< တရားဟောရာ 28 >

1 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။-
ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။
2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​လျှင်​ကိုယ်​တော်​သည် အောက်​ပါ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့ ကို သင်​တို့​အား​ခံ​စား​စေ​တော်​မူ​မည်။
သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။
3 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​ယာ​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။
4 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။
သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။
5 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ သီး​နှံ၊ ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။
ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း မင်္ဂလာရှိလိမ့်မည်။
6 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
7 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။
သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။
8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​လုပ်​ငန်း​ကို​ကောင်း​ချီး​ပေး​၍ သင်​တို့​၏​ကျီ​များ​ကို​စ​ပါး​နှင့်​ပြည့်​စေ တော်​မူ​မည်။ ကိုယ်​တော်​သည်​မိ​မိ​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​မည်။
သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
9 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။-
သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏
10 ၁၀ ထို​အ​ခါ​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း​ကို ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သိ​မြင်​သ​ဖြင့် သင်​တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
၁၀သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။-
၁၁ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
12 ၁၂ ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။-
၁၂ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ။
13 ၁၃ သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။-
၁၃ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရ ဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊
14 ၁၄ ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။
၁၄ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည်။
15 ၁၅ ``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။
၁၅ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား၊
16 ၁၆ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​များ​ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
၁၆သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။
17 ၁၇ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ​သီး​နှံ နှင့် ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို​ကျိန်​စာ သင့်​စေ​တော်​မူ​မည်။
၁၇ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။
18 ၁၈ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး အ​နည်း​ငယ်​မျှ​သာ​ထွန်း​ကား​စေ​ရန်​လည်း ကောင်း၊ သင်​တို့​၏​ကောက်​ပဲ​သီး​နှံ​ကို​ညံ့​ဖျင်း စေ​ရန်​လည်း​ကောင်း၊ သိုး​နွား​အ​နည်း​ငယ်​မျှ ကို​သာ​ရ​ရှိ​စေ​ရန်​လည်း​ကောင်း သင်​တို့​အား ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
၁၈သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့် မည်။
19 ၁၉ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။-
၁၉မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။
20 ၂၀ ``သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​၍ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​လျှင် သင်​တို့​ဆောင်​ရွက် သ​မျှ​တို့​၏​အ​ကျိုး​ဆက်​များ​မှာ​ပျက်​စီး ဆုံး​ရှုံး​ခြင်း၊ သော​က​ဗျာ​ပါ​ဒ​နှင့်​ဆင်း​ရဲ ဒုက္ခ​များ​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့​သည် လျင်​မြန်​စွာ​သေ​ကြေ​ပျက်​စီး​ရ​လိမ့်​မည်။-
၂၀ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည်။
21 ၂၁ သင်​တို့​တွင်​ကပ်​ရောဂါ​တစ်​မျိုး​နောက်​တစ်​မျိုး ကျ​ရောက်​သ​ဖြင့် သင်​တို့​ဝင်​ရောက်​သိမ်း​ယူ မည့်​ပြည်​၌​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
၂၁သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌ စွဲစေတော်မူမည်။
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
၂၂ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
23 ၂၃ မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-
၂၃သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။
၂၄ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။
25 ၂၅ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
၂၅သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။
26 ၂၆ သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
၂၆သင်၏အသေကောင်သည် မိုဃ်းကောင်းကင် ငှက်၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ။
27 ၂၇ အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-
၂၇ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။
28 ၂၈ သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-
၂၈ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊
29 ၂၉ နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။
၂၉မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။
30 ၃၀ ``သင်​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား​သော​မိန်း​မ ကို အ​ခြား​သူ​တစ်​ယောက်​က​မ​ယား​အ​ဖြစ် ပေါင်း​သင်း​လိမ့်​မည်။ သင်​သည်​အိမ်​ကို​ဆောက် သော်​လည်း​ထို​အိမ်​တွင်​မ​နေ​ရ။ စပျစ်​ဥ​ယျာဉ် ကို​စိုက်​သော်​လည်း​အ​သီး​ကို​မ​စား​ရ။-
၃၀မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။
31 ၃၁ သင်​၏​နွား​ကို​သင့်​မျက်​စိ​ရှေ့​တွင်​သတ်​သော် လည်း သင်​သည်​အ​သား​ကို​မ​စား​ရ။ သင်​၏ မြည်း​များ​ခိုး​ယူ​သွား​သည်​ကို​မျက်စိ​ဖြင့် မြင်​ရ​သော်​လည်း မြည်း​များ​ကို​ပြန်​မ​ရ။ သင်​၏​သိုး​များ​ရန်​သူ့​လက်​သို့​ကျ​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင့်​အား​ကူ​ညီ​မည့် သူ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
၃၁သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေ သော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့ မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။
32 ၃၂ သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-
၃၂သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။
33 ၃၃ သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-
၃၃သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။
34 ၃၄ သင်​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သင် တို့​ရူး​သွပ်​ကြ​လိမ့်​မည်။-
၃၄ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။
35 ၃၅ သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။
၃၅ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
36 ၃၆ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့ ၏​ဘု​ရင်​ကို သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​ရောက်​ဘူး​သော​နိုင်​ငံ​ရပ်​ခြား​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သစ်​သား​နှင့် ကျောက်​နှင့်​ထု​လုပ်​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-
၃၆ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
37 ၃၇ သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။
၃၇ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
38 ၃၈ ``သင်​တို့​သည်​မျိုး​စေ့​များ​စွာ​ကြဲ​သော် လည်း​ထွက်​လာ​သော အ​သီး​အ​နှံ​များ​ကို ကျိုင်း​ကောင်​များ​ကိုက်​စား​သော​ကြောင့် အ​နည်း​ငယ်​မျှ​သာ​ရိတ်​သိမ်း​ရ​လိမ့်​မည်။-
၃၈သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
39 ၃၉ သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး ပြု​စု​သော်​လည်း စ​ပျစ်​နွယ်​များ​ကို​ပိုး​ကိုက် သ​ဖြင့်​စပျစ်​သီး​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ။-
၃၉စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။
40 ၄၀ သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင်​သံ​လွင်​ပင်​များ အ​နှံ့​အ​ပြား​ပေါက်​လျက်​ရှိ​မည်​ဖြစ်​သော် လည်း အ​သီး​များ​ကြွေ​ကျ​ကုန်​သ​ဖြင့်​သင် တို့​သည်​သံ​လွင်​သီး​ကို​မ​ရ​နိုင်။-
၄၀သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။
41 ၄၁ သင်​တို့​တွင်​သား​သ​မီး​များ​ပေါက်​ဖွား​မည် ဖြစ်​သော်​လည်း ရန်​သူ​က​သူ​တို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​သွား​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သား​မဲ့​သ​မီး​မဲ့​ဖြစ်​လိမ့်​မည်။-
၄၁သားသမီးကို ဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။
42 ၄၂ သင်​တို့​၏​သစ်ပင်​နှင့်​ကောက်ပဲ​သီးနှံ​ရှိ​သ​မျှ တို့​သည် ပိုး​ကျ​၍​ပျက်​စီး​ကုန်​လိမ့်​မည်။
၄၂သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။
43 ၄၃ ``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တို့​သည် ဂုဏ်​အ​သ​ရေ​တိုး​မြင့်​သည်​ထက် တိုး​မြင့်​၍ သင်​တို့​မှာ​မူ​ကား​ဂုဏ်​အ​သ​ရေ ကျ​ဆင်း​လာ​လိမ့်​မည်။-
၄၃သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။
44 ၄၄ သူ​တို့​သည်​သင်​တို့​အား​ငွေ​ချေး​နိုင်​ကြ​မည် ဖြစ်​သော်​လည်း သင်​တို့​၌​မူ​ကား​သူ​တို့​အား ချေး​နိုင်​စွမ်း​ရှိ​မည်​မ​ဟုတ်။ သူ​တို့​သည်​သင် တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​၍ သင်​တို့​သည် သူ​တို့​၏​တပည့်​များ​ဖြစ်​ကြ​လိမ့်​မည်။
၄၄သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။
45 ၄၅ ``သင်​တို့​တွင်​ဤ​ဘေး​ဒဏ်​များ​ကျ​ရောက် လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အမိန့်​တော်​ကို​မ​နာ​ခံ၊ ကိုယ်​တော် ၏​ပ​ညတ်​တော်​များ​ကို​မ​စောင့်​ထိန်း​လျှင် သင်​တို့​သေ​ကြေ​ပျက်​စီး​သည့်​တိုင်​အောင် ဤ​ကဲ့​သို့​သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
၄၅သင်၏ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။
46 ၄၆ ထို​ဘေး​ဒဏ်​အ​ပေါင်း​ကျ​ရောက်​လာ​လျှင် ယင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တရား​စီ​ရင်​တော် မူ​ချက်​ဖြစ်​ကြောင်း သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​များ​အ​စဉ်​အ​မြဲ​မှတ်​သား​ထား ရ​မည်။-
၄၆သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌ ၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။
47 ၄၇ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​မင်္ဂ​လာ​အ​မျိုး​မျိုး​ကို​ချ​ပေး​သော်​လည်း သင်​တို့​သည်​ကိုယ်​တော်​၏​အ​မှု​တော်​ကို ဝမ်း​မြောက်​ရွှင်​လန်း​စွာ​မ​ဆောင်​ရွက်​ကြ။-
၄၇သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊
48 ၄၈ သို့​ဖြစ်​၍​သင်​တို့​ကို​တိုက်​ခိုက်​ရန် ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​သော​ရန်​သူ​၏​အ​မှု​ကို​သင် တို့​ထမ်း​ရ​လိမ့်​မည်။ သင်​တို့​သည်​စား​ရေး၊ သောက်​ရေး၊ ဝတ်​ရေး​မှ​စ​၍​အ​ရာ​ရာ​၌​ချို့ တဲ့​လျက်​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သေ​ကြေ ပျက်​စီး​သည့်​တိုင်​အောင် ရန်​သူ​များ​သည် သင်​တို့​အား​ညှင်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။-
၄၈ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။
49 ၄၉ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-
၄၉ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊
50 ၅၀ သင်​တို့​အား​ကြီး​ငယ်​မ​ဟူ​မည်​သူ့​ကို​မျှ သ​နား​ညှာ​တာ​လိမ့်​မည်​မ​ဟုတ်။-
၅၀အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။
51 ၅၁ သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-
၅၁သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။
52 ၅၂ သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။
၅၂သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
53 ၅၃ ``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-
၅၃ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
54 ၅၄ ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-
၅၄သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
55 ၅၅
၅၅အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
56 ၅၆ ယဉ်​ကျေး​သိမ်​မွေ့​၍​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သ​ဖြင့် မြေ​ကို​ခြေ​နှင့်​မ​နင်း​ဘူး​သော​အ​မျိုး​သ​မီး သည်​ပင် မြို့​ကို​ရန်​သူ​များ​ဝိုင်း​၍​အ​စား​အ​စာ ပြတ်​လပ်​သော​အ​ခါ မိ​မိ​မွေး​စ​က​လေး​၏ အသား​နှင့်​အ​ချင်း​ကို​လျှို့​ဝှက်​စွာ​စား​ကြ လိမ့်​မည်။ ထို​က​လေး​၏​အ​သား​နှင့်​အ​ချင်း ကို မိ​မိ​ချစ်​သော​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​အား​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်၊
၅၆သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊
57 ၅၇
၅၇အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သော အချင်း၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။
58 ၅၈ ``သင်​တို့​သည်​ဤ​ကျမ်း​တွင်​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​အား​လုံး ကို တစ်​သ​ဝေ​မ​တိမ်း​မ​လိုက်​နာ​လျှင်​သော် လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အံ့​သြ​ကြောက်​မက်​ဖွယ်​ကောင်း သော​နာ​မ​တော်​ကို မ​ရို​သေ​ကြ​လျှင်​သော် လည်း​ကောင်း၊-
၅၈သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင်၊
59 ၅၉ ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-
၅၉ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။
60 ၆၀ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သော ကြောက်​မက်​ဖွယ်​ရော​ဂါ​ဆိုး​များ​ကို သင်​တို့ ၌​တစ်​ဖန်​ကျ​ရောက်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​နာ​လန်​ထူ​နိုင်​လိမ့်​မည်​မ​ဟုတ်။-
၆၀ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။
61 ၆၁ ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​များ​နှင့်​သြ​ဝါ​ဒ များ​ပါ​ရှိ​သော ဤ​ကျမ်း​တွင်​ဖော်​ပြ​ခြင်း မ​ရှိ​သည့်​အ​ခြား​ရောဂါ​နှင့်​ကပ်​ရော​ဂါ အ​မျိုး​မျိုး​ကို​လည်း သင်​တို့​အ​ပေါ်​သို့​ကျ ရောက်​စေ​တော်​မူ​သ​ဖြင့်​သင်​တို့​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
၆၁ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။
62 ၆၂ သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-
၆၂သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။
63 ၆၃ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။
၆၃သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့ တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
64 ၆၄ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကမ္ဘာ​တစ် စွန်း​မှ​တစ်​စွန်း​တိုင်​အောင် လူ​မျိုး​အ​ပေါင်း​တို့ ထဲ​သို့​ပျံ့​နှံ့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​တို့​မ​ကိုး ကွယ်​ဘူး​သော​သစ်​သား၊ သံ​တို့​ဖြင့်​ထု​လုပ် သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ လိမ့်​မည်။-
၆၄ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
65 ၆၅ သင်​တို့​သည်​ရောက်​ရှိ​သော​နေ​ရာ​တွင်​ငြိမ်း ချမ်း​မှု​ကို​မ​ရ​ရှိ​နိုင်။ အ​တည်​တ​ကျ​နေ ထိုင်​ရာ​အ​ရပ်​မ​ရှိ။​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပူ​ပင်​သော​က​ရောက်​စေ​တော် မူ​မည်။ မျှော်​လင့်​ရာ​မဲ့​ပြီး​စိတ်​ပျက်​အား လျော့​စေ​တော်​မူ​မည်။-
၆၅ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အား ကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊
66 ၆၆ သင်​တို့​သည်​အ​သက်​ဘေး​နှင့်​အ​စဉ်​တွေ့ ကြုံ​နေ​ရ​မည်။ နေ့​ည​မ​ပြတ်​ကြောက်​ရွံ့ ထိတ်​လန့်​၍​သေ​ဘေး​နှင့်​အ​စဉ်​ရင်​ဆိုင် လျက်​နေ​ရ​မည်။-
၆၆သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
67 ၆၇ သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။-
၆၇သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက် အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။
68 ၆၈ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ် ပြည်​သို့​နောက်​တစ်​ဖန်​မ​ပြန်​စေ​ရ​ဟု​မိန့် တော်​မူ​ခဲ့​သော်​လည်း သင်္ဘော​များ​ဖြင့်​သင် တို့​ကို​ထို​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​လိမ့်​မည်။ ထို​ပြည်​တွင်​သင်​တို့​ကိုယ်​ကို ရန်​သူ​များ​ထံ​၌​ကျွန်​အ​ဖြစ်​ရောင်း​သော် လည်း သင်​တို့​ကို​ဝယ်​ယူ​မည့်​သူ​ရှိ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆင့်​ဆို​လေ​၏။
၆၈ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။

< တရားဟောရာ 28 >