< တရားဟောရာ 26 >
1 ၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
၁သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင့် အမွေခံ စရာဘို့ ပေး တော်မူသောပြည် သို့ သင်သည် ဝင်စား ၍ နေသောအခါ၊
2 ၂ သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-
၂သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
3 ၃ ထိုအချိန်တွင်တာဝန်ကျသောယဇ်ပုရော ဟိတ်ထံသို့သွား၍`အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် ဘိုးဘေးတို့အားကတိ ထားတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ရှိ နေပြီဖြစ်ကြောင်းထာဝရဘုရားထံ ယနေ့ဝန်ခံပါ၏' ဟုပြောဆိုလော့။
၃ထိုကာလ ၌ ယဇ် ပုရောဟိတ်လုပ်သော သူ ထံ သို့ချဉ်း လျက် ၊ ထာဝရဘုရား သည် ငါ့ အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ အကျွန်ုပ် ရောက် ပါပြီဟု ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံ ပါသည်ဟု ယဇ် ပုရောဟိတ်အား ပြောဆို ရမည်။
4 ၄ ``ထိုအခါယဇ်ပုရောဟိတ်သည် သင့်ထံမှ တောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ယဇ်ပလ္လင်ရှေ့မှာချထားရမည်။-
၄ယဇ် ပုရောဟိတ်သည်လည်း ခြင်တောင်း ကို သင့် လက် မှ ယူ ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ချ ထားရမည်။
5 ၅ ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
၅သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
6 ၆ အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-
၆အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့ကို ညှဉ်းဆဲ နှိပ်စက်၍ ကျပ်တည်း စွာ ကျွန် ခံ စေကြ၏။
7 ၇ ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
၇ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။
8 ၈ ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
၈ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊
9 ၉ ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။-
၉နို့ နှင့် ပျားရည် စီး သော ဤ ပြည် သို့ ပို့ဆောင် ၍ ပေး သနားတော်မူ၏။
10 ၁၀ ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။ ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။-
၁၀ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေး သနား တော်မူသော ပြည် ၌ အဦး သီးသော အသီး ကို အကျွန်ုပ် ဆောင် ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။ ရှေ့ တော်၌လည်း ကိုးကွယ် ခြင်းကို ပြုရမည်။
11 ၁၁ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
၁၁သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့အား ပြု တော်မူသမျှ သော ကျေးဇူး ၌ ၊ သင် သည် သင် နှင့်အတူ တည်းခိုသော လေဝိ သားမှစ၍ တပါး အမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
12 ၁၂ ``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
၁၂သုံး နှစ် တွင် ဆယ်ဘို့ တဘို့ပေး ရသောတတိယ နှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှ တို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍ ၊ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိ သောသူ၊ မုတ်ဆိုးမ တို့ကို သင့် နေရာ မြို့များ၌ ဝ စွာကျွေးမွေး ပြီးမှ၊
13 ၁၃ `အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
၁၃သင် ၏ဘုရားသခင် ထာဝရ ဘုရားအား၊ ကိုယ်တော် သည် အကျွန်ုပ် ကို မှာထား တော်မူသမျှ အတိုင်း ၊ သန့်ရှင်း သောဥစ္စာတို့ကို အိမ် မှ ထုတ် ၍ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့အား ပေး ပါပြီ။ ပညတ် တော်တို့ကို မ လွန်ကျူး ၊ မ မေ့လျော့ ပါ။
14 ၁၄ အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-
၁၄မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မ စား ပါ။ မ စင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေ သောသူတို့အဘို့ အနည်းငယ် ကိုမျှ မ ပေး ပါ။ အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
15 ၁၅ ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
၁၅ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။
16 ၁၆ ``သင်တို့သည်ဤပညတ်တော်အားလုံးကို လိုက်နာရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ယနေ့တွင်မိန့်မှာတော်မူ၏။ သို့ ဖြစ်၍ယင်းပညတ်များကိုတစ်သဝေ မတိမ်းလိုက်လျှောက်ရန်အစွမ်းကုန်အား ထုတ်လော့။-
၁၆ယခု စီရင် ထုံးဖွဲ့ သမျှအတိုင်း ကျင့် ရမည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည် ဖြစ်၍စိတ်နှလုံး အကြွင်းမဲ့ ကျင့် စောင့်ရမည်။
17 ၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။-
၁၇ထာဝရဘုရား သည် သင် ၏ဘုရားသခင် ဖြစ် တော်မူသည်ဟူ၍၎င်း၊ လမ်း တော်သို့ လိုက် ပါမည်၊ စီရင် ထုံးဖွဲ့တော်မူသောပညတ် တရားတော်ကို စောင့်ရှောက် ပါမည်၊ စကား တော်ကို နားထောင် ပါမည်ဟူ၍၎င်း၊ ယနေ့ သင်သည် ဝန်ခံ ပြီ။
18 ၁၈ ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
၁၈ထာဝရဘုရား သည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း ၊ သင် သည် ပညတ် တော် အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ၊ အထူးသဖြင့်ကိုယ်တော် ၏ လူမျိုး ဖြစ် သည်ဟူ၍၎င်း၊
19 ၁၉ ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။
၁၉ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။