< တရားဟောရာ 24 >
1 ၁ ``ယောကျာ်းတစ်ဦးသည်မိန်းမတစ်ဦးနှင့်ထိမ်း မြားလက်ထပ်ပြီးနောက် ထိုမိန်းမတွင်မနှစ် မြို့စရာတွေ့မြင်လာသဖြင့် ဆက်လက်၍ မပေါင်းသင်းလိုသော်သူသည် ထိုမိန်းမအား ဖြတ်စာကိုရေးပေး၍အိမ်မှဆင်းသွား စေရမည်။-
Mwanamume akimchukua mke na kumuoa, na mke asipokubalika machoni pa mumewe kwa sababu kagundua jambo ambalo si jema kwake, basi anatakiwa amwandikie talaka, aiweke mkononi mwake, na kumfukuza nyumbani kwake.
2 ၂ အကယ်၍ထိုမိန်းမသည် အခြားယောကျာ်း တစ်ဦးနှင့်နောက်ထပ်အိမ်ထောင်ပြု၍၊-
Akishaondoka nyumbani kwake, anaweza kwenda na kuwa mke wa mwanamume mwingine.
3 ၃ ဒုတိယလင်ယောကျာ်းကလည်း ထိုမိန်းမကို ဆက်လက်၍မပေါင်းသင်းလိုသဖြင့် ဖြတ်စာ ကိုပေး၍အိမ်မှဆင်းသွားစေသောအခါ ၌သော်လည်းကောင်း၊ သူကိုယ်တိုင်သေဆုံး သွားသော်လည်းကောင်း၊-
Iwapo mume wa pili akamchukia na kumwandikia talaka, akaiweka mkononi mwake, na kumfukuza nyumbani kwake; au huyu mume wa pili akafariki, mwanamume aliyemchukua kuwa mke wake –
4 ၄ ပထမလင်ယောကျာ်းသည်သူ့အား နောက်တစ် ဖန်မယားအဖြစ်မပေါင်းသင်းရ။ အဘယ် ကြောင့်ဆိုသော်ထိုမိန်းမသည် ညစ်ညမ်းသွား ပြီဟုယူဆရမည်။ ထာဝရဘုရားသည် ယင်းသို့နောက်ထပ်အိမ်ထောင်ပြုခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ မည့်ပြည်တွင် ထိုကဲ့သို့သောဆိုးရွားသည့် အပြစ်ကိုမကူးလွန်ရ။
basi mume wa awali, yule aliyemfukuza mara ya kwanza, haruhusiwi kumchukua tena awe mke wake, baada ya yeye kuwa mchafu, kwa maana hiyo itakuwa ni chukizo kwa Yahwe. Hautakiwi kusababisha nchi iwe na hatia, nchi ambayo Yahwe Mungu wako anakupatia kama urithi.
5 ၅ ``မိန်းမနှင့်ထိမ်းမြားလက်ထပ်ပြီးကာစ ယောကျာ်းတစ်ဦးကိုစစ်မှုမထမ်းစေရ။ အခြား သောပြည်သူ့တာဝန်ကိုလည်းမထမ်းစေရ။ သူ၏ဇနီးနှင့်အတူအိမ်တွင်ပျော်ရွှင်စွာနေ ထိုင်နိုင်ရန် ထိုတာဝန်များမှတစ်နှစ်ကင်းလွတ် ခွင့်ပေးရမည်။
Mwanamume atakapochukua mke mpya, hatakwenda vitani na jeshi, na wala hataamrishwa kwenda kwenye shughuli yoyote ya kulazimishwa; atakuwa huru kuwa nyumbani kwa mwaka mzima na atamfurahisha mke wake aliyemchukua.
6 ၆ ``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။
Mwanamume yeyote hatachukua kinu wala jiwe la kinu kama dhamana, kwa maana hivyo itakuwa kuchukua Maisha ya mtu kama dhamana.
7 ၇ ``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။
Iwapo mwanamume kakutwa kamteka mmoja wa kaka zake miongoni mwa watu wa Israeli, na kumtendea kama mtumwa na kisha kumuuza, huyo mwizi lazima afe; na utakuwa umeondoa uovu miongoni mwenu.
8 ၈ ``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။-
Kuwa mwangalifu kuhusu kiini chochote cha ukoma, ili kwamba uwe makini katika kuchunguza na kufuata kila agizo linalopewa kwako ambalo makuhani, Walawi, wanakufundisha; kama nilivyowaamuru, ili utekeleze.
9 ၉ ငါတို့သည်အီဂျစ်ပြည်မှထွက်ခွာလာစဉ်က သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအားမည်ကဲ့သို့ဒဏ်ခတ်တော်မူခဲ့ ကြောင်းကိုသတိရကြလော့။
Kumbukeni nini Yahwe Mungu wako alichomfanya Miriam ulipokuwa ukitoka Misri.
10 ၁၀ ``သင်တို့သည်လူတစ်ဦးအားတစ်စုံတစ်ခုကို ချေးငှားသောအခါ ထိုသူအပေါင်ထားသော အဝတ်အင်္ကျီကိုယူရန်သူ၏အိမ်ထဲသို့မဝင် ရ။-
Utoapo mkopo wa aina yoyote kwa jirani yako, hautakiwi kwenda ndani ya nyumba yake kutafuta dhamana yake.
11 ၁၁ ထိုသူကိုယ်တိုင်ယူလာသောအပေါင်ပစ္စည်း ကိုအိမ်အပြင်မှာစောင့်၍ယူရမည်။-
Utasimama nje, na mwanamume aliyekopa kwako ataleta dhamana yake nje kwako.
12 ၁၂ သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။-
Iwapo ni mtu maskini, hautakiwi kulala na dhamana yake ikiwa mikononi mwako.
13 ၁၃ သူသည်ထိုအင်္ကျီကိုဝတ်၍အိပ်နိုင်ရန်ည နေတိုင်းပြန်ပေးလော့။ ထိုအခါသူသည် သင့်အားကျေးဇူးတင်လိမ့်မည်။ သင်၏ ဘုရားသခင်ထာဝရဘုရားသည်လည်း သင့်ကိုနှစ်သက်တော်မူလိမ့်မည်။
Hakika unapaswa kumrejeshea dhamana yake kabla jua halijazama, ili aweze kulala ndani ya vazi lake na akubariki; itakuwa utakatifu kwako mbele za Yahwe Mungu wako.
14 ၁၄ ``သင်တို့၏မြို့တွင်နေထိုင်သောဆင်းရဲနွမ်း ပါးသည့် ဣသရေလအမျိုးသားအစေခံ ကိုသော်လည်းကောင်း၊ လူမျိုးခြားသား အစေခံကိုသော်လည်းကောင်းမလိမ်လည် မလှည့်ဖြားနှင့်။-
Hautakiwi kumuonea mtumishi wa kuajiriwa ambaye ni maskini na mhitaji, hata kama ni jamaa wa Israeli, au ni kati ya wageni mbao wamo katika nchi ndani ya malango ya mji wako;
15 ၁၅ နေ့စဉ်နေမဝင်မီသူ့အားနေ့တွက်ခကိုပေး ရမည်။ သူသည်ဆင်းရဲသဖြင့်ထိုငွေကိုရ လို၏။ သင်သည်အခငွေကိုမပေးလျှင် သူ သည်ထာဝရဘုရားထံလျှောက်ထားသဖြင့် သင်သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။
Kila siku unapaswa kumlipa mshahara wake; jua halipaswi kuzama kabla ya suala hili kutatuliwa, kwa maana ni maskini na anautegemea. Fanya hivi ili asilie dhidi yako kwa Yahwe, na kwamba isiwe ikawa dhambi ambayo umeitenda.
16 ၁၆ ``သားသမီးတို့၏ပြစ်မှုကြောင့် မိဘတို့သေ ဒဏ်မခံစေရ။ ထိုနည်းတူမိဘတို့၏ပြစ်မှု ကြောင့် သားသမီးတို့သေဒဏ်မခံစေရ။ လူ တိုင်းမိမိ၏ပြစ်မှုကြောင့်သာသေဒဏ်ခံ စေရမည်။
Wazazi hawapaswi kuuwawa kwa niaba ya watoto wao, na wala watoto hawapaswi kuuawa kwa niaba ya wazazi wao. Badala yake, kila mtu anapaswa kuuwawa kwa dhambi yake mwenyewe.
17 ၁၇ ``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-
Haupaswi kutumia nguvu kuchukua haki inayomhusu mgeni au yatima, wala kuchukua vazi la mjane kama dhamana.
18 ၁၈ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား လွတ်မြောက်စေတော်မူခဲ့ကြောင်းကိုလည်း ကောင်းသတိရကြလော့။ ထို့ကြောင့်ငါသည် သင်တို့အားဤပညတ်ကိုပေး၏။
Badala yake, unapaswa ukumbuke ya kwamba ulikuwa mtumwa Misri, na kwamba Yahwe Mungu wako alikukomboa kutoka kule. Kwa hiyo ninakuagiza kutii amri hii.
19 ၁၉ ``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
Utakapovuna zao lako shambani mwako, na ukasahau kipande cha mbegu shambani, haupaswi kurudi na kukichukua; kinapaswa kuwa cha mgeni, cha yatima, au cha mjane, ili Yahwe Mungu wako akubariki katika kazi ya mikono yako.
20 ၂၀ သံလွင်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန် သောအသီးများကိုလူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများ အတွက်ချန်ထားရမည်။-
Utakapotikisa mti wako wa mzeituni, haupaswi kupanda juu ya matawi tena; itakuwa kwa ajili ya mgeni, kwa yatima na kwa mjane.
21 ၂၁ စပျစ်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန်သော အသီးများကို လူမျိုးခြားများမိဘမဲ့ ကလေးများနှင့် မုဆိုးမများအတွက်ချန် ထားရမည်။-
Utakapokusanya mizabibu shambani mwako, haupaswi kukusanya masazo yake tena. Kinachobaki kitakuwa cha mgeni, cha yatima na cha mjane.
22 ၂၂ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ရ ဖူးကြောင်းကို ဘယ်သောအခါမျှမမေ့ ကြနှင့်။ ထို့ကြောင့်ငါသည်သင်တို့အားဤ ပညတ်ကိုပေး၏။
Unatakiwa ukumbuke kuwa ulikuwa mtumwa katika nchi ya Misri; kwa hiyo nakuagiza kutii amri hii.