< တရားဟောရာ 21 >
1 ၁ ``အကယ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် ကွင်းပြင်၌ လက်သည်မပေါ်သောလူသေအလောင်းတစ်ခု ကိုတွေ့ရအံ့။-
Дакэ, ын цара пе каре ць-о дэ ын стэпынире Домнул Думнезеул тэу, се гэсеште ынтинс ын мижлокул унуй кымп ун ом учис, фэрэ сэ се штие чине л-а ловит,
2 ၂ သင်တို့၏အကြီးအကဲများနှင့်တရားသူ ကြီးတို့သည်ကွင်းဆင်း၍ လူသေအလောင်း တွေ့ရှိသောအရပ်နှင့်နီးစပ်ရာမြို့များ၏ အကွာအဝေးကိုတိုင်းတာရမည်။-
бэтрыний ши жудекэторий тэй сэ се дукэ сэ мэсоаре депэртаря де ла трупул морт пынэ ын четэциле де примпрежур.
3 ၃ ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။-
Кынд се ва хотэры четатя чя май апропиятэ де трупул морт, бэтрыний дин четатя ачея сэ я о виця каре сэ ну фи фост пусэ ла мункэ ши каре сэ ну фи трас ла жуг.
4 ၄ ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-
Сэ дукэ вицяуа ачея ынтр-о вале ку апэ каре ну сякэ ничодатэ ши унде ну се арэ, нич ну се сямэнэ; ши аколо сэ тае капул вицелей, ын вале.
5 ၅ လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
Атунч сэ се апропие преоций, фиий луй Леви, кэч пе ей й-а алес Домнул Думнезеул тэу ка сэ-Й служяскэ ши сэ бинекувынтезе ын Нумеле Домнулуй, ши ей требуе сэ хотэраскэ ын орьче чартэ ши ын орьче рэнире.
6 ၆ ထို့နောက်လူသေအလောင်းတွေ့ရှိရာအရပ် နှင့်အနီးဆုံးမြို့မှအကြီးအကဲအပေါင်း တို့သည် နွားမအပေါ်တွင်လက်ကိုရေဆေး လျက်၊-
Тоць бэтрыний дин четатя ачея чя май апропиятэ де трупул морт сэ-шь спеле мыниле пе вицяуа кэрея й-ау тэят капул ын вале.
7 ၇ `အကျွန်ုပ်တို့သည်ထိုသူကိုမသတ်ပါ။ မည်သူသတ်သည်ဟူ၍အကျွန်ုပ်တို့မသိ ပါ။-
Ши, луынд кувынтул, сэ зикэ: ‘Мыниле ноастре н-ау вэрсат сынӂеле ачеста ши окий ноштри ну л-ау вэзут вэрсынду-се.
8 ၈ အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။-
Яртэ, Доамне, пе попорул Тэу Исраел, пе каре л-ай рэскумпэрат; ну пуне сынӂеле невиноват ын сокотяла попорулуй Тэу Исраел.’ Ши сынӂеле ачела ну-й ва фи пус ын сокотялэ.
9 ၉ သို့ဖြစ်၍ထာဝရဘုရားမိန့်မှာသည့် အတိုင်းဆောင်ရွက်ခြင်းဖြင့် သင်တို့သည် လူအသက်ကိုသတ်ခြင်းအပြစ်မှကင်း လွတ်ကြလိမ့်မည်။''
Астфел требуе сэ курэцешть дин мижлокул тэу сынӂеле невиноват, фэкынд че есте плэкут ынаинтя Домнулуй.
10 ၁၀ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် စစ်ပွဲအောင်စေသဖြင့် သင်တို့သည် သုံ့ပန်းများကိုလက်ရဖမ်းဆီးမိသော အခါ၊-
Кынд вей мерӂе ла рэзбой ымпотрива врэжмашилор тэй, дакэ Домнул ый дэ ын мыниле тале ши вей луа приншь дин ей,
11 ၁၁ သုံ့ပန်းများထဲမှရုပ်အဆင်းလှသောအမျိုး သမီးကိုမြင်၍ နှစ်သက်သဖြင့်လက်ထပ်ယူ လိုပေလိမ့်မည်။-
поате кэ принтре чей приншь вей ведя о фемее фрумоасэ ши вей дори с-о ей де невастэ.
12 ၁၂ သူ့ကိုသင်၏အိမ်သို့ခေါ်ဆောင်၍သူ၏ဆံပင် ကိုရိတ်စေရမည်။ လက်သည်းများကိုလှီးစေ ရမည်။-
Атунч с-о адучь ынэунтрул касей тале. Еа сэ-шь радэ капул ши сэ-шь тае унгииле,
13 ၁၃ အဝတ်အစားများကိုလဲစေရမည်။ သူသည် သင်၏အိမ်တွင်နေထိုင်၍ သူ၏မိဘများ အတွက်တစ်လကြာမျှဝမ်းနည်းပူဆွေး စေရမည်။-
сэ-шь лепеде хайнеле пе каре ле пурта кынд а фост принсэ, сэ локуяскэ ын каса та ши сэ плынгэ пе татэл ши пе мама ей о лунэ де зиле. Дупэ ачея, сэ те дучь ла еа, сэ-й фий бэрбат ши еа сэ-ць фие невастэ.
14 ၁၄ ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''
Дакэ ну-ць ва май плэчя, с-о лашь сэ плече унде ва вои, дар ну вей путя с-о винзь пе арӂинт, нич сэ те порць ку еа ка ши ку о роабэ, пентру кэ ай ынжосит-о.
15 ၁၅ ``အကယ်၍ယောကျာ်းတစ်ဦးတွင်မယားနှစ် ယောက်ရှိလျှင် မယားနှစ်ယောက်စလုံးတွင် သားယောကျာ်းများဖွားမြင်အံ့။ သားဦးသည် သူပို၍ချစ်သောမယား၏သားမဟုတ်။-
Дакэ ун ом каре аре доуэ невесте юбеште пе уна ши ну юбеште пе чялалтэ ши дакэ аре копий ку еле, дин каре ынтыюл нэскут есте де ла неваста пе каре н-о юбеште,
16 ၁၆ ထိုသူသည်မိမိ၏သားတို့အားအမွေခွဲဝေ ပေးသောအခါ သူပို၍ချစ်သောမယား၏သား အားသားဦးရထိုက်သောဝေစုကိုမပေးရ။-
кынд ышь ва ымпэрци авериле ынтре фиий луй, ну ва путя фаче ынтый нэскут пе фиул ачелея пе каре о юбеште, ын локул фиулуй ачелея пе каре н-о юбеште ши каре есте ынтыюл нэскут.
17 ၁၇ သားဦးသည်သူပို၍ချစ်သောမယား၏သား မဟုတ်သော်လည်း သူရသင့်ရထိုက်သောအမွေ ဥစ္စာနှစ်ဆကိုပေးရမည်။ ထိုသားသည်သား ဦးဖြစ်သည်ကိုအသိအမှတ်ပြုလျက် သူ့ အားတရားဝင်ရထိုက်သောဝေစုကိုပေး ရမည်။''
Чи сэ рекуноаскэ де ынтый нэскут пе фиул ачелея пе каре н-о юбеште ши сэ-й дя о парте ындоитэ дин аверя луй, кэч фиул ачеста есте чел динтый род ал путерий луй ши луй и се кувине дрептул де ынтый нэскут.
18 ၁၈ ``မိဘတို့ဆုံးမသော်လည်းမနာခံ ခေါင်းမာ၍ တော်လှန်တတ်သောသားရှိလျှင်၊-
Дакэ ун ом аре ун фиу неаскултэтор ши ындэрэтник, каре н-аскултэ нич де гласул татэлуй сэу, нич де гласул мамей луй ши ну-й аскултэ нич кяр дупэ че л-ау педепсит,
19 ၁၉ မိဘတို့သည်ထိုသားကိုမြို့၏အကြီး အကဲတို့ထံတွင်အစစ်ဆေးခံစေရမည်။-
татэл ши мама сэ-л я ши сэ-л дукэ ла бэтрыний четэций луй ши ла поарта локулуй ын каре локуеште.
20 ၂၀ မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
Сэ спунэ бэтрынилор четэций луй: ‘Ятэ, фиул ностру есте неаскултэтор ши ындэрэтник, н-аскултэ де гласул ностру ши есте лаком ши бецив.’
21 ၂၁ ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
Ши тоць оамений дин четатя луй сэ-л учидэ ку петре ши сэ моарэ. Астфел сэ курэцешть рэул дин мижлокул тэу, пентру ка тот Исраелул с-аудэ ши сэ се тямэ.
22 ၂၂ ``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊-
Дакэ се ва оморы ун ом каре а сэвыршит о нелеӂюире вредникэ де педяпса ку моартя ши л-ай спынзурат де ун лемн,
23 ၂၃ ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
трупул луй морт сэ ну стя ноаптя пе лемн, чи сэ-л ынгропь ын ачеяшь зи, кэч чел спынзурат есте блестемат ынаинтя луй Думнезеу, ши сэ ну спурчь цара пе каре ць-о дэ де моштенире Домнул Думнезеул тэу.