< တရားဟောရာ 3 >
1 ၁ ``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။-
၁ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
2 ၂ သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
၂ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
3 ၃ ``သို့ဖြစ်၍ထာဝရဘုရားသည် သြဃဘုရင် နှင့်သူ၏လူအပေါင်းတို့ကိုငါတို့၏လက်သို့ အပ်သဖြင့် ငါတို့သည်တစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်ခဲ့ကြ၏။-
၃ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
4 ၄ တစ်ချိန်တည်းမှာပင်ငါတို့သည် သူပိုင်ဆိုင် သောမြို့ရှိသမျှကိုသိမ်းယူကြသည်။ ငါတို့ မသိမ်းယူသောမြို့ဟူ၍တစ်မြို့မှမရှိ။ ငါ တို့သည်မြို့ပေါင်းခြောက်ဆယ်၊ တစ်နည်းအား ဖြင့်ဗာရှန်ဘုရင်ကြီးစိုးသောအာဂေါဘ ဒေသတစ်ခုလုံးကိုသိမ်းယူကြသည်။-
၄ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
5 ၅ ထိုမြို့အားလုံးတို့သည်မြင့်မားသောမြို့ရိုး၊ မြို့တံခါးများနှင့်မြို့တံခါးကန့်လန့်ကျင် များရှိသဖြင့် ခိုင်ခံ့သောမြို့များဖြစ်ကြ သည်။ အကာအကွယ်ကင်းမဲ့သောကျေးရွာ များလည်းအမြောက်အမြားရှိသည်။-
၅ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
6 ၆ ငါတို့သည်ဟေရှဘုန်ဘုရင်ရှိဟုန်ပိုင်သော မြို့များနှင့်မြို့သူမြို့သားများကိုဖျက်ဆီး သုတ်သင်သကဲ့သို့ သြဃမင်းပိုင်သောမြို့ အားလုံးကိုဖျက်ဆီး၍ ယောကျာ်းမိန်းမနှင့် ကလေးသူငယ်အပေါင်းတို့ကိုသတ်ဖြတ် သုတ်သင်ခဲ့ကြသည်။-
၆ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7 ၇ တိရစ္ဆာန်များနှင့်မြို့များမှဥစ္စာပစ္စည်းများ ကိုလည်း သိမ်းယူခဲ့ကြသည်။
၇တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
8 ၈ ``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။-
၈ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
9 ၉ (ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)
၉ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
10 ၁၀ ငါတို့သည်ဗာရှန်ဘုရင်သြဃမင်းပိုင်သော မြေပြန့်ရှိမြို့များကိုလည်းကောင်း၊ အရှေ့ဘက် ရှိသာလကမြို့နှင့် ဧဒြိမြို့များအထိကျယ် ပြန့်သောဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အားလုံး ကိုလည်းကောင်းသိမ်းယူခဲ့ကြသည်။''
၁၀ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
11 ၁၁ (သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
၁၁အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
12 ၁၂ ``ငါတို့သည်ဤပြည်ကိုသိမ်းပိုက်စဉ်အခါ က အာနုန်မြစ်အနီးရှိ၊ အာရော်မြို့မှစ၍ ဂိလဒ်တောင်ကုန်းဒေသတစ်ဝက်နှင့် ယင်းဒေသ ရှိမြို့များကိုရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့ အားငါခွဲဝေပေး၏။-
၁၂ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
13 ၁၃ ဂိလဒ်ပြည်ကျန်တစ်ဝက်နှင့်သြဃဘုရင်အုပ် စိုးသောဗာရှန်ပြည်အားလုံး၊ တစ်နည်းအား ဖြင့်အာဂေါဘဒေသတစ်ခုလုံးကို မနာရှေ အနွယ်တစ်ဝက်တို့အားငါခွဲဝေပေး၏။'' (ဗာရှန်ပြည်တစ်ပြည်လုံးကို ရီဖိမ်လူမျိုး တို့၏ပြည်ဟူ၍ခေါ်တွင်ခဲ့သည်။-
၁၃ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
14 ၁၄ မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
၁၄မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
15 ၁၅ ``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။-
၁၅ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
16 ၁၆ ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။-
၁၆ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17 ၁၇ သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''
၁၇လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
18 ၁၈ ``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
၁၈ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
19 ၁၉ ငါသတ်မှတ်ပေးသောမြို့များတွင် သင်တို့ ၏သားမယားများနှင့်တိရစ္ဆာန်များသာလျှင် နေရစ်ခဲ့ရမည်။ သင်တို့တွင်တိရစ္ဆာန်များစွာ ရှိသည်ကိုငါသိ၏။-
၁၉
20 ၂၀ ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။
၂၀ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
21 ၂၁ ``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။-
၂၁ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
22 ၂၂ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
၂၂ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
23 ၂၃ ``ထိုအချိန်တွင်ငါသည်ထာဝရဘုရား အား၊-
၂၃ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
24 ၂၄ `အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။-
၂၄အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
25 ၂၅ အို ထာဝရဘုရား၊ အကျွန်ုပ်အားယော်ဒန်မြစ်ကို ကူးစေ၍ တစ်ဘက်တွင်ရှိသောမြေသြဇာကောင်း သည့်ပြည်ကိုလည်းကောင်း၊ သာယာသည့်တောင် ကုန်းဒေသနှင့်လေဗနုန်တောင်ကိုလည်းကောင်း တွေ့မြင်ခွင့်ပေးတော်မူပါ' ဟုတောင်းပန် လျှောက်ထား၏။''
၂၅အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26 ၂၆ ``သို့သော်လည်းသင်တို့အတွက်ကြောင့်ထာဝရ ဘုရားသည်ငါ့ကိုအမျက်ထွက်၍ ငါ၏တောင်းပန် စကားကိုလက်ခံတော်မမူ။ ထာဝရဘုရား က`ဆက်၍မလျှောက်နှင့်။ ဤအကြောင်းကို နောက်ထပ်မလျှောက်ထားနှင့်။-
၂၆ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
27 ၂၇ ပိသဂါတောင်ထိပ်ပေါ်သို့တက်၍အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။ သင်သည်ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်သောကြောင့် သင် မြင်သမျှကိုသေချာစွာကြည့်ရှုလော့။-
၂၇ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
28 ၂၈ ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။''
၂၈သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29 ၂၉ ``သို့ဖြစ်၍ငါတို့သည်ဗက်ပေဂုရမြို့တစ်ဘက် တွင်ရှိသောချိုင့်ဝှမ်း၌စခန်းချကြ၏။''
၂၉ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။