< တရားဟောရာ 31 >
1 ၁ မောရှေသည်ဣသရေလအမျိုးသားတို့အား ဆက်လက်ပြောကြားသည်မှာ၊-
Moisés fue y dijo estas palabras a todo Israel.
2 ၂ ``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။-
Les dijo: “Hoy tengo ciento veinte años. Ya no puedo salir ni entrar. Yahvé me ha dicho: ‘No pasarás este Jordán’.
3 ၃ သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။-
El propio Señor, tu Dios, pasará delante de ti. Destruirá a estas naciones delante de ti, y tú las desposeerás. Josué pasará delante de ti, como ha dicho el Señor.
4 ၄ ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
El Señor hará con ellos lo que hizo con Sijón y con Og, los reyes de los amorreos, y con su tierra, cuando los destruyó.
5 ၅ ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။-
El Señor los entregará delante de ti, y tú harás con ellos todo lo que te he mandado.
6 ၆ အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
Sé fuerte y valiente. No les tengas miedo ni temor, porque el mismo Yahvé, tu Dios, es quien va contigo. Él no te fallará ni te abandonará”.
7 ၇ ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။-
Moisés llamó a Josué y le dijo a la vista de todo Israel: “Esfuérzate y sé valiente, porque irás con este pueblo a la tierra que Yahvé ha jurado a sus padres que les daría, y la harás heredar.
8 ၈ ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။
El mismo Yahvé es quien va delante de ustedes. Él estará con ustedes. No te fallará ni te abandonará. No tengas miedo. No te desanimes”.
9 ၉ သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
Moisés escribió esta ley y la entregó a los sacerdotes hijos de Leví, que llevaban el arca de la alianza de Yahvé, y a todos los ancianos de Israel.
10 ၁၀ ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-
Moisés les ordenó diciendo: “Al final de cada siete años, en el tiempo establecido del año de la liberación, en la fiesta de las cabañas,
11 ၁၁ ဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။-
cuando todo Israel haya venido a presentarse ante Yahvé vuestro Dios en el lugar que él elija, leerás esta ley ante todo Israel en su audiencia.
12 ၁၂ ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။-
Reúne al pueblo, a los hombres, a las mujeres y a los niños, y a los extranjeros que estén dentro de tus puertas, para que oigan, aprendan, teman a Yahvé vuestro Dios y observen para cumplir todas las palabras de esta ley,
13 ၁၃ ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
y para que sus hijos, que no han sabido, oigan y aprendan a temer a Yahvé vuestro Dios, mientras vivas en la tierra donde pasas el Jordán para poseerla.”
14 ၁၄ ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
Yahvé dijo a Moisés: “He aquí que se acercan tus días en que debes morir. Llama a Josué y preséntense en la Tienda del Encuentro, para que yo lo comisione”. Moisés y Josué fueron y se presentaron en la Tienda del Encuentro.
15 ၁၅ ထာဝရဘုရားသည်တဲတော်တံခါးဝတွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၏။
Yahvé apareció en la Tienda en una columna de nube, y la columna de nube se puso sobre la puerta de la Tienda.
16 ၁၆ ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Yahvé dijo a Moisés: “He aquí que tú dormirás con tus padres. Este pueblo se levantará y se prostituirá en pos de los dioses extraños de la tierra a la que va para estar en medio de ellos, y me abandonará y romperá mi pacto que he hecho con ellos.
17 ၁၇ ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
Entonces mi ira se encenderá contra ellos en aquel día, y los abandonaré, y esconderé mi rostro de ellos, y serán devorados, y les sobrevendrán muchos males y angustias; de modo que dirán en aquel día: “¿No nos han sobrevenido estos males porque nuestro Dios no está en medio de nosotros?”
18 ၁၈ သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။-
Ciertamente esconderé mi rostro en aquel día por todo el mal que han hecho, por haberse convertido a otros dioses.
19 ၁၉ သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။-
“Ahora, pues, escribid este cántico para vosotros y enseñadlo a los hijos de Israel. Ponedlo en sus bocas, para que este cántico sea testigo a mi favor contra los hijos de Israel.
20 ၂၀ ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
Porque cuando los haya introducido en la tierra que juré a sus padres, que fluye leche y miel, y hayan comido y se hayan saciado y engordado, entonces se volverán a otros dioses y los servirán, y me despreciarán y romperán mi pacto.
21 ၂၁ ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
Sucederá que, cuando les hayan sobrevenido muchos males y angustias, este cántico dará testimonio ante ellos, pues no se olvidará de la boca de sus descendientes; porque yo conozco sus caminos y lo que hacen hoy, antes de introducirlos en la tierra que les prometí.”
22 ၂၂ ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
Ese mismo día Moisés escribió este cántico y lo enseñó a los hijos de Israel.
23 ၂၃ ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
Mandó a Josué, hijo de Nun, y le dijo: “Sé fuerte y valiente, porque llevarás a los hijos de Israel a la tierra que les juré. Yo estaré contigo”.
24 ၂၄ မောရှေသည် ဘုရားသခင်၏ပညတ်တရား တော်ကိုအကုန်အစင်ရေးသားထား၏။-
Cuando Moisés terminó de escribir las palabras de esta ley en un libro, hasta terminarlas,
25 ၂၅ ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
Moisés ordenó a los levitas que llevaban el arca de la alianza de Yahvé, diciendo:
26 ၂၆ ``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။-
“Tomen este libro de la ley y pónganlo al lado del arca de la alianza de Yahvé su Dios, para que esté allí como testigo contra ustedes.
27 ၂၇ သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
Porque yo conozco tu rebeldía y tu rigidez de cerviz. He aquí que, mientras yo vivo con vosotros, os habéis rebelado contra Yahvé. ¿Cuánto más después de mi muerte?
28 ၂၈ ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
Reúnanme a todos los ancianos de sus tribus y a sus oficiales, para que les diga estas palabras en sus oídos, y llame al cielo y a la tierra como testigos contra ellos.
29 ၂၉ ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
Porque sé que después de mi muerte os corromperéis por completo y os apartaréis del camino que os he mandado; y os sucederá el mal en los últimos días, porque haréis lo que es malo a los ojos de Yahvé, para provocarlo a la ira con la obra de vuestras manos.”
30 ၃၀ ထို့နောက်မောရှေသည်သီချင်းတစ်ပုဒ်လုံးကို ဣသရေလအမျိုးသားအပေါင်းတို့အား ရွတ်ပြလေသတည်း။
Moisés pronunció en los oídos de toda la asamblea de Israel las palabras de este cántico, hasta que las terminó.