< တရားဟောရာ 32 >
1 ၁ ``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
Anokilaño ravembia ry likerañeo, le hivolan-draho; Janjiño ry tane toy o entam-bavakoo.
2 ၂ ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
Ee te himiamia manahake ty fiavi’ i orañey o tarokoo, le hitsopatsopake hoe zono o rehakoo, hambañe ami’ty fimitemiteha’e amo ahetseo naho ty finiziniziha’e amo rongoñeo.
3 ၃ ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။
Fa ho tseizeko ty tahina’ Iehovà, onjono ty hara’elahi’ i Andrianañaharen-tikañey.
4 ၄ ``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။ အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။ သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
I Lamilamiy: Fiaintane o fitoloña’eo, hene marentane o lala’eo: Andrianañahare migahiñe tsy aman-tahy, vañoñe naho vantañe.
5 ၅ သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
Fa nanoa’iareo hamengohañe, toe tsy ana’e ty amy hila’ iareo, ty tariratse vìlañe naho mengoke tia.
6 ၆ မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကို ဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။ သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။
Izay hao ty añavaha’ areo am’ Iehovà ry dagola, ry ondaty tsi-mahilalao? tsy ie hao ty Rae’o nivily azo? Tsy ie hao ty nitsene azo, vaho nañoreñ’ azo?
7 ၇ ``လွန်လေပြီသောအတိတ်ကာလကို သတိရလော့။ ဖြစ်ပျက်ခဲ့သမျှကိုသင်တို့၏ဖခင်တို့အား မေးစမ်းကြည့်လော့။ အသက်ကြီးသူတို့အားရှေးဖြစ်ဟောင်းကို ပြောပြစေလော့။
Tiahio o andro haehaeo; haraharao o taon-tariratse tsi-efao, añontaneo aman-drae’o hanoroa’e, naho aman-androanavi’o hitaroña’iareo.
8 ၈ အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း သတ်မှတ်ပေးတော်မူသောအခါ၊ နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။
Ie zinara’ i Andindimoneñey amo rofokoo ty lova’ iareo; naho naparaita’e o ana’ i Dameo, le nefetsefere’e ty ami’ty ia’ o ana’ Israeleo.
9 ၉ သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
Fa anjara’ Iehovà ondati’eo; Iakobe ro anjara’ lova’e.
10 ၁၀ ``ကိုယ်တော်သည်သူတို့ကိုလေထန်သော တောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊ မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
Nifanendrek’ama’e an-diolio añe re, am-babangoañe mangoañe mangolalaik’ ao; nohoñe’e naho niatrak’aze, nambena’e hoe t’ie saintem-pihaino’e.
11 ၁၁ လင်းယုန်ငှက်သည်သားငယ်များကို အပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။
Hoe vantio mitsobore ty traño’e, mihefahefa ambone’ o ana’eo, akopakopa’e o ela’eo, vaho rambese’e añ’ela’eo,
12 ၁၂ အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။
Iehovà avao ty niaolo aze, ie tsy ama‘ndrahare ila’e.
13 ၁၃ ``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍ လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။ သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ ကျောက်ပေါများသောမြေတွင်ပေါက်သော သံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။
Nampijoñe’e ambonen-kaboa’ ty tane toy, le nihinana’e ty voka’ o tetekeo; nampininihe’e tantele an-tevañe ao, naho menake am-bato-paik’ ao;
14 ၁၄ သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။ မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍ မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။
Habobon’añombe naho rononon’ose, ty safom-bik’ añondry, le ty kobatron- dia-rain-tirim-Basaneo, o ose-lahio reketse ty safom-boam-bare-bolè; aman-diom-baloboke ty ninoma’o divay mamore.
15 ၁၅ ``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
Fe niha-vondrake t’Iesorone le nikambia; niha-vondrake irehe, niha-mateve, vaho nisometsètse; napo’e t’i Andrianañahare nitsene aze, namoea’e i Lamilamim-pandrombahañ’azey.
16 ၁၆ သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့် ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။
Nitrabihe’ iareo, hamarahia’e o ‘ndrahare ila’eo, nanikisiky aze an-draha tiva.
17 ၁၇ သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
Nisoroña’ iereo amo kokolampao, amo ndrahare tsi’ieo ‘ndrahare tsy nifohi’ iareo, ‘ndrahare vaho niboak’ aniany tsy nampañeveñe an-droae’ areo.
18 ၁၈ သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊ မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
Namoea’o ty Lamilamy nampiareñe azo, nandikofa’o t’i Andrianañahare niolakolak’ am-pitsongoañe azo.
19 ၁၉ ``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊ မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။
Ie nivazohoe’ Iehovà, le niambohoa’e, ami’ty fanigiha’ o ana-dahi’eo naho o anak’ampela’eo.
20 ၂၀ ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
Le hoe re: Haetako am’ iereo ty tareheko, ho treako ty fimodoa’ iareo, fa tariratse mengoke, ajaja tsy atokisañe.
21 ၂၁ သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
Nampamarahy ahiko iereo, amo ‘ndrahare tsie’eo; sigi’ iareo amo samposampon-drahao ty habosehako aa le hampamarahieko ondati-tsie iereo; hampisigiheko foko mengoke.
22 ၂၂ ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။ (Sheol )
Afo misolebotse ty an-doakoroko ao, mamorototo pak’ an-tsikeokeom-paha-sive ao, ampangotomomohe’e ty tane toy naho o vorohota’eo, ampirehete’e o faham-bohitseo. (Sheol )
23 ၂၃ `` `ငါသည်သူတို့အားဘေးဒဏ်များကို အဆက်မပြတ်တွေ့ကြုံစေမည်။ ငါ၏မြားကုန်စင်အောင်သူတို့ကိုပစ်ခွင်းမည်။
Hañoboñako hekoheko, Ho kapaiheko am’ iereo o ana-palekoo.
24 ၂၄ သူတို့သည်ငတ်မွတ်၊ဖျားနာ၍သေကြလိမ့်မည်။ ကြောက်မက်ဖွယ်သောရောဂါများဖြင့် သေဆုံးကြလိမ့်မည်။ သားရဲတိရစ္ဆာန်တို့သည်သူတို့ကို ကိုက်ဖြတ်လိမ့်မည်။ မြွေဆိုးတို့သည်သူတို့ကိုကိုက်လိမ့်မည်။
Ho sihe’ ty halimpoañe iereo, habotse’ ty lel-afo; naho ty harotsahañe mafaitse. Hiraheko ama’e ty famotsim-biby, ty vorehe’ o milaly an-debokeo.
25 ၂၅ စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
Hampandala ty fibara o alafe’eo, firevendreveñañe ty añate ao songa zamane’e ty ajalahy naho ty tomoenono, ty anak’ajaja, vaho ty androanavy ama-maroi-foty.
26 ၂၆ ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။
Nataoko ho nampimodoeko, vaho ho najiheko am’ondatio ty faniahiañe iareo.
27 ၂၇ သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့် ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။'
Fe nimahimahiñeko ty fiforoforon-drafelahi’e, hera ho hafa hente o malaiñe iareoo, kera hanao ty hoe: Ty fità’ay ro abo, fa tsy: Iehovà ty nanao ie iaby zao.
28 ၂၈ ``ဣသရေလလူမျိုးသည်စဉ်းစားဉာဏ်မရှိ၊ အသိဉာဏ်ကင်းမဲ့ကြ၏။
Fifeheañe po-anatse iereo, toe ondaty po-faharendrehañe.
29 ၂၉ သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။
Ee t’ie ho nahihitse, soa te ho naharendreke, le ho nitsikarahe’iareo ty figadoña’e.
30 ၃၀ လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
Akore ty hañinjafa’ ty raike ty arivo, ty hampivoratsahe’ ty roe ty aman’ale’e, naho tsy naleta’ i Lamilami’ iareoy, naho tsy Iehovà ty nanese iereo?
31 ၃၁ သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
Toe tsy i Lamilami’aiy ty vato’ iareo, ndra o rafelahi’aio ro mahatsikarake izay.
32 ၃၂ သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက် ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊
Boak’ am-bahe’ i Sedome ty vahe’ iareo, boak’an-tete’ i Amorà ao; valòbok’ afero ty valòbo’ iareo, mafaitse ty angaroza’ iareo;
33 ၃၃ မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။
vorem-pañaneñe ty divai’ iareo ty voren-kankàm-pandrefeala.
34 ၃၄ ``ထာဝရဘုရားသည်သူတို့၏ရန်သူများ ပြုလုပ်သမျှကိုသိမြင်တော်မူသဖြင့်၊ သူတို့အားဒဏ်ခတ်ရန်အချိန်ကိုစောင့်ဆိုင်း နေတော်မူ၏။
Tsy mihaja amako ao hao zao? he mihily an-korojiko ao?
35 ၃၅ ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
Ahiko o vale-fateo naho ty avake; mbe hibolatitse o fandia’ iareoo, fa antitotse ty andron-kankà’ iareo, vaho malisa ty fihelaña’ o hifetsak’ am’iereoo.
36 ၃၆ ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။
Iehovà ty hizaka ondati’eo le hiferenaiña’e o mpitoro’eo ie vazoho’e te ritse ty haozara’e naho tsy aman-tsehanga’e, ke ty mirohy he ty midada;
37 ၃၇ ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား `သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
Le hanao ty hoe re: Aia o ndrahare’ iareoo, i vato niatoa’ iareoy?
38 ၃၈ သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။ အမြန်ကြွလာ၍ကယ်တင်ပါလေစေ။
Ia ty nilintseñe ty safom-pisoroña’ iareo, naho nigenoke ty divain-enga rano’e? angao hitroatse iereo hañolora’e anahareo. Apoho re ho fitsoloha’ iareo.
39 ၃၉ `` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
Inao te izaho, izaho avao ro ie, tsy ama’ ndrahare hatovoñ’ahy: izaho ty mamono, izaho ty mameloñe; mandratse iraho le mañamelañe; tsy eo ty mahasintoñe ty an-tañako.
40 ၄၀ ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
Aonjoko mb’andikerañe ey ty tañako manao ty hoe, veloñe nainai’e iraho.
41 ၄၁ ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
Ie sioñeko i fibarako mipelatsey, naho mandrambe zaka ty tañako; le ho valeako o rafelahikoo, vaho hondroheko o malaiñ’ Ahikoo.
42 ၄၂ ငါ၏မြားများတွင်သူတို့၏သွေးစက်စီး ကျလိမ့်မည်။ ငါ၏သန်လျက်သည်ငါ့အားဆန့်ကျင်သူ ရှိသမျှတို့ကိုသုတ်သင်လိမ့်မည်။ ငါ့ကိုရန်ဖက်ပြုသူတို့အားတစ်ယောက်မကျန် အဆုံးစီရင်မည်။ ဒဏ်ရာရသူနှင့်သုံ့ပန်းများပင်လျှင် သေဆုံးရလိမ့်မည်။'
Ho mamoeko an-dio o ana-palekoo, le hamotseke nofotse ty fibarako; ty lio’ o zinamañeo naho o an-drohio; boak’ an-doha miogogo’ o mpiaolo’ i rafelahiio.
43 ၄၃ ``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
Ipoñafo sabo ondati’eo, ry kilakila ondaty, fa ho valea’e fate ty lio’ o mpitoro’eo, le havaha’e an-keloke o rafelahi’eo, vaho ho jebañe’e ty tane ondati’eo.
44 ၄၄ မောရှေနှင့်နုန်၏သားယောရှုတို့သည်ဣသ ရေလအမျိုးသားတို့ကြားနိုင်လောက်အောင် ဤသီချင်းကိုရွတ်ဆိုကြလေသည်။
Nimb’eo amy zao t’i Mosè vaho hene nisaontsie’e an-tsabo an-dravembia’ ondatio i tsara zay, ie naho Iehosoa ana’ i None.
45 ၄၅ မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့အား ဘုရားသခင်၏မိန့်မှာချက်များကို ဆင့်ဆိုပြီးနောက်ဆက်လက်၍၊-
Aa ie nagado’ i Mosè i hene fitaroña’e am’ Israele rezay,
46 ၄၆ ``သင်တို့အားငါယနေ့ပေးသမျှသောပညတ် တို့ကိုစောင့်ထိန်းကြလော့။ သင်တို့၏သားသမီး တို့သည်လည်း ဘုရားသခင်၏ပညတ်ရှိသမျှ ကို တစ်သဝေမတိမ်းလိုက်လျှောက်စေရန်သွန် သင်လော့။-
le hoe re am’ iereo: Fonga faharo añ’ arofo’ areo ao ze tsara taroñeko androany, le ampañambeno o amori’ areoo o hene enta’ ty Hake toio, hañorike ze hene tsara amy Hake ao.
47 ၄၇ ဤပညတ်များသည်အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင် တို့သည်ဤပညတ်တို့ကိုစောင့်ထိန်းလျှင်ယော်ဒန် မြစ်တစ်ဖက်ရှိသင်တို့ဝင်ရောက်မည့်ပြည်တွင် ကြာရှည်စွာနေထိုင်ရကြလိမ့်မည်'' ဟုမှာ ကြားလေသည်။
Ko atao’ areo ho tsara kafoake ama’ areo, amy t’ie o havelo’ areoo, le ama’e ty hahalava andro anahareo amy tane añaveloa’ areo ampitsahañe Iardeney hitavana’ areoy.
48 ၄၈ ထိုနေ့၌ပင်ထာဝရဘုရားကမောရှေအား၊-
Le hoe ty nitsara’ Iehovà amy Mosè amy andro zay.
49 ၄၉ ``ယေရိခေါမြို့တစ်ဘက်မောဘပြည်ရှိအာဗ ရိမ်တောင်တန်းသို့သွား၍ နေဗောတောင်ထိပ်ပေါ် သို့တက်လော့။ ထိုတောင်ထိပ်ပေါ်မှနေ၍ ဣသရေ လအမျိုးသားတို့အား ငါပေးမည့်ခါနာန်ပြည် ကိုမြော်ကြည့်လော့။-
Mañambonea mb’am-bohitse Avarime mb’eo pak’ am-bohi-Nebo an-tane’ i Moabe tandrife Ieriko añe; le isaho ty tane’ Kanàne atoloko amo ana’ Israeleo ho fanañañe;
50 ၅၀ သင်၏အစ်ကိုအာရုန်သည်ဟောရတောင်ပေါ် တွင် အနိစ္စရောက်ရသည့်နည်းတူ သင်သည်လည်း ထိုတောင်ပေါ်၌အနိစ္စရောက်ရမည်။-
le mihomaha amy vohitse itroara’oy, hitontona’o am’ondati’oo, hambañe ami’ty nivetraha’ i Aharone, rahalahi’o e Hore añe vaho nifanontoñe am’ondati’eo;
51 ၅၁ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရရှိကာဒေရှမြို့အနီး မေရိဘစမ်းသို့ရောက်စဉ်အခါက ဣသ ရေလအမျိုးသားတို့ရှေ့တွင် ငါ့အားမရို မသေပြုကြသောကြောင့်ဖြစ်၏။-
amy t’ie nandilatse amako añivo’ o ana’ Israeleo an-drano’ i Meribà-Kadese eo, an-dratraratra’ i Zine añe; izaho tsy navahe’o añivo’ o ana’ Israeleo.
52 ၅၂ သင်သည်ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကိုမဝင်ရဘဲ အဝေးမှ မြင်ရုံသာမြင်ရမည်'' ဟုမိန့်တော်မူ၏။
Ho talake’o eñe i taney, fe tsy homba’o o tane atoloko amo ana’ Israeleoo.