< တရားဟောရာ 16 >
1 ၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
「你要注意亞筆月,向耶和華-你的上帝守逾越節,因為耶和華-你的上帝在亞筆月夜間領你出埃及。
2 ၂ သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
你當在耶和華所選擇要立為他名的居所,從牛群羊群中,將逾越節的祭牲獻給耶和華-你的上帝。
3 ၃ သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-
你吃這祭牲,不可吃有酵的餅;七日之內要吃無酵餅,就是困苦餅-你本是急忙出了埃及地-要叫你一生一世記念你從埃及地出來的日子。
4 ၄ သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။''
在你四境之內,七日不可見麵酵,頭一日晚上所獻的肉,一點不可留到早晨。
5 ၅ ``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
在耶和華-你上帝所賜的各城中,你不可獻逾越節的祭;
只當在耶和華-你上帝所選擇要立為他名的居所,晚上日落的時候,乃是你出埃及的時候,獻逾越節的祭。
7 ၇ သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
當在耶和華-你上帝所選擇的地方把肉烤了吃,次日早晨就回到你的帳棚去。
8 ၈ သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။
你要吃無酵餅六日,第七日要向耶和華-你的上帝守嚴肅會,不可做工。」
9 ၉ ``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-
「你要計算七七日:從你開鐮收割禾稼時算起,共計七七日。
10 ၁၀ ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ကောက်သိမ်း ပွဲတော်ကိုကျင်းပလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့အား ကောင်းချီးပေးတော်မူသည်နှင့်အမျှ စေတနာအလျောက်လှူဖွယ်သကာကို ထိုပွဲတော်သို့ယူဆောင်ဆက်ကပ်လော့။-
你要照耶和華-你上帝所賜你的福,手裏拿着甘心祭,獻在耶和華-你的上帝面前,守七七節。
11 ၁၁ သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
你和你兒女、僕婢,並住在你城裏的利未人,以及在你們中間寄居的與孤兒寡婦,都要在耶和華-你上帝所選擇立為他名的居所,在耶和華-你的上帝面前歡樂。
12 ၁၂ သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
你也要記念你在埃及作過奴僕。你要謹守遵行這些律例。」
13 ၁၃ ``သင်တို့သည်ကောက်နယ်တလင်းမှစပါးနှင့် ကျင်းထဲမှစပျစ်သီးများကိုနယ်ပြီးသည့် အခါ သစ်သီးသိမ်းပွဲတော်ကိုခုနစ်ရက် ပတ်လုံးကျင်းပရမည်။-
「你把禾場的穀、酒醡的酒收藏以後,就要守住棚節七日。
14 ၁၄ သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
守節的時候,你和你兒女、僕婢,並住在你城裏的利未人,以及寄居的與孤兒寡婦,都要歡樂。
15 ၁၅ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
在耶和華所選擇的地方,你當向耶和華-你的上帝守節七日;因為耶和華-你上帝在你一切的土產上和你手裏所辦的事上要賜福與你,你就非常地歡樂。
16 ၁၆ ``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
你一切的男丁要在除酵節、七七節、住棚節,一年三次,在耶和華-你上帝所選擇的地方朝見他,卻不可空手朝見。
各人要按自己的力量,照耶和華-你上帝所賜的福分,奉獻禮物。」
18 ၁၈ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
「你要在耶和華-你上帝所賜的各城裏,按着各支派設立審判官和官長。他們必按公義的審判判斷百姓。
19 ၁၉ တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
不可屈枉正直;不可看人的外貌。也不可受賄賂;因為賄賂能叫智慧人的眼變瞎了,又能顛倒義人的話。
20 ၂၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူသောပြည်ကိုသိမ်းယူ၍ ထို ပြည်တွင်ဆက်လက်နေထိုင်နိုင်အံ့သောငှာ သင်တို့သည်တရားမျှတစွာအစဉ်ပြုမူ ကျင့်ကြံရကြမည်။''
你要追求至公至義,好叫你存活,承受耶和華-你上帝所賜你的地。
21 ၂၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
「你為耶和華-你的上帝築壇,不可在壇旁栽甚麼樹木作為木偶。
22 ၂၂ ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''
也不可為自己設立柱像;這是耶和華-你上帝所恨惡的。