< တရားဟောရာ 24 >

1 ``ယောကျာ်း​တစ်​ဦး​သည်​မိန်း​မ​တစ်​ဦး​နှင့်​ထိမ်း မြား​လက်​ထပ်​ပြီး​နောက် ထို​မိန်း​မ​တွင်​မ​နှစ် မြို့​စ​ရာ​တွေ့​မြင်​လာ​သ​ဖြင့် ဆက်​လက်​၍ မ​ပေါင်း​သင်း​လို​သော်​သူ​သည် ထို​မိန်းမ​အား ဖြတ်​စာ​ကို​ရေး​ပေး​၍​အိမ်​မှ​ဆင်း​သွား စေ​ရ​မည်။-
"Misalkan seorang laki-laki kawin dengan seorang gadis, dan kemudian tidak menginginkannya lagi karena ia mendapati sesuatu yang memalukan padanya. Lalu laki-laki itu menyerahkan surat cerai kepadanya dan mengusir dia dari rumahnya.
2 အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊-
Kemudian wanita itu kawin dengan seorang laki-laki lain.
3 ဒု​တိ​ယ​လင်​ယောကျာ်း​က​လည်း ထို​မိန်း​မ​ကို ဆက်​လက်​၍​မ​ပေါင်း​သင်း​လို​သ​ဖြင့် ဖြတ်​စာ ကို​ပေး​၍​အိမ်​မှ​ဆင်း​သွား​စေ​သော​အ​ခါ ၌​သော်​လည်း​ကောင်း၊ သူ​ကိုယ်​တိုင်​သေ​ဆုံး သွား​သော်​လည်း​ကောင်း၊-
Tetapi sesudah beberapa waktu laki-laki itu tidak suka lagi kepadanya, lalu menyerahkan surat cerai kepadanya dan mengusir dia. Atau mungkin juga suami yang kedua itu meninggal.
4 ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။
Dalam kedua hal suami yang pertama tak boleh mengawini wanita itu lagi; ia harus memandangnya sebagai wanita yang sudah dicemarkan. Kalau ia mengawininya juga, perbuatan itu merupakan penghinaan terhadap TUHAN Allahmu. Kamu tak boleh melakukan dosa sejahat itu di negeri yang diberikan TUHAN kepadamu."
5 ``မိန်း​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​ပြီး​ကာ​စ ယောကျာ်း​တစ်​ဦး​ကို​စစ်​မှု​မ​ထမ်း​စေ​ရ။ အ​ခြား သော​ပြည်​သူ့​တာ​ဝန်​ကို​လည်း​မ​ထမ်း​စေ​ရ။ သူ​၏​ဇနီး​နှင့်​အ​တူ​အိမ်​တွင်​ပျော်​ရွှင်​စွာ​နေ ထိုင်​နိုင်​ရန် ထို​တာ​ဝန်​များ​မှ​တစ်​နှစ်​ကင်း​လွတ် ခွင့်​ပေး​ရ​မည်။
"Seorang laki-laki yang baru saja kawin tak boleh disuruh masuk tentara dan pergi berperang atau melakukan tugas umum lainnya. Ia harus dibebastugaskan selama satu tahun untuk mengurus rumah tangganya dan menyenangkan hati istrinya.
6 ``သင်​သည်​တစ်​စုံ​တစ်​ခု​ကို​ချေး​ငှား​သော အ​ခါ စ​ပါး​ကြိတ်​ဆုံ​ကျောက်​များ​ကို​အ​ပေါင် ပစ္စည်း​အ​ဖြစ်​လက်​မ​ခံ​ရ။ ထို​သို့​ပြု​လျှင် ချေး​ငှား​သူ​၏​အ​သက်​ကို အ​ပေါင်​ခံ​ခြင်း လက်​ခံ​ရာ​ရောက်​မည်။
Kalau kamu meminjamkan sesuatu kepada orang lain, janganlah mengambil sebagai jaminan batu yang dipakai orang itu untuk menggiling gandumnya. Dengan mengambil batu itu, kamu merampas alat yang dipakai keluarganya untuk penyambung hidup.
7 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။
Orang yang menculik orang sebangsanya lalu memperlakukan dia sebagai budak atau menjualnya, harus dihukum mati. Dengan demikian kamu memberantas kejahatan itu.
8 ``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-
Apabila terdapat penyakit kulit yang berbahaya, lakukanlah dengan teliti apa yang diperintahkan imam-imam Lewi kepadamu; ikutilah petunjuk-petunjuk yang saya berikan kepada mereka.
9 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​က သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​ရိ​အံ​အား​မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့ ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။
Ingatlah apa yang dilakukan TUHAN Allahmu terhadap Miryam dalam perjalananmu keluar dari Mesir.
10 ၁၀ ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-
Kalau kamu meminjamkan sesuatu kepada sesamamu, janganlah masuk ke dalam rumahnya untuk mengambil bajunya yang dijadikan jaminan.
11 ၁၁ ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-
Tunggulah di luar dan biarkan ia sendiri membawanya kepadamu.
12 ၁၂ သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-
Kalau orang itu miskin, baju itu tak boleh kautahan sepanjang malam,
13 ၁၃ သူ​သည်​ထို​အင်္ကျီ​ကို​ဝတ်​၍​အိပ်​နိုင်​ရန်​ည နေ​တိုင်း​ပြန်​ပေး​လော့။ ထို​အ​ခါ​သူ​သည် သင့်​အား​ကျေး​ဇူး​တင်​လိမ့်​မည်။ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင့်​ကို​နှစ်​သက်​တော်​မူ​လိမ့်​မည်။
tetapi harus dikembalikan kepadanya setiap malam, supaya ia dapat memakainya untuk tidur. Maka ia akan berterima kasih dan TUHAN Allahmu akan berkenan kepadamu.
14 ၁၄ ``သင်​တို့​၏​မြို့​တွင်​နေ​ထိုင်​သော​ဆင်း​ရဲ​နွမ်း ပါး​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​စေ​ခံ ကို​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​သား အ​စေ​ခံ​ကို​သော်​လည်း​ကောင်း​မ​လိမ်​လည် မ​လှည့်​ဖြား​နှင့်။-
Jangan memeras orang upahan yang miskin dan berkekurangan, baik orang sebangsamu, maupun orang asing yang tinggal di salah satu kotamu.
15 ၁၅ နေ့​စဉ်​နေ​မ​ဝင်​မီ​သူ့​အား​နေ့​တွက်​ခ​ကို​ပေး ရ​မည်။ သူ​သည်​ဆင်း​ရဲ​သ​ဖြင့်​ထို​ငွေ​ကို​ရ လို​၏။ သင်​သည်​အ​ခ​ငွေ​ကို​မ​ပေး​လျှင် သူ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက်​ထား​သ​ဖြင့် သင်​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။
Setiap hari sebelum matahari terbenam kamu harus membayar upahnya untuk kerja hari itu; ia mengharapkan uang itu karena ia memerlukannya. Kalau kamu tidak membayar upahnya, ia akan berseru kepada TUHAN untuk minta tolong terhadap kamu, dan kamu dinyatakan berdosa.
16 ၁၆ ``သား​သ​မီး​တို့​၏​ပြစ်​မှု​ကြောင့် မိ​ဘ​တို့​သေ ဒဏ်​မ​ခံ​စေ​ရ။ ထို​နည်း​တူ​မိ​ဘ​တို့​၏​ပြစ်​မှု ကြောင့် သား​သ​မီး​တို့​သေ​ဒဏ်​မ​ခံ​စေ​ရ။ လူ တိုင်း​မိ​မိ​၏​ပြစ်​မှု​ကြောင့်​သာ​သေ​ဒဏ်​ခံ စေ​ရ​မည်။
Jangan menghukum mati orang tua karena kejahatan yang dilakukan anaknya, dan jangan menghukum mati anak karena kejahatan yang dilakukan orang tuanya. Setiap orang hanya boleh dihukum mati karena kejahatan yang dilakukannya sendiri.
17 ၁၇ ``သင်​တို့​သည်​လူ​မျိုး​ခြား​နှင့်​မိ​ဘ​မဲ့​က​လေး တို့​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး​ကို​ပေး​ရ​မည်။ မု​ဆိုး​မ​၏​အ​ဝတ်​အင်္ကျီ​ကို​အ​ပေါင်​ပစ္စည်း အ​ဖြစ်​မ​ယူ​ရ။-
Jangan merampas hak orang asing dan anak yatim piatu, dan jangan mengambil pakaian seorang janda untuk jaminan.
18 ၁၈ သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား လွတ်​မြောက်​စေ​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သ​တိ​ရ​ကြ​လော့။ ထို့​ကြောင့်​ငါ​သည် သင်​တို့​အား​ဤ​ပညတ်​ကို​ပေး​၏။
Ingatlah bahwa kamu pernah menjadi budak di Mesir dan dibebaskan TUHAN Allahmu; itulah sebabnya saya memberi peraturan ini kepadamu.
19 ၁၉ ``သင်​တို့​သည်​ကောက်​ပင်​များ​ကို​ရိတ်​သိမ်း သော​အ​ခါ ကျန်​ရစ်​သော​ကောက်​လှိုင်း​များ​ကို တစ်​ပတ်​ပြန်​ကြော့​၍​မ​စု​သိမ်း​ရ။ ထို​ကောက် လှိုင်း​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ခဲ့​ရ​မည်။ ယင်း​အ​တိုင်း​ပြု​ပါ​မူ​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ပြု​လေ​သ​မျှ​ကို​ကောင်းချီး​ပေး​တော်​မူ လိမ့်​မည်။-
Apabila kamu mengumpulkan hasil tanahmu, janganlah kembali untuk mengambil berkas gandum yang tertinggal. Gandum itu harus dibiarkan untuk orang asing, anak yatim piatu dan para janda, supaya kamu diberkati TUHAN Allahmu dalam segala usahamu.
20 ၂၀ သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-
Sesudah kamu sekali memetik buah zaitun dan buah anggurmu, janganlah kembali untuk mengumpulkan buah-buah yang tertinggal. Itu harus kamu biarkan untuk orang asing, anak yatim piatu dan para janda.
21 ၂၁ စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-
22 ၂၂ သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ရ ဖူး​ကြောင်း​ကို ဘယ်​သော​အ​ခါ​မျှ​မ​မေ့ ကြ​နှင့်။ ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​ဤ ပ​ညတ်​ကို​ပေး​၏။
Ingatlah bahwa kamu pernah menjadi budak di Mesir; itulah sebabnya saya memberi peraturan ini kepadamu.

< တရားဟောရာ 24 >