< တရားဟောရာ 27 >
1 ၁ ထို့နောက်မောရှေနှင့်ဣသရေလအမျိုး သားခေါင်းဆောင်များက လူအပေါင်းတို့ အား``သင်တို့အားငါယနေ့ပေးမည့်ညွှန် ကြားချက်ရှိသမျှတို့ကိုလိုက်နာကြ လော့။-
梅瑟與以色列的長老吩咐人民說:「你們應遵守我今天吩咐你們的一切命令。
2 ၂ ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူ မည့်ပြည်သို့ဝင်ရောက်သောနေ့တွင် ကျောက် တုံးကြီးများကိုစိုက်ထူ၍အင်္ဂတေလိမ်း ကျံရမည်။-
在你們過約但河,進入上主你的天主賜給你的土地的那一天,應豎立幾塊大石,塗上石灰;
3 ၃ ထိုကျောက်တုံးများပေါ်တွင် ဤပညတ်များ နှင့်သွန်သင်ချက်ရှိသမျှတို့ကိုရေးထား ရမည်။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့သင်တို့ကူး ပြီးနောက် အစာရေစာပေါကြွယ်ဝသော ပြည်သို့ရောက်ရှိကြသောအခါ၊-
在你過河進入上主你的天主賜給你的地方,即上主你祖先的天主許給你的流奶流蜜的地方之後,要立即將這法律的一切話刻在上面。
4 ၄ သင်တို့အားငါယနေ့ညွှန်ကြားသည့်အတိုင်း ထိုကျောက်တုံးများကိုဧဗလတောင်ပေါ် တွင်စိုက်ထူ၍အင်္ဂတေလိမ်းကျံရမည်။-
所以,你們一過了約但河,就該照我今日吩咐你們的,在厄巴耳山上豎立這些石頭,塗上石灰;
5 ၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုမခုတ်မထစ်သောကျောက် ဖြင့်တည်ရမည်ဖြစ်သောကြောင့် ထိုအရပ် တွင်သံတန်ဆာပလာဖြင့်မခုတ်ထစ်သော ကျောက်ဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်။-
並在那裏給上主你的天主建築一座祭壇,一座未用斧鑿的石頭修的祭壇;
應用未加入人工的石頭建築上主你的天主的祭壇,在上面給上主你的天主奉獻全燔祭,
7 ၇ ထိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရာယဇ်များကို ပူဇော်ရမည်။-
祭獻和平祭,並在那裏設宴,在上主你的天主面前歡樂。
8 ၈ မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။
在這些石頭上,應清清楚楚刻上這法律的一切話。」
9 ၉ ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။-
梅瑟和肋未司祭對全以色列人說:「以色列人! 你們應靜默細聽:你今天既成了上主你的天主的人民,
10 ၁၀ သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။
就應聽從上主你的天主的話,遵行我今日給你吩咐的上主的誡命和法令。」
11 ၁၁ ထို့နောက်မောရှေကဣသရေလအမျိုး သားတို့အား၊-
梅瑟在那一天又吩咐人民說:「
12 ၁၂ ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး နောက် လူတို့အပေါ်ကောင်းချီးမင်္ဂလာရွတ် ဆိုသောအခါ၌ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့်ဗင်္ယာမိန်အနွယ်တို့သည်ဂေ ရဇိမ်တောင်ပေါ်တွင်ရပ်နေရကြမည်။-
你們過了約但河以後,應站在革黎斤山上祝福人民的,是西默盎、肋未、猶大、依撒加爾、若瑟和本雅明;
13 ၁၃ အမင်္ဂလာရွတ်ဆိုသောအခါ၌ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်နှင့်နဿလိအနွယ် တို့သည်ဧဗလတောင်ပေါ်တွင်ရပ်နေရ ကြမည်။-
站在厄巴耳山上宣布詛咒的,是勒烏本、加得、阿協爾、則步隆、丹和納斐塔里。
14 ၁၄ လေဝိအနွယ်ဝင်တို့ကအသံကျယ်စွာဖြင့်၊
肋未人應大聲向所有的以色列人喊說:
15 ၁၅ `` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
那製造上主所憎惡的雕像或鑄像,並將匠人的作品,放在暗處的人,是可咒罵的。全體人民應答說:阿們。
16 ၁၆ `` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
蔑視父親和母親的,是可咒罵的。全體人民應答說:阿們。
17 ၁၇ `` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
移動鄰人地界的,是可咒罵的。全體人民應答說:阿們。
18 ၁၈ `` `မျက်မမြင်တစ်ဦးအားလမ်းလွဲစေသူ သည် ဘုရားသခင်၏ကျိန်ခြင်းကို ခံစေ သတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
領瞎子走錯路的,是可咒罵的。全體人民應答說:阿們。
19 ၁၉ `` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
侵犯外方人、孤兒和寡婦權利的,是可咒罵的。全體人民應答說:阿們。
20 ၂၀ `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။
與父親的妻子同寢的,是可咒罵的,因為他揭開了父親的衣襟。全體人民應答說:阿們。
21 ၂၁ `` `တိရစ္ဆာန်နှင့်ကာမစပ်ယှက်သောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
與獸交合的,是可咒罵的。全體人民應答說:阿們。
22 ၂၂ `` `မောင်နှမချင်းနှင့်ဖြစ်စေ၊ မိတူဖကွဲမောင်နှ မချင်းနှင့်ဖြစ်စေ၊ ဖတူမိကွဲမောင်နှမချင်း နှင့်ဖြစ်စေ၊ ကာမစပ်ယှက်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
與同父異母,或同母異父的姊妹同寢的,是可咒罵的。全體人民應答說:阿們。
23 ၂၃ `` `မိမိယောက္ခမနှင့်ကာမစပ်ယှက်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟု ကျိန်ဆိုသောအခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။
與岳母同寢的,是可咒罵的。全體人民應答說:阿們。
24 ၂၄ `` `လူတစ်ယောက်အားလျှို့ဝှက်စွာသတ်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ``လူအပေါင်းတို့ က`အာမင်' ဟုဝန်ခံရကြမည်။
暗殺鄰人的,是可咒罵的。全體人民應答說:阿們。
25 ၂၅ `` `အပြစ်မဲ့သူအားသတ်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
接受賄賂去殺害無辜的,是可咒罵的。全體人民應答說:阿們。
26 ၂၆ `` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။
不堅持這法律的話而執行的,是可咒罵的。全體人民應答說:阿們。