< တရားဟောရာ 17 >

1 ``အ​ပြစ်​အ​နာ​အ​ဆာ​ပါ​ရှိ​သော​နွား​ထီး၊ သို့​မ​ဟုတ်​သိုး​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သို့​သော​ယဇ်​ကောင်​ကို​ရွံ​ရှာ တော်​မူ​၏။''
ပါသောသိုး ၊ နွား၊ ယုတ် သောလက္ခဏာ ပါသောသိုး၊ နွား ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။ ထိုသို့ သော ယဇ်ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏
2 ``အ​ကယ်​၍​သင်​တို့​၏​မြို့​ရွာ​များ​တွင် ယောကျာ်း သို့​မ​ဟုတ်​မိန်း​မ​တစ်​ဦး​ဦး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​လျက် အ​ခြား​သော​ဘု​ရား​များ​နှင့်​နေ၊ လ၊ ကြယ် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ အ​ပြစ် ကူး​လွန်​ကြောင်း​သ​တင်း​ကြား​မိ​လျှင်​စေ့ စေ့​စပ်​စပ်​စုံ​စမ်း​လော့။ ဣ​သ​ရေ​လ​အမျိုး သား​တို့​တွင်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​မှု ပြု​သည်​ကို​ဧ​ကန်​သိ​ရ​သော​အ​ခါ၊-
သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ တို့တွင်၊
3
နေ ၊ လ ၊ မိုဃ်း ကောင်းကင်တန်ဆာ အစရှိသော ငါမြစ်တား သမျှ အခြားတပါး သောဘုရား တို့ကိုသွား ၍ ဝတ်ပြု ကိုးကွယ် သဖြင့်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ပဋိညာဉ် ကိုလွန်ကျူး ၍၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ရှိ သည်ဟု၊
4
သင် သည် သိတင်းကြား ၍ စေ့စေ့ မေးမြန်းသောအခါ ၊ ဣသရေလ အမျိုး၌ ထို စက်ဆုပ် ရွံရှာဘွယ်သော အမှု ကို ပြု မိသည်မှန် လျှင်၊
5 ထို​ဒု​စ​ရိုက်​ကူး​လွန်​သူ​ကို​မြို့​ပြင်​သို့​ထုတ် လျက် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-
ထို ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ကို မြို့တံခါးဝ သို့ ထုတ် ပြီးလျှင် ၊ ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရမည်။
6 သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-
သက်သေခံ နှစ် ယောက် သုံး ယောက်ရှိလျှင် သေ ထိုက်သောသူသည် အသေ ခံရမည်။ သက်သေခံ တယောက် တည်းရှိလျှင် အသေ မ ခံရ။
7 သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''
ထိုသူ ကို အသေ သတ်စိမ့်သောငှာ ၊ သက်သေခံ တို့သည် အဦး ပြု ပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။ ထိုသို့ ပြုလျှင် သင် တို့မှ ဒုစရိုက် ကို ပယ် ရကြလိမ့်မည်။
8 ``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-
သင့် နေရာ မြို့တွင် လူ အသက်ကို သတ်ခြင်းအမှု၊ တရား တွေ့ခြင်းအမှု၊ လူ ချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
9 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တာ​ဝန်​ကျ​တ​ရား​သူကြီး​ထံ​အ​မှု​ကို တင်​ပြ​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ​ရ​မည်။-
ထို ကာလ အခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင် ချက်ကို ဘော်ပြ ရမည်။
10 ၁၀ သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​အ​တိုင်း​အ​တိ အ​ကျ​လိုက်​နာ​ရ​မည်။-
၁၀ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သားတို့သည် ဘော်ပြ သော စီရင် ချက်အတိုင်း ၊ သင်သည် ပြု ရမည်။ သူတို့သွန်သင် သည်အတိုင်း ပြု ရခြင်းငှာ စောင့်ရှောက် ရမည်။
11 ၁၁ သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-
၁၁သူတို့ဘော်ပြ သော ဓမ္မသတ် စီရင်ချက်၊ ကြားပြော သော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြု ရမည်။ သူတို့ပြ သော စီရင် ချက်မှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ရ။
12 ၁၂ တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-
၁၂သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ အမှု တော်ကို စောင့် သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နား မ ထောင်ဘဲ ရဲရင့် စွာပြု သော သူ ကို အသေ သတ်သဖြင့် ဣသရေလ အမျိုးမှ ဒုစရိုက် ကို ပယ် ရမည်။
13 ၁၃ ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ထို​သ​တင်း ကို​ကြား​၍​ကြောက်​ရွံ့​သ​ဖြင့် ထို​ကဲ့​သို့ နောက်​တစ်​ဖန်​ပြု​ဝံ့​မည်​မ​ဟုတ်​ချေ။''
၁၃ထို သိတင်းကို လူ ခပ်သိမ်း တို့သည် ကြား လျှင် ကြောက်ရွံ့ သောစိတ်ရှိသဖြင့် နောက် တဖန် ရဲရင့် စွာ မ ပြုဘဲနေကြလိမ့်မည်။
14 ၁၄ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-
၁၄သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင်သည် ဝင်စား ၍ နေသောအခါ ၊ သင်က၊ ငါ့ ပတ်လည် ၌ နေသော တပါး သော လူမျိုးအပေါင်း တို့ နည်းတူ ၊ ငါ သည် ရှင်ဘုရင် အရာ ၌ တစုံတယောက်ကို ချီးမြှောက် မည်ဟု ဆို လျှင်၊
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​သူ ကို​သာ​ဘု​ရင်​တင်​မြှောက်​ရ​မည်။ သူ​သည် သင်​တို့​၏​အ​မျိုး​သား​ချင်း​ထဲ​မှ​ဖြစ်​ရ မည်။ လူ​မျိုး​ခြား​ကို​ဘု​ရင်​မ​တင်​မြှောက်​ရ။-
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင် အရာ၌ ချီးမြှောက် ရမည်။ ညီအစ်ကို အမျိုးသားချင်းမ ဟုတ်သော တပါး အမျိုးသားကို မ ချီးမြှောက် ရ။
16 ၁၆ ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-
၁၆ထိုရှင်ဘုရင်သည် ကိုယ် အဘို့ များစွာ သော မြင်း တို့ကို မ မွေးရ။ မြင်း များပြား စေခြင်းငှာ အဲဂုတ္တု ပြည်သို့ လူ ကို မ ပြန် စေရ။ အကြောင်း မူကား၊ ထို လမ်း သို့ မ ပြန် မသွားရဟု ထာဝရဘုရား အမိန့် တော်ရှိ၏။
17 ၁၇ ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။-
၁၇သူ ၏ စိတ် နှလုံးသည် ဖောက်ပြန် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာ သော မယား တို့ကို မ ယူ ရ။ ရွှေ ငွေ ကိုလည်း များ စွာမ ဆည်းဖူး ရ။
18 ၁၈ ဘု​ရင်​သည်​နန်း​တက်​သော​အ​ခါ​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​တွင် ထား​ရှိ​သော ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​နှင့်​ဆုံး​မ သွန်​သင်​ချက်​များ​ပါ​ရှိ​သည့် ကျမ်း​စာ​ကို မိတ္တူ​ရေး​ကူး​ပြီး​လျှင်​လက်​ဝယ်​၌​ဆောင် ထား​စေ​ရ​မည်။-
၁၈ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊
19 ၁၉ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ၍ ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​လျှောက်​နိုင်​ရန် ထို​ကျမ်း​စာ​အုပ်​ကို​မိ​မိ အ​နီး​အ​ပါး​တွင်​ထား​လျက် တစ်​သက်​ပတ် လုံး​ဖတ်​ရှု​ရ​မည်။-
၁၉သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊
20 ၂၀ ဤ​နည်း​အား​ဖြင့်​သူ​သည်​မိ​မိ​၏​အ​မျိုး​သား ချင်း​တို့​ထက် သာ​သည်​ဟူ​၍​မာ​န​ထောင်​လွှား သော​စိတ်​ရှိ​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လည်း​လွန်​ဆန်​မည်​မ​ဟုတ်။ ထို​အ​ခါ​သူ​နှင့်​သူ​၏​အ​ဆက်​အ​နွယ်​တို့ သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အ​ဋ္ဌွန့်​ရှည်​စွာ အုပ်​စိုး​ရ​ကြ​လိမ့်​မည်။''
၂၀သူ ၏ညီအစ်ကို တို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မည်အကြောင်း ၊ နန်းတော် ပေါ် မှာ ထိုင် သောအခါ လေဝိ သား ယဇ်ပုရောဟိတ် ၌ ရှိသောဤ ဓမ္မပညတ်တရား စာ ကို ရေးကူး ၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှုဘတ်ရွတ်ရ မည်။

< တရားဟောရာ 17 >