< တရားဟောရာ 18 >
1 ၁ ``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။-
「祭司利未人和利未全支派必在以色列中無分無業;他們所吃用的就是獻給耶和華的火祭和一切所捐的。
2 ၂ အခြားသောအမျိုးသားချင်းတို့ကဲ့သို့ကိုယ် ပိုင်နယ်မြေမရှိရ။ သူတို့၏ရပိုင်ခွင့်သည် ကားကတိတော်ရှိသည့်အတိုင်း ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ရသည့် အခွင့်ထူးပေတည်း။''
他們在弟兄中必沒有產業;耶和華是他們的產業,正如耶和華所應許他們的。
3 ၃ ``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-
祭司從百姓所當得的分乃是這樣:凡獻牛或羊為祭的,要把前腿和兩腮並脾胃給祭司。
4 ၄ စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။-
初收的五穀、新酒和油,並初剪的羊毛,也要給他;
5 ၅ ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
因為耶和華-你的上帝從你各支派中將他揀選出來,使他和他子孫永遠奉耶和華的名侍立,事奉。
6 ၆ ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊-
「利未人無論寄居在以色列中的哪一座城,若從那裏出來,一心願意到耶和華所選擇的地方,
7 ၇ ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
就要奉耶和華-他上帝的名事奉,像他眾弟兄利未人侍立在耶和華面前事奉一樣。
8 ၈ သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
除了他賣祖父產業所得的以外,還要得一分祭物與他們同吃。」
9 ၉ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
「你到了耶和華-你上帝所賜之地,那些國民所行可憎惡的事,你不可學着行。
10 ၁၀ သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
你們中間不可有人使兒女經火,也不可有占卜的、觀兆的、用法術的、行邪術的、
11 ၁၁ အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-
用迷術的、交鬼的、行巫術的、過陰的。
12 ၁၂ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုကဲ့သို့သောဋ္ဌလေ့ကိုကျင့်သောလူမျိုးများ ကိုရွံရှာတော်မူသောကြောင့် သင်တို့ချီတက် ရာလမ်းကြောင်းမှသူတို့ကိုနှင်ထုတ်လျက် ရှိတော်မူ၏။-
凡行這些事的都為耶和華所憎惡;因那些國民行這可憎惡的事,所以耶和華-你的上帝將他們從你面前趕出。
13 ၁၃ သင်တို့သည်ထာဝရဘုရားအား အကြွင်း မဲ့သစ္စာရှိကြလော့'' ဟုဆို၏။
你要在耶和華-你的上帝面前作完全人。」
14 ၁၄ ထို့နောက်မောရှေက``သင်တို့သိမ်းယူမည့်ပြည် တွင်နေထိုင်သူတို့သည်မှော်ဆရာ၊ ဗေဒင် ဆရာတို့ထံမှအကြံဉာဏ်တောင်းခံလေ့ ရှိကြ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုသို့တောင်းခံခြင်း ကိုသင်တို့အားခွင့်ပြုတော်မမူ။-
「因你所要趕出的那些國民都聽信觀兆的和占卜的,至於你,耶和華-你的上帝從來不許你這樣行。
15 ၁၅ ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''
耶和華-你的上帝要從你們弟兄中間給你興起一位先知,像我,你們要聽從他。
16 ၁၆ ``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။-
正如你在何烈山大會的日子求耶和華-你上帝一切的話,說:『求你不再叫我聽見耶和華-我上帝的聲音,也不再叫我看見這大火,免得我死亡。』
17 ၁၇ ထိုအခါထာဝရဘုရားကငါ့အား`သူတို့ ၏လျှောက်ထားချက်သည်သင့်မြတ်ပေ၏။-
耶和華就對我說:『他們所說的是。
18 ၁၈ ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-
我必在他們弟兄中間給他們興起一位先知,像你。我要將當說的話傳給他;他要將我一切所吩咐的都傳給他們。
19 ၁၉ သူသည်ငါ၏အခွင့်အာဏာနှင့်ဆင့်ဆိုလိမ့် မည်။ ထို့ကြောင့်သူ၏စကားကိုနားမထောင် သောသူအားငါဒဏ်ခတ်မည်။-
誰不聽他奉我名所說的話,我必討誰的罪。
20 ၂၀ ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
若有先知擅敢託我的名說我所未曾吩咐他說的話,或是奉別神的名說話,那先知就必治死。』
21 ၂၁ ``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
你心裏若說:『耶和華所未曾吩咐的話,我們怎能知道呢?』
22 ၂၂ သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''
先知託耶和華的名說話,所說的若不成就,也無效驗,這就是耶和華所未曾吩咐的,是那先知擅自說的,你不要怕他。」