< တရားဟောရာ 20 >

1 ``သင်​တို့​သည်​ရန်​သူ​ကို​ချီ​တက်​တိုက်​ခိုက် ရာ​၌ သင်​တို့​ထက်​အင်​အား​ကြီး​မား​သော ရ​ထား​တပ်၊ မြင်း​တပ်​နှင့်​ခြေ​လျင်​တပ်​တို့ နှင့်​ရင်​ဆိုင်​ရ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။-
When thou goest out to battle against thy enemies, and seest horses, and chariots, [and] a people more than thou, be not afraid of them: for the LORD thy God [is] with thee, who brought thee out of the land of Egypt.
2 စစ်​ပွဲ​မ​ဝင်​မီ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် စစ်​တပ်​ရှေ့​သို့​ထွက်​၍၊-
And it shall be when ye are come nigh to the battle, that the priest shall approach and speak to the people,
3 `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​လော့။ ယ​နေ့​သင်​တို့​သည်​စစ်​ပွဲ​ထဲ​သို့​ဝင်​ရ​အံ့။ စိတ် ပျက်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​မ​ရှိ​ကြ​နှင့်။-
And shall say to them, Hear, O Israel, ye approach this day to battle against your enemies: let not your hearts faint, fear not, and do not tremble, neither be ye terrified because of them;
4 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။
For the LORD your God [is] he that goeth with you, to fight for you against your enemies, to save you.
5 ``ထို​နောက်​စစ်​ဗိုလ်​များ​က`သင်​တို့​တွင်​အိမ် သစ်​တစ်​ဆောင်​ကို​ဆောက်​၍ ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​ခြင်း​မ​ပြု​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော်​အ​ခြား​သူ​တစ်​ယောက်​က သူ့​အိမ် ကို​ဘု​ရား​သ​ခင်​ထံ​ဆက်​ကပ်​ရ​လိမ့်​မည်။-
And the officers shall speak to the people, saying, What man [is there] that hath built a new house, and hath not dedicated it? let him go and return to his house, lest he should die in the battle, and another man should dedicate it.
6 သင်​တို့​တွင်​စပျစ်​ခြံ​ကို​စိုက်​၍​အ​သီး​ကို​မ​စု သိမ်း​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍​သူ သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား​သူ တစ်​ယောက်​က​ခြံ​ထွက်​စ​ပျစ်​သီး​ကို​စား​ရ လိမ့်​မည်။-
And what man [is he] that hath planted a vineyard, and hath not [yet] eaten of it? let him [also] go and return to his house, lest he should die in the battle, and another man should eat of it.
7 သင်​တို့​တွင်​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ရန် စေ့​စပ်​ထား​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား သူ​တစ်​ယောက်​က​ထို​အ​မျိုး​သ​မီး​ကို​ထိမ်း မြား​လက်​ထပ်​လိမ့်​မည်' ဟု​တပ်​သား​တို့​အား ပြော​ဆို​ရ​မည်။
And what man [is there] that hath betrothed a wife, and hath not taken her? let him go and return to his house, lest he should die in battle, and another man should take her.
8 ``စစ်​ဗိုလ်​များ​က​ဆက်​လက်​၍`သင်​တို့​တွင် သူ​ရဲ​ဘော​နည်း​၍​ကြောက်​ရွံ့​သော​သူ​ရှိ သ​လော။ ရှိ​လျှင်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​သူ့​ကြောင့် အ​ခြား​သူ​တို့​စိတ်​ဋ္ဌာတ်​ကျ ဆင်း​လိမ့်​မည်​ဟု​တပ်​သား​တို့​အား​ပြော ဆို​ရ​မည်။-
And the officers shall speak further to the people, and they shall say, What man [is there that is] fearful and faint-hearted? let him go and return to his house, lest his brethren's heart should faint as well as his heart.
9 စစ်​ဗိုလ်​များ​က​တပ်​သား​တို့​အား​ပြော​ဆို​ပြီး နောက်​တပ်​ခွဲ​တစ်​ခု​စီ​မှ​ခေါင်း​ဆောင်​များ​ကို ရွေး​ချယ်​ခန့်​ထား​ရ​မည်။
And it shall be, when the officers have made an end of speaking to the people, that they shall make captains of the armies to lead the people.
10 ၁၀ ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို​စစ်​ချီ​တိုက်​ခိုက် သော​အ​ခါ ပ​ထ​မ​ဦး​စွာ​မြို့​သား​တို့​အား လက်​နက်​ချ​ခွင့်​ပေး​ရ​မည်။-
When thou comest nigh to a city to fight against it, then proclaim peace to it.
11 ၁၁ သူ​တို့​က​မြို့​တံ​ခါး​များ​ကို​ဖွင့်​၍​လက်​နက် ချ​လျှင် သူ​တို့​သည်​သင်​တို့​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ရ​သော​သင်​တို့​၏​ကျွန်​များ​ဖြစ် ရ​မည်။-
And it shall be, if it shall make thee answer of peace, and open to thee, then it shall be, [that] all the people [that are] found therein, shall be tributaries to thee, and they shall serve thee.
12 ၁၂ သို့​ရာ​တွင်​ထို​မြို့​သား​တို့​သည်​လက်​နက် မ​ချ​ဘဲ​ခု​ခံ​တိုက်​ခိုက်​မည်​ဆို​လျှင် သင်​တို့ ၏​စစ်​တပ်​သည်​မြို့​ကို​ဝိုင်း​ထား​ရ​မည်။-
And if it will make no peace with thee, but will make war against thee, then thou shalt besiege it:
13 ၁၃ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​မြို့​ကို​သိမ်း​ယူ​စေ​သော​အ​ခါ မြို့​ထဲ​၌​ရှိ​သော​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
And when the LORD thy God hath delivered it into thy hands, thou shalt smite every male of it with the edge of the sword:
14 ၁၄ သို့​ရာ​တွင်​မိန်း​မ​များ၊ က​လေး​များ၊ သိုး​နွား စ​သော​တိ​ရစ္ဆာန်​များ​နှင့်​မြို့​တွင်း​၌​ရှိ​သ​မျှ သော​ပစ္စည်း​များ​ကို သင်​တို့​အ​တွက်​သိမ်း​ယူ နိုင်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​ပိုင်​သ​မျှ ပစ္စည်း​အား​လုံး​ကို သင်​တို့​သုံး​စွဲ​ရန်​သင်​တို့ လက်​သို့​ပေး​အပ်​တော်​မူ​၏။-
But the women, and the little ones, and the cattle, and all that is in the city, [even] all the spoil of it, shalt thou take to thyself: and thou shalt eat the spoil of thy enemies, which the LORD thy God hath given thee.
15 ၁၅ သင်​တို့​နေ​ထိုင်​မည့်​ပြည်​နှင့်​အ​လှမ်း​ဝေး​သော မြို့​များ​ကို ဤ​နည်း​အ​တိုင်း​တိုက်​ခိုက်​သိမ်း​ပိုက် ရ​မည်။
Thus shalt thou do to all the cities [which are] very distant from thee, which [are] not of the cities of these nations.
16 ၁၆ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
But of the cities of these people which the LORD thy God doth give thee [for] an inheritance, thou shalt save alive nothing that breatheth:
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
But thou shalt utterly destroy them, [namely], the Hittites, and the Amorites, the Canaanites, and the Perizzites, the Hivites, and the Jebusites, as the LORD thy God hath commanded thee:
18 ၁၈ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။
That they may not teach you to do after all their abominations which they have done to their gods; so would ye sin against the LORD your God.
19 ၁၉ ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို ကြာ​မြင့်​စွာ​တပ် ချ​ဝိုင်း​ထား​ရ​သည့်​အ​ခါ​အ​သီး​ပင်​များ ကို​မ​ခုတ်​လှဲ​ရ။ အ​သီး​ကို​စား​နိုင်​သည်။ ထို အ​ပင်​များ​သည်​သင်​တို့​၏​ရန်​သူ​များ​မ​ဟုတ် သ​ဖြင့်​မ​ဖျက်​ဆီး​နှင့်။-
When thou shalt besiege a city a long time in making war against it to take it, thou shalt not destroy the trees of it by forcing an ax against them; for thou mayest eat of them: and thou shalt not cut them down (for the tree of the field [is] man's [life] ) to employ [them] in the siege:
20 ၂၀ မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။
Only the trees which thou knowest that they [are] not trees for food, thou shalt destroy and cut them down; and thou shalt build bulwarks against the city that maketh war with thee, until it shall be subdued.

< တရားဟောရာ 20 >