< တရားဟောရာ 24 >
1 ၁ ``ယောကျာ်းတစ်ဦးသည်မိန်းမတစ်ဦးနှင့်ထိမ်း မြားလက်ထပ်ပြီးနောက် ထိုမိန်းမတွင်မနှစ် မြို့စရာတွေ့မြင်လာသဖြင့် ဆက်လက်၍ မပေါင်းသင်းလိုသော်သူသည် ထိုမိန်းမအား ဖြတ်စာကိုရေးပေး၍အိမ်မှဆင်းသွား စေရမည်။-
Cuando alguno tomare mujer y se casare con ella, si después no le agradare por haber hallado en ella alguna cosa torpe, le escribirá carta de repudio, y se la entregará en su mano, y la despedirá de su casa.
2 ၂ အကယ်၍ထိုမိန်းမသည် အခြားယောကျာ်း တစ်ဦးနှင့်နောက်ထပ်အိမ်ထောင်ပြု၍၊-
Y salida de su casa, podrá ir y casarse con otro varón.
3 ၃ ဒုတိယလင်ယောကျာ်းကလည်း ထိုမိန်းမကို ဆက်လက်၍မပေါင်းသင်းလိုသဖြင့် ဖြတ်စာ ကိုပေး၍အိမ်မှဆင်းသွားစေသောအခါ ၌သော်လည်းကောင်း၊ သူကိုယ်တိုင်သေဆုံး သွားသော်လည်းကောင်း၊-
Y si la aborreciere el postrer varón, y le escribiere carta de repudio, y se la entregare en su mano, y la despidiere de su casa; o si muriere el postrer varón que la tomó para sí por mujer,
4 ၄ ပထမလင်ယောကျာ်းသည်သူ့အား နောက်တစ် ဖန်မယားအဖြစ်မပေါင်းသင်းရ။ အဘယ် ကြောင့်ဆိုသော်ထိုမိန်းမသည် ညစ်ညမ်းသွား ပြီဟုယူဆရမည်။ ထာဝရဘုရားသည် ယင်းသို့နောက်ထပ်အိမ်ထောင်ပြုခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ မည့်ပြည်တွင် ထိုကဲ့သို့သောဆိုးရွားသည့် အပြစ်ကိုမကူးလွန်ရ။
no podrá su primer marido, que la despidió, volverla a tomar para que sea su mujer, después que fue inmunda; porque es abominación delante del SEÑOR, y no contaminarás la tierra que el SEÑOR tu Dios te da por heredad.
5 ၅ ``မိန်းမနှင့်ထိမ်းမြားလက်ထပ်ပြီးကာစ ယောကျာ်းတစ်ဦးကိုစစ်မှုမထမ်းစေရ။ အခြား သောပြည်သူ့တာဝန်ကိုလည်းမထမ်းစေရ။ သူ၏ဇနီးနှင့်အတူအိမ်တွင်ပျော်ရွှင်စွာနေ ထိုင်နိုင်ရန် ထိုတာဝန်များမှတစ်နှစ်ကင်းလွတ် ခွင့်ပေးရမည်။
Cuando tomare alguno mujer nueva, no saldrá a la guerra, ni en ninguna cosa se le ocupará; libre estará en su casa por un año, para alegrar a su mujer que tomó.
6 ၆ ``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။
No tomarás en prenda la muela de molino, ni la de abajo ni la de arriba, porque sería prendar la vida.
7 ၇ ``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။
Cuando fuere hallado alguno que haya hurtado persona de sus hermanos los hijos de Israel, y hubiere mercadeado con ella, o la hubiere vendido, el tal ladrón morirá, y quitarás el mal de en medio de ti.
8 ၈ ``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။-
Guárdate de llaga de lepra, guardando diligentemente, y haciendo según todo lo que os enseñaren los sacerdotes levitas; cuidaréis de hacer como les he mandado.
9 ၉ ငါတို့သည်အီဂျစ်ပြည်မှထွက်ခွာလာစဉ်က သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအားမည်ကဲ့သို့ဒဏ်ခတ်တော်မူခဲ့ ကြောင်းကိုသတိရကြလော့။
Acuérdate de lo que hizo el SEÑOR tu Dios a María en el camino, después que salisteis de Egipto.
10 ၁၀ ``သင်တို့သည်လူတစ်ဦးအားတစ်စုံတစ်ခုကို ချေးငှားသောအခါ ထိုသူအပေါင်ထားသော အဝတ်အင်္ကျီကိုယူရန်သူ၏အိမ်ထဲသို့မဝင် ရ။-
Cuando dieres a tu prójimo alguna cosa prestada, no entrarás en su casa para tomarle prenda.
11 ၁၁ ထိုသူကိုယ်တိုင်ယူလာသောအပေါင်ပစ္စည်း ကိုအိမ်အပြင်မှာစောင့်၍ယူရမည်။-
Fuera estarás, y el hombre a quien prestaste, te sacará afuera la prenda.
12 ၁၂ သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။-
Y si fuere hombre pobre, no duermas con su prenda.
13 ၁၃ သူသည်ထိုအင်္ကျီကိုဝတ်၍အိပ်နိုင်ရန်ည နေတိုင်းပြန်ပေးလော့။ ထိုအခါသူသည် သင့်အားကျေးဇူးတင်လိမ့်မည်။ သင်၏ ဘုရားသခင်ထာဝရဘုရားသည်လည်း သင့်ကိုနှစ်သက်တော်မူလိမ့်မည်။
Sin falta le devolverás la prenda cuando el sol se ponga, para que duerma en su ropa, y te bendiga; y te será justicia delante del SEÑOR tu Dios.
14 ၁၄ ``သင်တို့၏မြို့တွင်နေထိုင်သောဆင်းရဲနွမ်း ပါးသည့် ဣသရေလအမျိုးသားအစေခံ ကိုသော်လည်းကောင်း၊ လူမျိုးခြားသား အစေခံကိုသော်လည်းကောင်းမလိမ်လည် မလှည့်ဖြားနှင့်။-
No hagas violencia al jornalero pobre y menesteroso, así de tus hermanos como de tus extranjeros que están en tu tierra en tus ciudades.
15 ၁၅ နေ့စဉ်နေမဝင်မီသူ့အားနေ့တွက်ခကိုပေး ရမည်။ သူသည်ဆင်းရဲသဖြင့်ထိုငွေကိုရ လို၏။ သင်သည်အခငွေကိုမပေးလျှင် သူ သည်ထာဝရဘုရားထံလျှောက်ထားသဖြင့် သင်သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။
En su día le darás su jornal, y el sol no se pondrá sobre él; pues es pobre, y con él sustenta su vida; para que no clame contra ti al SEÑOR, y sea en ti pecado.
16 ၁၆ ``သားသမီးတို့၏ပြစ်မှုကြောင့် မိဘတို့သေ ဒဏ်မခံစေရ။ ထိုနည်းတူမိဘတို့၏ပြစ်မှု ကြောင့် သားသမီးတို့သေဒဏ်မခံစေရ။ လူ တိုင်းမိမိ၏ပြစ်မှုကြောင့်သာသေဒဏ်ခံ စေရမည်။
Los padres no morirán por los hijos, ni los hijos por los padres; cada uno morirá por su pecado.
17 ၁၇ ``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-
No torcerás el derecho del extranjero ni del huérfano; ni tomarás por prenda la ropa de la viuda;
18 ၁၈ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား လွတ်မြောက်စေတော်မူခဲ့ကြောင်းကိုလည်း ကောင်းသတိရကြလော့။ ထို့ကြောင့်ငါသည် သင်တို့အားဤပညတ်ကိုပေး၏။
mas acuérdate que fuiste siervo en Egipto, y de allí te rescató el SEÑOR tu Dios; por tanto, yo te mando que hagas esto.
19 ၁၉ ``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
Cuando segares tu mies en tu tierra, y olvidares alguna gavilla en el campo, no volverás a tomarla; del extranjero, o del huérfano, o de la viuda será; para que te bendiga el SEÑOR tu Dios en toda obra de tus manos.
20 ၂၀ သံလွင်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန် သောအသီးများကိုလူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများ အတွက်ချန်ထားရမည်။-
Cuando sacudieres tus olivas, no recorrerás las ramas tras ti; del extranjero, del huérfano, y de la viuda será.
21 ၂၁ စပျစ်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန်သော အသီးများကို လူမျိုးခြားများမိဘမဲ့ ကလေးများနှင့် မုဆိုးမများအတွက်ချန် ထားရမည်။-
Cuando vendimiares tu viña, no rebuscarás tras ti; del extranjero, del huérfano, y de la viuda será.
22 ၂၂ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ရ ဖူးကြောင်းကို ဘယ်သောအခါမျှမမေ့ ကြနှင့်။ ထို့ကြောင့်ငါသည်သင်တို့အားဤ ပညတ်ကိုပေး၏။
Y acuérdate que fuiste siervo en tierra de Egipto; por tanto, yo te mando que hagas esto.