< တရားဟောရာ 32 >

1 ``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။
הַאֲזִ֥ינוּ הַשָּׁמַ֖יִם וַאֲדַבֵּ֑רָה וְתִשְׁמַ֥ע הָאָ֖רֶץ אִמְרֵי־פִֽי׃
2 ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
יַעֲרֹ֤ף כַּמָּטָר֙ לִקְחִ֔י תִּזַּ֥ל כַּטַּ֖ל אִמְרָתִ֑י כִּשְׂעִירִ֣ם עֲלֵי־דֶ֔שֶׁא וְכִרְבִיבִ֖ים עֲלֵי־עֵֽשֶׂב׃
3 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။
כִּ֛י שֵׁ֥ם יְהוָ֖ה אֶקְרָ֑א הָב֥וּ גֹ֖דֶל לֵאלֹהֵֽינוּ׃
4 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
הַצּוּר֙ תָּמִ֣ים פָּעֳלֹ֔ו כִּ֥י כָל־דְּרָכָ֖יו מִשְׁפָּ֑ט אֵ֤ל אֱמוּנָה֙ וְאֵ֣ין עָ֔וֶל צַדִּ֥יק וְיָשָׁ֖ר הֽוּא׃
5 သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။
שִׁחֵ֥ת לֹ֛ו לֹ֖א בָּנָ֣יו מוּמָ֑ם דֹּ֥ור עִקֵּ֖שׁ וּפְתַלְתֹּֽל׃
6 မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။
הֲ־לַיְהוָה֙ תִּגְמְלוּ־זֹ֔את עַ֥ם נָבָ֖ל וְלֹ֣א חָכָ֑ם הֲלֹוא־הוּא֙ אָבִ֣יךָ קָּנֶ֔ךָ ה֥וּא עָֽשְׂךָ֖ וַֽיְכֹנְנֶֽךָ׃
7 ``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။
זְכֹר֙ יְמֹ֣ות עֹולָ֔ם בִּ֖ינוּ שְׁנֹ֣ות דֹּור־וָדֹ֑ור שְׁאַ֤ל אָבִ֙יךָ֙ וְיַגֵּ֔דְךָ זְקֵנֶ֖יךָ וְיֹ֥אמְרוּ לָֽךְ׃
8 အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊ လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊ နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။
בְּהַנְחֵ֤ל עֶלְיֹון֙ גֹּויִ֔ם בְּהַפְרִידֹ֖ו בְּנֵ֣י אָדָ֑ם יַצֵּב֙ גְּבֻלֹ֣ת עַמִּ֔ים לְמִסְפַּ֖ר בְּנֵ֥י יִשְׂרָאֵֽל׃
9 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။
כִּ֛י חֵ֥לֶק יְהֹוָ֖ה עַמֹּ֑ו יַעֲקֹ֖ב חֶ֥בֶל נַחֲלָתֹֽו׃
10 ၁၀ ``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
יִמְצָאֵ֙הוּ֙ בְּאֶ֣רֶץ מִדְבָּ֔ר וּבְתֹ֖הוּ יְלֵ֣ל יְשִׁמֹ֑ן יְסֹֽבְבֶ֙נְהוּ֙ יְבֹ֣ונְנֵ֔הוּ יִצְּרֶ֖נְהוּ כְּאִישֹׁ֥ון עֵינֹֽו׃
11 ၁၁ လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။
כְּנֶ֙שֶׁר֙ יָעִ֣יר קִנֹּ֔ו עַל־גֹּוזָלָ֖יו יְרַחֵ֑ף יִפְרֹ֤שׂ כְּנָפָיו֙ יִקָּחֵ֔הוּ יִשָּׂאֵ֖הוּ עַל־אֶבְרָתֹֽו׃
12 ၁၂ အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။
יְהוָ֖ה בָּדָ֣ד יַנְחֶ֑נּוּ וְאֵ֥ין עִמֹּ֖ו אֵ֥ל נֵכָֽר׃
13 ၁၃ ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။
יַרְכִּבֵ֙הוּ֙ עַל־בָּמֹותֵי (בָּ֣מֳתֵי) אָ֔רֶץ וַיֹּאכַ֖ל תְּנוּבֹ֣ת שָׂדָ֑י וַיֵּנִקֵ֤הֽוּ דְבַשׁ֙ מִסֶּ֔לַע וְשֶׁ֖מֶן מֵחַלְמִ֥ישׁ צֽוּר׃
14 ၁၄ သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။
חֶמְאַ֨ת בָּקָ֜ר וַחֲלֵ֣ב צֹ֗אן עִם־חֵ֨לֶב כָּרִ֜ים וְאֵילִ֤ים בְּנֵֽי־בָשָׁן֙ וְעַתּוּדִ֔ים עִם־חֵ֖לֶב כִּלְיֹ֣ות חִטָּ֑ה וְדַם־עֵנָ֖ב תִּשְׁתֶּה־חָֽמֶר׃
15 ၁၅ ``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။
וַיִּשְׁמַ֤ן יְשֻׁרוּן֙ וַיִּבְעָ֔ט שָׁמַ֖נְתָּ עָבִ֣יתָ כָּשִׂ֑יתָ וַיִּטֹּשׁ֙ אֱלֹ֣והַ עָשָׂ֔הוּ וַיְנַבֵּ֖ל צ֥וּר יְשֻׁעָתֹֽו׃
16 ၁၆ သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။
יַקְנִאֻ֖הוּ בְּזָרִ֑ים בְּתֹועֵבֹ֖ת יַכְעִיסֻֽהוּ׃
17 ၁၇ သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။
יִזְבְּח֗וּ לַשֵּׁדִים֙ לֹ֣א אֱלֹ֔הַ אֱלֹהִ֖ים לֹ֣א יְדָע֑וּם חֲדָשִׁים֙ מִקָּרֹ֣ב בָּ֔אוּ לֹ֥א שְׂעָר֖וּם אֲבֹתֵיכֶֽם׃
18 ၁၈ သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
צ֥וּר יְלָדְךָ֖ תֶּ֑שִׁי וַתִּשְׁכַּ֖ח אֵ֥ל מְחֹלְלֶֽךָ׃
19 ၁၉ ``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။
וַיַּ֥רְא יְהוָ֖ה וַיִּנְאָ֑ץ מִכַּ֥עַס בָּנָ֖יו וּבְנֹתָֽיו׃
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။
וַיֹּ֗אמֶר אַסְתִּ֤ירָה פָנַי֙ מֵהֶ֔ם אֶרְאֶ֖ה מָ֣ה אַחֲרִיתָ֑ם כִּ֣י דֹ֤ור תַּהְפֻּכֹת֙ הֵ֔מָּה בָּנִ֖ים לֹא־אֵמֻ֥ן בָּֽם׃
21 ၂၁ သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။
הֵ֚ם קִנְא֣וּנִי בְלֹא־אֵ֔ל כִּעֲס֖וּנִי בְּהַבְלֵיהֶ֑ם וַאֲנִי֙ אַקְנִיאֵ֣ם בְּלֹא־עָ֔ם בְּגֹ֥וי נָבָ֖ל אַכְעִיסֵֽם׃
22 ၂၂ ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။ (Sheol h7585)
כִּי־אֵשׁ֙ קָדְחָ֣ה בְאַפִּ֔י וַתִּיקַ֖ד עַד־שְׁאֹ֣ול תַּחְתִּ֑ית וַתֹּ֤אכַל אֶ֙רֶץ֙ וִֽיבֻלָ֔הּ וַתְּלַהֵ֖ט מֹוסְדֵ֥י הָרִֽים׃ (Sheol h7585)
23 ၂၃ `` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။
אַסְפֶּ֥ה עָלֵ֖ימֹו רָעֹ֑ות חִצַּ֖י אֲכַלֶּה־בָּֽם׃
24 ၂၄ သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။ သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။ မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။
מְזֵ֥י רָעָ֛ב וּלְחֻ֥מֵי רֶ֖שֶׁף וְקֶ֣טֶב מְרִירִ֑י וְשֶׁן־בְּהֵמֹות֙ אֲשַׁלַּח־בָּ֔ם עִם־חֲמַ֖ת זֹחֲלֵ֥י עָפָֽר׃
25 ၂၅ စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။ နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
מִחוּץ֙ תְּשַׁכֶּל־חֶ֔רֶב וּמֵחֲדָרִ֖ים אֵימָ֑ה גַּם־בָּחוּר֙ גַּם־בְּתוּלָ֔ה יֹונֵ֖ק עִם־אִ֥ישׁ שֵׂיבָֽה׃
26 ၂၆ ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။
אָמַ֖רְתִּי אַפְאֵיהֶ֑ם אַשְׁבִּ֥יתָה מֵאֱנֹ֖ושׁ זִכְרָֽם׃
27 ၂၇ သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'
לוּלֵ֗י כַּ֤עַס אֹויֵב֙ אָג֔וּר פֶּֽן־יְנַכְּר֖וּ צָרֵ֑ימֹו פֶּן־יֹֽאמְרוּ֙ יָדֵ֣ינוּ רָ֔מָה וְלֹ֥א יְהוָ֖ה פָּעַ֥ל כָּל־זֹֽאת׃
28 ၂၈ ``ဣ​သ​ရေ​လ​လူ​မျိုး​သည်​စဉ်း​စား​ဉာဏ်​မ​ရှိ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။
כִּי־גֹ֛וי אֹבַ֥ד עֵצֹ֖ות הֵ֑מָּה וְאֵ֥ין בָּהֶ֖ם תְּבוּנָֽה׃
29 ၂၉ သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။
ל֥וּ חָכְמ֖וּ יַשְׂכִּ֣ילוּ זֹ֑את יָבִ֖ינוּ לְאַחֲרִיתָֽם׃
30 ၃၀ လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။
אֵיכָ֞ה יִרְדֹּ֤ף אֶחָד֙ אֶ֔לֶף וּשְׁנַ֖יִם יָנִ֣יסוּ רְבָבָ֑ה אִם־לֹא֙ כִּי־צוּרָ֣ם מְכָרָ֔ם וַֽיהוָ֖ה הִסְגִּירָֽם׃
31 ၃၁ သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။
כִּ֛י לֹ֥א כְצוּרֵ֖נוּ צוּרָ֑ם וְאֹיְבֵ֖ינוּ פְּלִילִֽים׃
32 ၃၂ သူ​တို့​၏​ရန်​သူ​များ​သည်​သော​ဒုံ​မြို့​သား၊ ဂေါ​မော​ရ မြို့​သား​တို့​ကဲ့​သို့​အ​ကျင့်​ပျက်​လျက် ခါး​၍​အ​ဆိပ်​တောက်​သော​စ​ပျစ်​သီး​ကို​သီး​သည့် စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်းကောင်း၊
כִּֽי־מִגֶּ֤פֶן סְדֹם֙ גַּפְנָ֔ם וּמִשַּׁדְמֹ֖ת עֲמֹרָ֑ה עֲנָבֵ֙מֹו֙ עִנְּבֵי־רֹ֔ושׁ אַשְׁכְּלֹ֥ת מְרֹרֹ֖ת לָֽמֹו׃
33 ၃၃ မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။
חֲמַ֥ת תַּנִּינִ֖ם יֵינָ֑ם וְרֹ֥אשׁ פְּתָנִ֖ים אַכְזָֽר׃
34 ၃၄ ``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။
הֲלֹא־ה֖וּא כָּמֻ֣ס עִמָּדִ֑י חָתֻ֖ם בְּאֹוצְרֹתָֽי׃
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။
לִ֤י נָקָם֙ וְשִׁלֵּ֔ם לְעֵ֖ת תָּמ֣וּט רַגְלָ֑ם כִּ֤י קָרֹוב֙ יֹ֣ום אֵידָ֔ם וְחָ֖שׁ עֲתִדֹ֥ת לָֽמֹו׃
36 ၃၆ ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။
כִּֽי־יָדִ֤ין יְהוָה֙ עַמֹּ֔ו וְעַל־עֲבָדָ֖יו יִתְנֶחָ֑ם כִּ֤י יִרְאֶה֙ כִּי־אָ֣זְלַת יָ֔ד וְאֶ֖פֶס עָצ֥וּר וְעָזֽוּב׃
37 ၃၇ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား `သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။
וְאָמַ֖ר אֵ֣י אֱלֹהֵ֑ימֹו צ֖וּר חָסָ֥יוּ בֹֽו׃
38 ၃၈ သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။ အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။
אֲשֶׁ֨ר חֵ֤לֶב זְבָחֵ֙ימֹו֙ יֹאכֵ֔לוּ יִשְׁתּ֖וּ יֵ֣ין נְסִיכָ֑ם יָק֙וּמוּ֙ וְיַעְזְרֻכֶ֔ם יְהִ֥י עֲלֵיכֶ֖ם סִתְרָֽה׃
39 ၃၉ `` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။
רְא֣וּ ׀ עַתָּ֗ה כִּ֣י אֲנִ֤י אֲנִי֙ ה֔וּא וְאֵ֥ין אֱלֹהִ֖ים עִמָּדִ֑י אֲנִ֧י אָמִ֣ית וַאֲחַיֶּ֗ה מָחַ֙צְתִּי֙ וַאֲנִ֣י אֶרְפָּ֔א וְאֵ֥ין מִיָּדִ֖י מַצִּֽיל׃
40 ၄၀ ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။
כִּֽי־אֶשָּׂ֥א אֶל־שָׁמַ֖יִם יָדִ֑י וְאָמַ֕רְתִּי חַ֥י אָנֹכִ֖י לְעֹלָֽם׃
41 ၄၁ ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။
אִם־שַׁנֹּותִי֙ בְּרַ֣ק חַרְבִּ֔י וְתֹאחֵ֥ז בְּמִשְׁפָּ֖ט יָדִ֑י אָשִׁ֤יב נָקָם֙ לְצָרָ֔י וְלִמְשַׂנְאַ֖י אֲשַׁלֵּֽם׃
42 ၄၂ ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'
אַשְׁכִּ֤יר חִצַּי֙ מִדָּ֔ם וְחַרְבִּ֖י תֹּאכַ֣ל בָּשָׂ֑ר מִדַּ֤ם חָלָל֙ וְשִׁבְיָ֔ה מֵרֹ֖אשׁ פַּרְעֹ֥ות אֹויֵֽב׃
43 ၄၃ ``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''
הַרְנִ֤ינוּ גֹויִם֙ עַמֹּ֔ו כִּ֥י דַם־עֲבָדָ֖יו יִקֹּ֑ום וְנָקָם֙ יָשִׁ֣יב לְצָרָ֔יו וְכִפֶּ֥ר אַדְמָתֹ֖ו עַמֹּֽו׃ פ
44 ၄၄ မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။
וַיָּבֹ֣א מֹשֶׁ֗ה וַיְדַבֵּ֛ר אֶת־כָּל־דִּבְרֵ֥י הַשִּׁירָֽה־הַזֹּ֖את בְּאָזְנֵ֣י הָעָ֑ם ה֖וּא וְהֹושֵׁ֥עַ בִּן־נֽוּן׃
45 ၄၅ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-
וַיְכַ֣ל מֹשֶׁ֗ה לְדַבֵּ֛ר אֶת־כָּל־הַדְּבָרִ֥ים הָאֵ֖לֶּה אֶל־כָּל־יִשְׂרָאֵֽל׃
46 ၄၆ ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-
וַיֹּ֤אמֶר אֲלֵהֶם֙ שִׂ֣ימוּ לְבַבְכֶ֔ם לְכָל־הַדְּבָרִ֔ים אֲשֶׁ֧ר אָנֹכִ֛י מֵעִ֥יד בָּכֶ֖ם הַיֹּ֑ום אֲשֶׁ֤ר תְּצַוֻּם֙ אֶת־בְּנֵיכֶ֔ם לִשְׁמֹ֣ר לַעֲשֹׂ֔ות אֶת־כָּל־דִּבְרֵ֖י הַתֹּורָ֥ה הַזֹּֽאת׃
47 ၄၇ ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။
כִּ֠י לֹֽא־דָבָ֨ר רֵ֥ק הוּא֙ מִכֶּ֔ם כִּי־ה֖וּא חַיֵּיכֶ֑ם וּבַדָּבָ֣ר הַזֶּ֗ה תַּאֲרִ֤יכוּ יָמִים֙ עַל־הָ֣אֲדָמָ֔ה אֲשֶׁ֨ר אַתֶּ֜ם עֹבְרִ֧ים אֶת־הַיַּרְדֵּ֛ן שָׁ֖מָּה לְרִשְׁתָּֽהּ׃ פ
48 ၄၈ ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
וַיְדַבֵּ֤ר יְהוָה֙ אֶל־מֹשֶׁ֔ה בְּעֶ֛צֶם הַיֹּ֥ום הַזֶּ֖ה לֵאמֹֽר׃
49 ၄၉ ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-
עֲלֵ֡ה אֶל־הַר֩ הָעֲבָרִ֨ים הַזֶּ֜ה הַר־נְבֹ֗ו אֲשֶׁר֙ בְּאֶ֣רֶץ מֹואָ֔ב אֲשֶׁ֖ר עַל־פְּנֵ֣י יְרֵחֹ֑ו וּרְאֵה֙ אֶת־אֶ֣רֶץ כְּנַ֔עַן אֲשֶׁ֨ר אֲנִ֥י נֹתֵ֛ן לִבְנֵ֥י יִשְׂרָאֵ֖ל לַאֲחֻזָּֽה׃
50 ၅၀ သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-
וּמֻ֗ת בָּהָר֙ אֲשֶׁ֤ר אַתָּה֙ עֹלֶ֣ה שָׁ֔מָּה וְהֵאָסֵ֖ף אֶל־עַמֶּ֑יךָ כּֽ͏ַאֲשֶׁר־מֵ֞ת אַהֲרֹ֤ן אָחִ֙יךָ֙ בְּהֹ֣ר הָהָ֔ר וַיֵּאָ֖סֶף אֶל־עַמָּֽיו׃
51 ၅၁ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-
עַל֩ אֲשֶׁ֨ר מְעַלְתֶּ֜ם בִּ֗י בְּתֹוךְ֙ בְּנֵ֣י יִשְׂרָאֵ֔ל בְּמֵֽי־מְרִיבַ֥ת קָדֵ֖שׁ מִדְבַּר־צִ֑ן עַ֣ל אֲשֶׁ֤ר לֹֽא־קִדַּשְׁתֶּם֙ אֹותִ֔י בְּתֹ֖וךְ בְּנֵ֥י יִשְׂרָאֵֽל׃
52 ၅၂ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
כִּ֥י מִנֶּ֖גֶד תִּרְאֶ֣ה אֶת־הָאָ֑רֶץ וְשָׁ֙מָּה֙ לֹ֣א תָבֹ֔וא אֶל־הָאָ֕רֶץ אֲשֶׁר־אֲנִ֥י נֹתֵ֖ן לִבְנֵ֥י יִשְׂרָאֵֽל׃ פ

< တရားဟောရာ 32 >