< တရားဟောရာ 25 >

1 ``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-
사람과 사람 사이에 시비가 생겨서 재판을 청하거든 재판장은 그들을 재판하여 의인은 의롭다 하고 악인은 정죄할 것이며
2 အ​ပြစ်​ရှိ​သော​သူ​သည်​ကြိမ်​ဒဏ်​ခံ​ထိုက်​လျှင် သူ့​အား​မှောက်​စေ​ပြီး​ကြိမ်​ဒဏ်​ပေး​ရ​မည်။ ထို သူ​ကူး​လွန်​သော​အ​ပြစ်​ကြီး​ငယ်​အ​လိုက် ကြိမ်​ဒဏ်​အ​ချက်​ကို​သတ်​မှတ်​ရ​မည်။-
악인에게 태형이 합당하거든 재판장은 그를 엎드리게 하고 그 죄의 경중대로 여수이 자기 앞에서 때리게 하라
3 သို့​သော်​လည်း​ကြိမ်​ဒဏ်​အ​ချက်​လေး​ဆယ် ထက်​မ​ပို​စေ​ရ။ ထို​ထက်​ပို​လျှင်​သူ့​အား လူ​ပုံ​လယ်​၌​အ​ရှက်​ခွဲ​ရာ​ရောက်​မည်။
사십까지는 때리려니와 그것을 넘기지는 못할지니 만일 그것을 넘겨 과다히 때리면 네가 네 형제로 천히 여김을 받게 할까 하노라
4 ``စ​ပါး​နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​တပ်​၍ မ​ထား​ရ။
곡식 떠는 소의 입에 망을 씌우지 말지니라!
5 ``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။-
형제가 동거하는데 그 중 하나가 죽고 아들이 없거든 그 죽은 자의 아내는 나가서 타인에게 시집가지 말 것이요 그 남편의 형제가 그에게로 들어가서 그를 취하여 아내를 삼아 그의 남편의 형제 된 의무를 그에게 다 행할 것이요
6 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​သေ​ဆုံး​သူ​၏​မိ​သား​စု မျိုး​ဆက်​မ​ပျောက်​စေ​ရန် ထို​မိန်း​မ​၌​ဖွား​မြင် သော​သား​ဦး​သည်​သေ​သူ​၏​တ​ရား​ဝင်​သား ဖြစ်​စေ​ရ​မည်။-
그 여인의 낳은 첫 아들로 그 죽은 형제의 후사를 잇게 하여 그 이름을 이스라엘 중에서 끊어지지 않게 할 것이니라
7 အ​ကယ်​၍​ညီ​သည်​သေ​ဆုံး​သူ​အစ်​ကို​၏ ဇ​နီး​နှင့်​မ​စုံ​ဖက်​လို​လျှင် မိန်း​မ​သည်​မြို့ အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား​၍`ကျွန်​မ​မတ် ဖြစ်​သူ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင် အစ်​ကို ၏​မိသား​စု​မျိုး​ဆက်​ကျန်​ရစ်​ရန်​ဆောင်​ရွက် ရ​မည့်​ဝတ္တ​ရား​ပျက်​ကွက်​ပါ​သည်' ဟု​လျှောက် ဆို​ရ​မည်။-
그러나 그 사람이 만일 그 형제의 아내 취하기를 즐겨하지 아니하거든 그 형제의 아내는 그 성문 장로들에게로 나아가서 말하기를 내 남편의 형제가 그 형제의 이름을 이스라엘 중에 잇기를 싫어하여 남편의 형제된 의무를 내게 행치 아니하나이다 할 것이요
8 ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊-
그 성읍 장로들은 그를 불러다가 이를 것이며 그가 이미 정한 뜻대로 말하기를 내가 그 여자 취하기를 즐겨 아니하노라 하거든
9 သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။-
그 형제의 아내가 장로들 앞에서 그에게 나아가서 그의 발에서 신을 벗기고 그 얼굴에 침을 뱉으며 이르기를 그 형제의 집 세우기를 즐겨 아니하는 자에게는 이같이 할 것이라 할 것이며
10 ၁၀ ဣ​သ​ရေ​လ​လူ​မျိုး​တွင် ထို​သူ​၏​မိ​သား​စု ကို`ဖိ​နပ်​အ​ချွတ်​ခံ​ရ​သူ​၏​မိ​သား​စု' ဟူ​၍ ခေါ်​တွင်​စေ​ရ​မည်။
이스라엘 중에서 그의 이름을 신 벗기운 자의 집이라 칭할 것이니라
11 ၁၁ ``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊-
두 사람이 서로 싸울 때에 한 사람의 아내가 그 남편을 그 치는 자의 손에서 구하려 하여 가까이 가서 손을 벌려 그 사람의 음낭을 잡거든
12 ၁၂ ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-
너는 그 여인의 손을 찍어 버릴 것이고 네 눈이 그를 불쌍히 보지 말지니라
13 ၁၃ ``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-
너는 주머니에 같지 않은 저울추 곧 큰 것과 작은 것을 넣지 말것이며
14 ၁၄
네 집에 같지 않은 되 곧 큰 것과 작은 것을 두지 말 것이요
15 ၁၅ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-
오직 십분 공정한 저울추를 두며 십분 공정한 되를 둘 것이라 그리하면 네 하나님 여호와께서 네게 주시는 땅에서 네 날이 장구하리라
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။
무릇 이같이 하는자, 무릇 부정당히 행하는 자는 네 하나님 여호와께 가증하니라
17 ၁၇ ``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
너희가 애굽에서 나오는 길에 아말렉이 네게 행한 일을 기억하라!
18 ၁၈ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။-
곧 그들이 하나님을 두려워하지 아니하고 너를 길에서 만나 너의 피곤함을 타서 네 뒤에 떨어진 약한 자들을 쳤느니라
19 ၁၉ သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။
그러므로 네 하나님 여호와께서 네게 주어 기업으로 얻게 하시는 땅에서 네 하나님 여호와께서 너로 사면에 있는 모든 대적을 벗어나게 하시고 네게 안식을 주실 때에 너는 아말렉의 이름을 천하에서 도말할지니라 너는 잊지 말지니라!

< တရားဟောရာ 25 >