< တရားဟောရာ 29 >
1 ၁ သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
၁ဤရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
2 ၂ မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
၂တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည် တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
3 ၃ သင်တို့သည်ကြောက်မက်ဖွယ်သောကပ် ရောဂါများနှင့် ထာဝရဘုရားပြတော် မူသောအံ့သြဖွယ်ရာတန်ခိုးနိမိတ်လက္ခ ဏာတော်များကိုလည်းမြင်ခဲ့ရကြသည်။-
၃ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။
4 ၄ သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
၄သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သော မျက်စိ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။
5 ၅ ထာဝရဘုရားသည်သင်တို့အားနှစ်ပေါင်း လေးဆယ်ပတ်လုံး တောကန္တာရခရီးဖြင့်ပို့ ဆောင်တော်မူခဲ့စဉ်အတွင်း သင်တို့၏အဝတ် အင်္ကျီများမဟောင်းမနွမ်း၊ သင်တို့၏ဖိနပ် များလည်းမစုတ်မပြတ်ခဲ့ရ။-
၅အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသော ခြေနင်းလည်း မပျက်။
6 ၆ သင်တို့တွင်စားစရာအစာ၊ သောက်စရာ စပျစ်ရည်နှင့်သေရည်သေရက်မရှိခဲ့ ကြ။ သို့ရာတွင်ထာဝရဘုရားသည်သင် တို့၏ဘုရားသခင်ဖြစ်တော်မူကြောင်း သင်တို့အားသွန်သင်ရန်သင်တို့လိုသမျှ ကိုပေးတော်မူသည်။-
၆သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရ ဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။
7 ၇ ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
၇သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊
8 ၈ သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
၈သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်၌ ပေးလေ၏။
9 ၉ သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
၉သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။
10 ၁၀ ``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
၁၀သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
12 ၁၂ သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
၁၂
13 ၁၃ သို့မှသာထာဝရဘုရားသည်သင်တို့ နှင့်သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ရှိတော်မူသည့်အတိုင်း သင်တို့ကိုထာဝရ ဘုရား၏လူမျိုးတော်အဖြစ်အတည်ပြု တော်မူမည်။ ထာဝရဘုရားသည်လည်း သင် တို့၏ဘုရားသခင်ဖြစ်တော်မူမည်။-
၁၃
14 ၁၄ ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
၁၄ထိုမှတပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက၊
15 ၁၅ ကိုယ်တော်၏ရှေ့တော်တွင်ယနေ့ရပ်နေ ကြသောငါတို့အပေါင်းနှင့်သော်လည်း ကောင်း၊ ယခုငါတို့နှင့်အတူမရှိသေး သောနောင်လာနောက်သားတို့နှင့်သော် လည်းကောင်းပြုတော်မူ၏။
၁၅ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့်၎င်း ငါပြု၏။
16 ၁၆ ``အီဂျစ်ပြည်၌လည်းကောင်း၊ အခြားလူ မျိုးတို့၏နယ်မြေကိုဖြတ်သန်းသွားရာ ၌လည်းကာင်း၊ ငါတို့၏ဘဝအတွေ့ အကြုံကိုသင်တို့သိကြ၏။-
၁၆သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဘော်သော သူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိကြ၏။
17 ၁၇ သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။-
၁၇သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။
18 ၁၈ ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
၁၈ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19 ၁၉ ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
၁၉ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20 ၂၀ ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
၂၀ထိုသူကို ထာဝရဘုရားနှမြောတော်မမူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုး ထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရ ဘုရားသည် သူ၏အမည်ကို မိုဃ်းကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
21 ၂၁ ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။
၂၁ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။
22 ၂၂ ``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။-
၂၂သူ့နေရာအရပ်၌ ထာဝရဘုရားဒဏ်ခတ်တော် မူသော၊
23 ၂၃ လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
၂၃အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊
24 ၂၄ ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
၂၄ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
25 ၂၅ အဖြေသည်ကား`ထာဝရဘုရားသည် သူ တို့၏ဘိုးဘေးတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောအခါ၌ သူတို့ဘိုးဘေး တို့နှင့်ပြုသောပဋိညာဉ်ကိုသူတို့ချိုး ဖောက်သောကြောင့်ဖြစ်၏။-
၂၅သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊
26 ၂၆ သူတို့သည်ထာဝရဘုရားကမကိုးကွယ် ရန်တားမြစ်ထားသောဘုရားများဖြစ်သည့် ယခင်ကမကိုးကွယ်ဘူးသောဘုရားများ ကိုကိုးကွယ်ကြ၏။-
၂၆အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့်၎င်း၊
27 ၂၇ ထိုကြောင့်ထာဝရဘုရားသည် ကိုယ်တော် ၏လူမျိုးတော်ကိုအမျက်ထွက်သဖြင့် ဤ ကျမ်းတွင်ဖော်ပြထားသောဘေးဒဏ် အပေါင်းတို့ကိုသူတို့ပြည်၌ကျရောက် စေတော်မူသည်။-
၂၇ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
28 ၂၈ ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။
၂၈ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29 ၂၉ ``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
၂၉မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။