< တရားဟောရာ 23 >

1 ``သင်း​ကွပ်​ထား​သော​ယောကျာ်း သို့​မ​ဟုတ် ယောကျာ်း​တန်​ဆာ​ပြတ်​နေ​သူ​အား ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​မ​ပါ ဝင်​စေ​ရ။
לֹֽא־יָבֹ֧א פְצֽוּעַ־דַּכָּ֛א וּכְר֥וּת שָׁפְכָ֖ה בִּקְהַ֥ל יְהוָֽה׃ ס
2 ``မိစ္ဆာ​မေ​ထုံ​သံ​ဝါ​သ​အား​ဖြင့်​ရ​သော​သား နှင့် ယင်း​၏​မျိုး​ဆက်​ဆယ်​ဆက်​တိုင်​အောင် ထာ ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင် မ​ပါ​ဝင်​စေ​ရ။
לֹא־יָבֹ֥א מַמְזֵ֖ר בִּקְהַ֣ל יְהוָ֑ה גַּ֚ם דֹּ֣ור עֲשִׂירִ֔י לֹא־יָ֥בֹא לֹ֖ו בִּקְהַ֥ל יְהוָֽה׃ ס
3 ``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-
לֹֽא־יָבֹ֧א עַמֹּונִ֛י וּמֹואָבִ֖י בִּקְהַ֣ל יְהוָ֑ה גַּ֚ם דֹּ֣ור עֲשִׂירִ֔י לֹא־יָבֹ֥א לָהֶ֛ם בִּקְהַ֥ל יְהוָ֖ה עַד־עֹולָֽם׃
4 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-
עַל־דְּבַ֞ר אֲשֶׁ֨ר לֹא־קִדְּמ֤וּ אֶתְכֶם֙ בַּלֶּ֣חֶם וּבַמַּ֔יִם בַּדֶּ֖רֶךְ בְּצֵאתְכֶ֣ם מִמִּצְרָ֑יִם וַאֲשֶׁר֩ שָׂכַ֨ר עָלֶ֜יךָ אֶת־בִּלְעָ֣ם בֶּן־בְּעֹ֗ור מִפְּתֹ֛ור אֲרַ֥ם נַהֲרַ֖יִם לְקַֽלְלֶֽךָּ׃
5 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-
וְלֹֽא־אָבָ֞ה יְהוָ֤ה אֱלֹהֶ֙יךָ֙ לִשְׁמֹ֣עַ אֶל־בִּלְעָ֔ם וַיַּהֲפֹךְ֩ יְהוָ֨ה אֱלֹהֶ֧יךָ לְּךָ֛ אֶת־הַקְּלָלָ֖ה לִבְרָכָ֑ה כִּ֥י אֲהֵֽבְךָ֖ יְהוָ֥ה אֱלֹהֶֽיךָ׃
6 သင်​တို့​၏​နိုင်ငံ​တည်​တံ့​သ​မျှ​ကာ​လ​ပတ် လုံး ထို​လူ​မျိုး​တို့​၏​အ​ကျိုး​ကို​မ​ရှာ​ကြ နှင့်။
לֹא־תִדְרֹ֥שׁ שְׁלֹמָ֖ם וְטֹבָתָ֑ם כָּל־יָמֶ֖יךָ לְעֹולָֽם׃ ס
7 ``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-
לֹֽא־תְתַעֵ֣ב אֲדֹמִ֔י כִּ֥י אָחִ֖יךָ ה֑וּא ס לֹא־תְתַעֵ֣ב מִצְרִ֔י כִּי־גֵ֖ר הָיִ֥יתָ בְאַרְצֹֽו׃
8 ယင်း​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် တ​တိ​ယ​မျိုး​ဆက်​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​ပါ​ဝင်​နိုင်​၏။
בָּנִ֛ים אֲשֶׁר־יִוָּלְד֥וּ לָהֶ֖ם דֹּ֣ור שְׁלִישִׁ֑י יָבֹ֥א לָהֶ֖ם בִּקְהַ֥ל יְהוָֽה׃ ס
9 ``သင်​တို့​သည်​ရန်​သူ​ကို​စစ်​ချီ​တိုက်​ခိုက်​နေ စဉ် တပ်​စ​ခန်း​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ မ​သန့်​ရှင်း​မှု​ဟူ​သ​မျှ​ကို​ရှောင်​ကြဉ်​ရ​မည်။-
כִּֽי־תֵצֵ֥א מַחֲנֶ֖ה עַל־אֹיְבֶ֑יךָ וְנִ֨שְׁמַרְתָּ֔ מִכֹּ֖ל דָּבָ֥ר רָֽע׃
10 ၁၀ တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-
כִּֽי־יִהְיֶ֤ה בְךָ֙ אִ֔ישׁ אֲשֶׁ֛ר לֹא־יִהְיֶ֥ה טָהֹ֖ור מִקְּרֵה־לָ֑יְלָה וְיָצָא֙ אֶל־מִח֣וּץ לַֽמַּחֲנֶ֔ה לֹ֥א יָבֹ֖א אֶל־תֹּ֥וךְ הַֽמַּחֲנֶֽה׃
11 ၁၁ ထို​သူ​သည်​ည​နေ​အ​ချိန်​တွင်​ရေ​ချိုး​၍ နေ ဝင်​ချိန်​တွင်​တပ်​စ​ခန်း​ထဲ​သို့​ပြန်​ဝင်​နိုင်​သည်။
וְהָיָ֥ה לִפְנֹֽות־עֶ֖רֶב יִרְחַ֣ץ בַּמָּ֑יִם וּכְבֹ֣א הַשֶּׁ֔מֶשׁ יָבֹ֖א אֶל־תֹּ֥וךְ הַֽמַּחֲנֶה׃
12 ၁၂ ``ကျင်​ကြီး​စွန့်​ရာ​နေ​ရာ​ကို​တပ်​စ​ခန်း အ​ပြင်​၌​ထား​ရှိ​ရ​မည်။-
וְיָד֙ תִּהְיֶ֣ה לְךָ֔ מִח֖וּץ לַֽמַּחֲנֶ֑ה וְיָצָ֥אתָ שָׁ֖מָּה חֽוּץ׃
13 ၁၃ သင်​တို့​သည်​တပ်​ပြင်​သို့​ထွက်​၍​ကျင်​ကြီး​စွန့် သော​အ​ခါ သင့်​ထံ​တွင်​သစ်​သား​တူ​ရွင်း​ကို အ​သင့်​ဆောင်​ထား​၍ ထို​တူ​ရွင်း​ဖြင့်​တွင်း​တူး ၍​ကျင်​ကြီး​ကို​ပြန်​ဖုံး​လော့။-
וְיָתֵ֛ד תִּהְיֶ֥ה לְךָ֖ עַל־אֲזֵנֶ֑ךָ וְהָיָה֙ בְּשִׁבְתְּךָ֣ ח֔וּץ וְחָפַרְתָּ֣ה בָ֔הּ וְשַׁבְתָּ֖ וְכִסִּ֥יתָ אֶת־צֵאָתֶֽךָ׃
14 ၁၄ သင်​တို့​ကို​ကာ​ကွယ်​လျက်​သင်​တို့​အား​အောင် ပွဲ​ခံ​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် တပ်​စ​ခန်း​တွင်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ တပ်​စ​ခန်း​ကို​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​စွာ​ထား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မ​စွန့်​မ​ပယ် စေ​ရန်​မ​သန့်​ရှင်း​သော​အမှု​ဟူ​သ​မျှ​ကို မ​ပြု​လုပ်​ရ။
כִּי֩ יְהוָ֨ה אֱלֹהֶ֜יךָ מִתְהַלֵּ֣ךְ ׀ בְּקֶ֣רֶב מַחֲנֶ֗ךָ לְהַצִּֽילְךָ֙ וְלָתֵ֤ת אֹיְבֶ֙יךָ֙ לְפָנֶ֔יךָ וְהָיָ֥ה מַחֲנֶ֖יךָ קָדֹ֑ושׁ וְלֹֽא־יִרְאֶ֤ה בְךָ֙ עֶרְוַ֣ת דָּבָ֔ר וְשָׁ֖ב מֵאַחֲרֶֽיךָ׃ ס
15 ၁၅ ``သ​ခင်​ထံ​မှ​ထွက်​ပြေး​၍​သင့်​ထံ​သို့​ခို​လှုံ​ရန် ရောက်​ရှိ​လာ​သော​ကျွန်​ကို သူ​၏​သ​ခင်​ထံ​သို့ ပြန်​မ​ပို့​နှင့်။-
לֹא־תַסְגִּ֥יר עֶ֖בֶד אֶל־אֲדֹנָ֑יו אֲשֶׁר־יִנָּצֵ֥ל אֵלֶ֖יךָ מֵעִ֥ם אֲדֹנָֽיו׃
16 ၁၆ ထို​ကျွန်​သည်​သင်​တို့​၏​မြို့​များ​အ​နက် သူ​နေ ထိုင်​လို​သည့်​မြို့​၌​နေ​ခွင့်​ပြု​ရ​မည်။ သင်​သည် သူ့​ကို​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ရ။
עִמְּךָ֞ יֵשֵׁ֣ב בְּקִרְבְּךָ֗ בַּמָּקֹ֧ום אֲשֶׁר־יִבְחַ֛ר בְּאַחַ֥ד שְׁעָרֶ֖יךָ בַּטֹּ֣וב לֹ֑ו לֹ֖א תֹּונֶֽנּוּ׃ ס
17 ၁၇ ``ဣ​သ​ရေ​လ​လူ​မျိုး​ထဲ​မှ​ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​ကိုး​ကွယ်​ရာ​ဌာ​န​ဆိုင်​ရာ ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်​ရ။-
לֹא־תִהְיֶ֥ה קְדֵשָׁ֖ה מִבְּנֹ֣ות יִשְׂרָאֵ֑ל וְלֹֽא־יִהְיֶ֥ה קָדֵ֖שׁ מִבְּנֵ֥י יִשְׂרָאֵל׃
18 ၁၈ ပြည့်​တန်​ဆာ​အ​လုပ်​ဖြင့်​ရ​သော​ငွေ​ကို က​တိ သစ္စာ​ပြု​ချက်​အ​ရ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​လှူ​ဒါန်း ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​လုပ်​ကို​စက် ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
לֹא־תָבִיא֩ אֶתְנַ֨ן זֹונָ֜ה וּמְחִ֣יר כֶּ֗לֶב בֵּ֛ית יְהוָ֥ה אֱלֹהֶ֖יךָ לְכָל־נֶ֑דֶר כִּ֧י תֹועֲבַ֛ת יְהוָ֥ה אֱלֹהֶ֖יךָ גַּם־שְׁנֵיהֶֽם׃
19 ၁၉ ``သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​အား ငွေ၊ စား​စ​ရာ​သို့​မ​ဟုတ်​ပစ္စည်း တစ်​ခု​ခု​ကို​ချေး​ငှား​သော​အ​ခါ​အ​တိုး မ​ယူ​ရ။-
לֹא־תַשִּׁ֣יךְ לְאָחִ֔יךָ נֶ֥שֶׁךְ כֶּ֖סֶף נֶ֣שֶׁךְ אֹ֑כֶל נֶ֕שֶׁךְ כָּל־דָּבָ֖ר אֲשֶׁ֥ר יִשָּֽׁךְ׃
20 ၂၀ လူ​မျိုး​ခြား​များ​ထံ​မှ​အ​တိုး​ယူ​နိုင်​သော် လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ထံ​မှ အ​တိုး​မ​ယူ​ရ။ ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ သိမ်း​ယူ​မည့်​ပြည်​တွင်​သင်​တို့​ပြု​လေ​သ​မျှ ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
לַנָּכְרִ֣י תַשִּׁ֔יךְ וּלְאָחִ֖יךָ לֹ֣א תַשִּׁ֑יךְ לְמַ֨עַן יְבָרֶכְךָ֜ יְהוָ֣ה אֱלֹהֶ֗יךָ בְּכֹל֙ מִשְׁלַ֣ח יָדֶ֔ךָ עַל־הָאָ֕רֶץ אֲשֶׁר־אַתָּ֥ה בָא־שָׁ֖מָּה לְרִשְׁתָּֽהּ׃ ס
21 ၂၁ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​က​တိ​သစ္စာ​ထား​လျှင် ထို​ကတိ​သစ္စာ​ဝတ် ကို​ဖြေ​ရန်​မ​နှောင့်​နှေး​စေ​နှင့်။ အ​ကယ်​၍ နှောင့်​နှေး​ခဲ့​သော်​သင်​၌​အ​ပြစ်​ရောက်​လိမ့် မည်။-
כִּֽי־תִדֹּ֥ר נֶ֙דֶר֙ לַיהוָ֣ה אֱלֹהֶ֔יךָ לֹ֥א תְאַחֵ֖ר לְשַׁלְּמֹ֑ו כִּֽי־דָּרֹ֨שׁ יִדְרְשֶׁ֜נּוּ יְהוָ֤ה אֱלֹהֶ֙יךָ֙ מֵֽעִמָּ֔ךְ וְהָיָ֥ה בְךָ֖ חֵֽטְא׃
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​အား​ကတိ​မ​ထား​ဘဲ​နေ​လို လျှင်​နေ​နိုင်​၏။
וְכִ֥י תֶחְדַּ֖ל לִנְדֹּ֑ר לֹֽא־יִהְיֶ֥ה בְךָ֖ חֵֽטְא׃
23 ၂၃ သို့​ရာ​တွင်​မိ​မိ​၏​ဆန္ဒ​အ​လျောက်​ကတိ​သစ္စာ ထား​လျှင် ထို​ကတိ​အ​တိုင်း​တည်​စေ​ရ​မည်။
מֹוצָ֥א שְׂפָתֶ֖יךָ תִּשְׁמֹ֣ר וְעָשִׂ֑יתָ כַּאֲשֶׁ֨ר נָדַ֜רְתָּ לַיהוָ֤ה אֱלֹהֶ֙יךָ֙ נְדָבָ֔ה אֲשֶׁ֥ר דִּבַּ֖רְתָּ בְּפִֽיךָ׃ ס
24 ၂၄ ``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ​ရှိ လမ်း​အ​တိုင်း ဖြတ်​သန်း​သွား​သည့်​အ​ခါ စ​ပျစ်​သီး​များ​ကို လို​သ​လောက်​ဆွတ်​ခူး​စား​နိုင်​သော်​လည်း အ​ပို​မ​ယူ​သွား​ရ။-
כִּ֤י תָבֹא֙ בְּכֶ֣רֶם רֵעֶ֔ךָ וְאָכַלְתָּ֧ עֲנָבִ֛ים כְּנַפְשְׁךָ֖ שָׂבְעֶ֑ךָ וְאֶֽל־כֶּלְיְךָ֖ לֹ֥א תִתֵּֽן׃ ס
25 ၂၅ သင်​တို့​သည်​အ​မျိုး​သား​ချင်း​တစ်​ဦး​၏​လယ် ကန်​သင်း​အ​တိုင်း​ဖြတ်​သန်း​သွား​အ​ခါ လက် နှင့်​ဆွတ်​၍​ရ​သ​မျှ​သော​စပါး​နှံ​များ​ကို​စား နိုင်​သည်။ သို့​ရာ​တွင်​စပါး​နှံ​များ​ကို​တံ​စဉ် ဖြင့်​မ​ရိတ်​ရ။
כִּ֤י תָבֹא֙ בְּקָמַ֣ת רֵעֶ֔ךָ וְקָטַפְתָּ֥ מְלִילֹ֖ת בְּיָדֶ֑ךָ וְחֶרְמֵשׁ֙ לֹ֣א תָנִ֔יף עַ֖ל קָמַ֥ת רֵעֶֽךָ׃ ס

< တရားဟောရာ 23 >