< တရားဟောရာ 26 >

1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-
Quand tu seras entré au pays que l'Éternel ton Dieu te donne en héritage, et que tu le posséderas et y demeureras,
2 သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။-
Tu prendras des prémices de tous les fruits du sol que tu récolteras du pays que l'Éternel ton Dieu te donne, tu les mettras dans une corbeille, et tu iras au lieu que l'Éternel ton Dieu aura choisi pour y faire habiter son nom;
3 ထို​အ​ချိန်​တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​၍`အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ရှိ နေ​ပြီ​ဖြစ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​ထံ ယ​နေ့​ဝန်​ခံ​ပါ​၏' ဟု​ပြော​ဆို​လော့။
Et, étant venu vers le sacrificateur qui sera en ce temps-là, tu lui diras: Je reconnais aujourd'hui devant l'Éternel ton Dieu, que je suis entré dans le pays que l'Éternel avait juré à nos pères de nous donner.
4 ``ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည် သင့်​ထံ​မှ တောင်း​ကို​ယူ​၍ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ရှေ့​မှာ​ချ​ထား​ရ​မည်။-
Et le sacrificateur prendra la corbeille de ta main, et la déposera devant l'autel de l'Éternel ton Dieu.
5 ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-
Puis tu prendras la parole, et diras, devant l'Éternel ton Dieu: Mon père était un Araméen prêt à périr; et il descendit en Égypte, avec un petit nombre de gens, et y séjourna; et il y devint une nation grande, forte et nombreuse.
6 အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။-
Et les Égyptiens nous maltraitèrent, nous affligèrent et nous imposèrent une dure servitude;
7 ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-
Alors nous criâmes à l'Éternel, le Dieu de nos pères, et l'Éternel entendit notre voix, et regarda notre affliction, notre misère et notre oppression.
8 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-
Et l'Éternel nous retira d'Égypte, à main forte et à bras étendu, par une grande terreur, et avec des signes et des miracles.
9 ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-
Et il nous conduisit en ce lieu, et nous donna ce pays, un pays où coulent le lait et le miel.
10 ၁၀ ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-
Maintenant donc, voici, j'apporte les prémices des fruits du sol que tu m'as donné, ô Éternel! Alors tu poseras la corbeille devant l'Éternel ton Dieu, et te prosterneras devant l'Éternel ton Dieu;
11 ၁၁ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။
Et tu te réjouiras, toi, et le Lévite, et l'étranger qui sera au milieu de toi, de tout le bien que l'Éternel ton Dieu t'aura donné ainsi qu'à ta maison.
12 ၁၂ ``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-
Quand tu auras achevé de lever toute la dîme de ton revenu, la troisième année, l'année de la dîme, tu la donneras au Lévite, à l'étranger, à l'orphelin et à la veuve, et ils la mangeront dans tes portes, et seront rassasiés;
13 ၁၃ `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-
Et tu diras, devant l'Éternel ton Dieu: J'ai ôté de ma maison ce qui était sacré; et je l'ai donné au Lévite, à l'étranger, à l'orphelin et à la veuve, selon tout le commandement que tu m'as donné; je n'ai rien transgressé ni oublié de tes commandements.
14 ၁၄ အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
Je n'en ai point mangé dans mon deuil, je n'en ai rien ôté pour un usage souillé, et je n'en ai point donné pour un mort; j'ai obéi à la voix de l'Éternel mon Dieu; je me suis conformé à tout ce que tu m'avais commandé.
15 ၁၅ ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။
Regarde de ta sainte demeure, des cieux, et bénis ton peuple d'Israël et le pays que tu nous as donné, comme tu l'avais juré à nos pères, ce pays où coulent le lait et le miel.
16 ၁၆ ``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-
Aujourd'hui l'Éternel ton Dieu te commande de pratiquer ces statuts et ces ordonnances; prends donc garde à les pratiquer de tout ton cœur et de toute ton âme.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-
Tu as fait dire aujourd'hui à l'Éternel qu'il serait ton Dieu, et que tu marcherais dans ses voies, et que tu garderais ses statuts, ses commandements et ses ordonnances, et que tu obéirais à sa voix.
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း သင်​တို့​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​လက်​ခံ​တော်​မူ​ပြီ။ သင်​တို့​သည်​ပ​ညတ် တော်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ရန်​မိန့်​မှာ တော်​မူ​၏။-
Et l'Éternel t'a fait dire aujourd'hui, que tu lui seras un peuple particulier, comme il te l'a dit; et que tu gardes tous ses commandements;
19 ၁၉ ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ထက် သင်​တို့​အား​ပို​၍ ကြီး​မြတ်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ဖြင့်​ကိုယ်​တော်​၏​ဘုန်း​ကျက်​သ​ရေ​ထွန်း ပြောင်​လာ​လိမ့်​မည်။ က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ဖြစ်​လိမ့်​မည်'' ဟု​ပြော​ဆို​လေ​၏။
Et qu'il te donnera, sur toutes les nations qu'il a faites, la prééminence en louange, en renom et en gloire, et que tu seras un peuple consacré à l'Éternel ton Dieu, comme il l'a dit.

< တရားဟောရာ 26 >