< တရားဟောရာ 15 >

1 ``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။-
“Her yedi yılın sonunda size borçlu olanları bağışlayacaksınız.
2 အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။-
Borçları bağışlama işini şöyle yapacaksınız: Her alacaklı, komşusunun borcunu bağışlayacak. Borcun ödenmesi için komşusunu ya da kardeşini zorlamayacak. Çünkü RAB'bin borçları bağışlama yılı duyurulmuştur.
3 လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။''
Yabancıdan borcunu alabilirsin. Ama İsrailli kardeşinin borcunu bağışlayacaksın.
4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-
“Aranızda yoksul kimse olmayacak. Tanrınız RAB'bin mülk edinmek için size vereceği ülkede Tanrınız RAB'bin sözünü can kulağıyla dinler, bugün size bildirdiğim bütün bu buyruklara özenle uyarsanız, O sizi kesinlikle kutsayacaktır.
5
6 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''
Tanrınız RAB verdiği söz uyarınca sizi kutsayacak. Siz birçok ulusa ödünç vereceksiniz, ama siz ödünç almayacaksınız. Siz birçok ulusu yöneteceksiniz, ama onlar sizi yönetmeyecek.
7 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။-
“Tanrınız RAB'bin size vereceği ülkenin herhangi bir kentinde yaşayan kardeşlerinizden biri yoksulsa, yüreğinizi katılaştırmayın, yoksul kardeşinize elisıkı davranmayın.
8 စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။-
Tersine, eliniz açık olsun; gereksinimlerini karşılayacak kadar ona ödünç verin.
9 အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။-
‘Yedinci yıl, borçları bağışlama yılı yakındır’ diyerek yüreğinizde kötü düşünce barındırmaktan sakının. Öyle ki, yoksul kardeşinize karşı elisıkı davranıp ona yardım etmekten kaçınmayasınız. Yoksul kardeşiniz sizden RAB'be yakınabilir, siz de günah işlemiş olursunuz.
10 ၁၀ ထို​သူ​အား​တွန့်​တို​သော​စိတ်​မ​ရှိ​ဘဲ​စေ​တ​နာ ဖြင့်​ပေး​ကမ်း​လော့။ ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား သည်​သင်​ပြု​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-
Ona bol bol verin, verirken yüreğinizde isteksizlik olmasın. Bundan ötürü Tanrınız RAB bütün işlerinizde ve el attığınız her şeyde sizi kutsayacaktır.
11 ၁၁ သင်​တို့​တွင်​ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​မြဲ​ရှိ​နေ​မည်။ ထို့​ကြောင့် သူ​တို့​အား ရက်​ရော​စွာ​ပေး​ကမ်း​ရန်​ငါ​ပ​ညတ် ၏။''
Ülkede her zaman yoksullar olacak. Bunun için, ülkenizde yaşayan kardeşlerinize, yoksullara, gereksinimi olanlara eliaçık davranmanızı buyuruyorum.”
12 ၁၂ ``ဣ​သ​ရေ​လ​အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး သ​မီး​တစ်​ဦး​ဦး​သည် သင့်​ထံ​၌​ခြောက်​နှစ် ကျွန်​ခံ​ပြီး​၍​သတ္တမ​နှစ်​သို့​ရောက်​သော​အ​ခါ သူ့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​ခွင့်​ပေး​ရ မည်။-
“Eğer İbrani kardeşlerinizden bir erkek ya da kadın size satılırsa, altı yıl size kölelik edecek, yedinci yıl onu özgür bırakacaksınız.
13 ၁၃ သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။-
Onu özgür bırakırken, eli boş göndermeyin.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​တို့ ၌​သိုး၊ စ​ပါး၊ စ​ပျစ်​ရည်​ကြွယ်​ဝ​ချမ်း​သာ​သည့် အ​တိုင်း ယင်း​ပစ္စည်း​မှ​သူ့​အား​ရက်​ရော​စွာ​ပေး ကမ်း​လော့။-
Ona davarlarınızdan, tahılınızdan, şarabınızdan bol bol verin. Tanrınız RAB'bin sizi kutsadığı oranda ona vereceksiniz.
15 ၁၅ သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''
Mısır'da köle olduğunuzu, Tanrınız RAB'bin sizi kurtardığını anımsayın. Bu buyruğu bugün size bunun için veriyorum.
16 ၁၆ ``သို့​ရာ​တွင်​ကျွန်​သည် သင်​နှင့်​သင်​၏​မိ​သား​စု ကို​ခင်​မင်​၍​ပျော်​ပိုက်​နေ​သ​ဖြင့် အိမ်​မှ​ထွက် မ​သွား​လို​ပါ​ဟု​ဆို​လျှင်၊-
“Eğer köleniz sizi ve ailenizi seviyorsa, sizden hoşnutsa, ‘Yanınızdan ayrılmak istemiyorum’ derse,
17 ၁၇ သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။-
bir biz alıp kölenin kulak memesinden sokarak kapıya geçirin; o zaman yaşam boyu köleniz olarak kalacaktır. Kadın kölelerinize de aynı şeyi yapın.
18 ၁၈ သင်​သည်​ကျွန်​တစ်​ယောက်​ကို​လွတ်​ခွင့်​ပေး ရာ​၌ စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​စေ​နှင့်။ စင်​စစ်​သူ​သည်​အ​စေ​ခံ​ငှား​ခ​ထက်​ဝက် မျှ​ဖြင့် ခြောက်​နှစ်​ပတ်​လုံး​သင့်​ထံ​၌​ကျွန်​ခံ​ခဲ့​လေ​ပြီ။ ယင်း​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင်​ရွက် သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။''
Kölenizi özgür bırakınca üzülmemelisiniz. Size hizmet ettiği bu altı yıl boyunca ücretli bir işçiden iki kat fazla iş görmüştür. Tanrınız RAB yaptığınız her işte sizi kutsayacaktır.”
19 ၁၉ ``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-
“Sığır ve davarlarınızın içinde ilk doğan her erkek hayvanı Tanrınız RAB'be ayıracaksınız. Sığırınızın ilk doğan öküzüyle iş yapmayacak, sürünüzün ilk doğan koyununu kırkmayacaksınız.
20 ၂၀ နှစ်​စဉ်​သင်​နှင့်​သင်​၏​မိ​သား​စု​တို့​သည် ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​တွင်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌ ထို​နွား​ဦး​ပေါက်​နှင့် သိုး​ဦး​ပေါက်​တို့​၏​အ​သား​ကို​စား​ရ​မည်။-
Siz ve aileniz her yıl Tanrınız RAB'bin önünde, O'nun seçeceği yerde onları yiyeceksiniz.
21 ၂၁ ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-
Bir hayvanın özürü varsa, topal ya da körse, herhangi bir ciddi sakatlığı varsa, onu Tanrınız RAB'be kurban etmeyin.
22 ၂၂ ထို​ကဲ့​သို့​သော​တိရစ္ဆာန်​များ​၏​အ​သား​ကို သင် တို့​၏​မြို့​ရွာ​များ​တွင်​စား​နိုင်​သည်။ သင်​တို့​တွင် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ၊ မ​သန့် စင်​သူ​အ​ပေါင်း​တို့​သည်​သ​မင်​သား၊ ဒ​ရယ် သား​ကို​စား​သည့်​နည်း​တူ​ထို​တိ​ရစ္ဆာန်​တို့​၏ အ​သား​ကို​စား​နိုင်​သည်။-
Bu durumdaki hayvanları kentlerinizde yiyebilirsiniz. Dinsel açıdan temiz ya da kirli kişi bunların etini ceylan ya da geyik eti yer gibi yiyebilir.
23 ၂၃ သွေး​ကို​မူ​ကား​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့ သို့​သွေး​ကို​မြေ​ပေါ်​မှာ​သွန်​ရ​မည်။''
Ancak kan yemeyeceksiniz. Kanı su gibi toprağa akıtacaksınız.”

< တရားဟောရာ 15 >