< တရားဟောရာ 25 >
1 ၁ ``အကယ်၍ဣသရေလအမျိုးသားနှစ်ဦး သည်ရုံးတွင် တရားဆိုင်ကြရာ၌တစ်ဦးသည် အပြစ်မရှိ၊ အခြားတစ်ဦးသည်အပြစ်ရှိ သည်ဟူ၍စီရင်သောအခါ၊-
Quand il s’élèvera une contestation entre des hommes, et qu’ils se seront présentés au jugement, qu’on les aura jugés, qu’on aura absous l’innocent et condamné le coupable,
2 ၂ အပြစ်ရှိသောသူသည်ကြိမ်ဒဏ်ခံထိုက်လျှင် သူ့အားမှောက်စေပြီးကြိမ်ဒဏ်ပေးရမည်။ ထို သူကူးလွန်သောအပြစ်ကြီးငယ်အလိုက် ကြိမ်ဒဏ်အချက်ကိုသတ်မှတ်ရမည်။-
si le coupable a mérité d’être battu, le juge le fera étendre par terre et battre en sa présence d’un nombre de coups proportionné à sa faute.
3 ၃ သို့သော်လည်းကြိမ်ဒဏ်အချက်လေးဆယ် ထက်မပိုစေရ။ ထိုထက်ပိုလျှင်သူ့အား လူပုံလယ်၌အရှက်ခွဲရာရောက်မည်။
Il ne lui fera pas donner plus de quarante coups, de peur que, si on continuait à le frapper de beaucoup de coups en plus de ceux-là, ton frère ne fût avili à tes yeux.
4 ၄ ``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။
Tu ne muselleras pas le bœuf, quand il foulera le grain.
5 ၅ ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။-
Lorsque des frères demeurent ensemble, et que l’un d’eux meurt sans laisser de fils, la femme du défunt ne se mariera pas au dehors, à un étranger; mais son beau-frère ira vers elle, la prendra pour femme, et remplira envers elle le devoir de beau-frère.
6 ၆ ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။-
Le premier-né qu’elle mettra au monde succédera au frère défunt et prendra son nom, afin que ce nom ne soit pas effacé d’Israël.
7 ၇ အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-
S’il ne plaît pas à cet homme de prendre sa belle-sœur, sa belle-sœur montera à la porte, vers les anciens, et dira: « Mon beau-frère refuse de faire revivre le nom de son frère en Israël; il ne veut pas remplir, en m’épousant, son devoir de beau-frère. »
8 ၈ ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊-
Alors les anciens de la ville l’appelleront et lui parleront. S’il persiste et dit: « Il ne me plaît pas de la prendre, »
9 ၉ သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-
sa belle-sœur s’approchera de lui en présence des anciens, lui ôtera son soulier du pied et lui crachera au visage, en disant: « Ainsi sera fait à l’homme qui ne relève pas la maison de son frère. »
10 ၁၀ ဣသရေလလူမျိုးတွင် ထိုသူ၏မိသားစု ကို`ဖိနပ်အချွတ်ခံရသူ၏မိသားစု' ဟူ၍ ခေါ်တွင်စေရမည်။
Et sa maison sera appelée en Israël la maison du déchaussé.
11 ၁၁ ``အကယ်၍လူနှစ်ဦးခိုက်ရန်ဖြစ်နေစဉ် တစ် ဦး၏မယားသည် မိမိ၏လင်ယောကျာ်းဘက် မှကူညီ၍ အခြားယောကျာ်း၏တန်ဆာကို ကိုင်ဆွဲလျှင်၊-
Lorsque des hommes se battront ensemble, un homme et son frère, si la femme de l’un s’approche pour délivrer son mari de la main de celui qui le frappe, et que, avançant la main, elle saisisse ce dernier par les parties honteuses,
12 ၁၂ ထိုမိန်းမ၏လက်ကို ဖြတ်ပစ်ရမည်။ သူ့ကို မသနားမညှာတာရ။-
tu lui couperas la main; ton œil sera sans pitié.
13 ၁၃ ``သင်တို့သည်အလေး၊ တင်းတောင်းတို့ဖြင့် ခြင်တွယ်သောအခါ မမှန်မကန်မခြင် တွယ်ရ။-
Tu n’auras pas dans ton sac deux sortes de poids, un gros et un petit.
Tu n’auras pas dans ta maison deux sortes d’épha, un grand et un petit.
15 ၁၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် သင်တို့ အသက်ရှည်စွာနေထိုင်နိုင်ရန်မှန်ကန် တိကျသော အလေး၊ တင်း၊ တောင်းများကို အသုံးပြုကြလော့။-
Tu auras un poids exact et juste, tu auras un épha exact et juste, afin que tes jours se prolongent dans la terre que te donne Yahweh, ton Dieu.
16 ၁၆ ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။
Car il est en abomination à Yahweh, ton Dieu, celui qui fait ces choses, qui commet une iniquité.
17 ၁၇ ``အီဂျစ်ပြည်မှသင်တို့ထွက်လာစဉ်က သင် တို့အားအာမလက်အမျိုးသားတို့မည်ကဲ့ သို့ရန်မူခဲ့ပုံကိုသတိရကြလော့။-
Souviens-toi de ce que te fit Amalec pendant le voyage, lorsque tu sortis de l’Égypte,
18 ၁၈ သူတို့သည်ဘုရားသခင်ကိုမကြောက်ရွံ့ သဖြင့် သင်တို့အားကုန်၍မောပန်းလျက်ရှိ ကြစဉ် သင်တို့နောက်မှလိုက်၍တိုက်ခိုက်ကြ ၏။ နောက်ကျန်နေသူအားလုံးကိုလည်း လုပ် ကြံသတ်ဖြတ်ခဲ့ကြ၏။-
comment il te rencontra en route, et tomba sur toi par derrière, sur tous ceux qui étaient épuisés derrière toi, et toi tu étais fatigué et sans force, et il n’eut aucune crainte de Dieu.
19 ၁၉ သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
Quand Yahweh, ton Dieu, t’aura donné du repos, t’ayant délivré de tous tes ennemis d’alentour, dans le pays que Yahweh, ton Dieu, te donne en héritage pour le posséder, tu effaceras la mémoire d’Amalec de dessous le ciel: ne l’oublie pas.