hei kuhunga atu mo koutou.
39 ၃၉ `` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။
Na titiro, ko ahau, ina ko ahau ia, kahore hoki he atua i toku taha: e whakamate ana ahau, a e whakaora ana; i tukitukia e ahau, ko ahau ano e whakamahu ana: kahore hoki he tangata e ora ai tetahi i toku ringa.
40 ၄၀ ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။
No te mea e totoro atu ana toku ringa ki te rangi, me taku ki ano, I ahau e ora tonu nei,
41 ၄၁ ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။
Ki te whakakoia e ahau taku hoari kanapanapa, a ka mau toku ringa ki te whakariterite; ka whakahokia atu e ahau he utu ki oku hoariri, ka ea hoki i ahau ta te hunga e kino ana ki ahau.
42 ၄၂ ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'
Ka whakahaurangitia e ahau aku pere ki te toto, a ka kai taku hoari i te kikokiko; ki te toto o te hunga i patua, o nga herehere, no te mahunga o nga rangatira o te hoariri.
43 ၄၃ ``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''
Kia hari tahi, e nga tauiwi, me tana iwi: ka takitakina hoki e ia te toto o ana pononga, a ka whakahokia he utu ki ona hoariri, ka whakamarie ano ki tona whenua, ki tana iwi.
44 ၄၄ မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။
Na ka haere mai a Mohi, ka korero i nga kupu katoa o tenei waiata ki nga taringa o te iwi, a ia, me Hohua, me te tama a Nunu.
45 ၄၅ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-
A ka mutu ta Mohi korero i enei kupu katoa ki a Iharaira katoa:
46 ၄၆ ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-
Na ka mea ia ki a ratou, Kia anga mai o koutou ngakau ki nga kupu katoa e kauwhautia atu nei e ahau ki a koutou i tenei ra; hei whakahau atu ma koutou ki a koutou tamariki kia puritia, kia mahia, nga kupu katoa o tenei ture.
47 ၄၇ ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။
No te mea ehara tenei i te mea noa iho ki a koutou; ko to koutou oranga hoki ia, a ma tenei mea e roa ai o koutou ra ki te whenua ka whiti atu nei koutou i Horano ki reira ki te tango.
48 ၄၈ ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
I korero ano a Ihowa ki a Mohi i taua tino rangi ano, i mea,
49 ၄၉ ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-
E piki koe i tenei maunga, i Aparimi, ki Maunga Nepo, i te whenua o Moapa, e anga atu ana ki Heriko; ka titiro atu ki te whenua o Kanaana e hoatu nei e ahau ki nga tama a Iharaira hei kainga:
50 ၅၀ သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-
A e mate koe ki runga ki te maunga e piki atu na koe, ka kohia hoki ki tou iwi; ka peratia me Arona, me tou tuakana, i mate ra ki Maunga Horo, a kohia atu ana ki tona iwi:
51 ၅၁ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-
Mo korua hoki i hara ki ahau i waenganui o nga tama a Iharaira i nga wai o Meripa, i Karehe, i te koraha o Hini; mo korua kihai i whakatapu i ahau i waenganui o nga tama a Iharaira.
52 ၅၂ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
Heoi ka kite koe i te whenua i mua i tou aroaro; otiia e kore koe e tae ki reira, ki te whenua e hoatu ana e ahau mo nga tama a Iharaira.

< တရားဟောရာ 32 >