< တရားဟောရာ 15 >
1 ၁ ``ခုနစ်နှစ်လျှင်တစ်ကြိမ်မြီရှင်တို့သည် မြီစား တို့ထံမှရရှိရန်ရှိသောအကြွေးရှိသမျှ ကို သင်ပုန်းချေပယ်ပစ်ရမည်။-
De sept en sept ans tu feras l'année de relâche.
2 ၂ အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
Et voici comment se fera l'année de relâche. Que tout créancier se relâche de son droit sur ce qu'il a prêté à son prochain, qu'il ne presse point son prochain et son frère, quand on aura proclamé l'année de relâche à l'honneur de l'Éternel.
3 ၃ လူမျိုးခြားများထံမှအကြွေးကိုတောင်းယူ နိုင်သော်လည်း ကိုယ်အမျိုးသားချင်းထံမှ အကြွေးကိုမူကားမတောင်းရ။''
Tu pourras presser l'étranger; mais si tu as affaire avec ton frère, tu lui donneras du relâche,
4 ၄ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားသောပြည်တွင် သင်တို့အားကောင်းချီးပေးတော်မူမည်။ သင် တို့အားငါယနေ့ပညတ်သမျှတို့ကိုစောင့် ထိန်း၍ ထာဝရဘုရား၏အမိန့်တော်ကို နာခံလျှင် သင်တို့လူမျိုးတွင်မည်သူမျှ မဆင်းရဲရ။-
Afin qu'il n'y ait point de pauvre chez toi. Car l'Éternel te bénira certainement dans le pays que l'Éternel ton Dieu te donne en héritage pour le posséder,
Pourvu seulement que tu obéisses à la voix de l'Éternel ton Dieu, pour prendre garde à pratiquer tous ces commandements que je te prescris aujourd'hui.
6 ၆ ထာဝရဘုရားသည်ကတိတော်ရှိသည့် အတိုင်း သင်တို့အားကောင်းချီးပေးတော်မူ သဖြင့် သင်တို့သည်လူမျိုးများစွာတို့အား ငွေချေးရလိမ့်မည်။ သင်တို့ကမူကားသူတို့ ထံမှချေးငှားခြင်းပြုရမည်မဟုတ်။ သင်တို့ သည်လူမျိုးများစွာတို့ကိုအုပ်စိုးရလိမ့် မည်။ မည်သည့်လူမျိုးကမျှသင်တို့ကို မအုပ်စိုးရ။''
Quand l'Éternel ton Dieu t'aura béni, comme il te l'a dit, tu prêteras sur gage à beaucoup de nations, et tu n'emprunteras point sur gage; tu domineras sur beaucoup de nations, et elles ne domineront point sur toi.
7 ၇ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေး သနားတော်မူသောပြည်ရှိမြို့ရွာများတွင် ဆင်းရဲနွမ်းပါးသောဣသရေလအမျိုး သားရှိလျှင် တစ်ကိုယ်ကောင်းစိတ်ရှိပြီး ထိုသူအားမစရန်မတွန့်တိုနှင့်။-
Quand un de tes frères sera pauvre au milieu de toi, dans l'une de tes portes, dans le pays que l'Éternel ton Dieu te donne, tu n'endurciras point ton cœur, et tu ne resserreras point ta main devant ton frère pauvre.
8 ၈ စေတနာထား၍သူလိုသမျှကိုချေးငှား လော့။-
Mais tu ne manqueras pas de lui ouvrir ta main, et de lui prêter sur gage ce dont il aura besoin.
9 ၉ အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
Prends garde à toi, qu'il n'y ait une pensée impie dans ton cœur, et que tu ne dises: La septième année, l'année de relâche, approche; et que, ton œil étant sans pitié envers ton frère pauvre pour ne lui rien donner, il ne crie contre toi à l'Éternel, et qu'il n'y ait du péché en toi.
10 ၁၀ ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
Tu ne manqueras point de lui donner, et ton cœur ne lui donnera point à regret; car, à cause de cela, l'Éternel ton Dieu te bénira dans toutes tes œuvres et dans tout ce à quoi tu mettras la main.
11 ၁၁ သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။''
Car il y aura toujours des pauvres dans le pays; c'est pourquoi je te fais ce commandement, et je te dis: Ne manque point d'ouvrir ta main à ton frère affligé et pauvre dans ton pays.
12 ၁၂ ``ဣသရေလအမျိုးသားသို့မဟုတ်အမျိုး သမီးတစ်ဦးဦးသည် သင့်ထံ၌ခြောက်နှစ် ကျွန်ခံပြီး၍သတ္တမနှစ်သို့ရောက်သောအခါ သူ့အားကျွန်ဘဝမှလွတ်ခွင့်ပေးရ မည်။-
Quand ton frère d'entre les Hébreux, homme ou femme, te sera vendu, il te servira six ans, mais à la septième année tu le renverras libre de chez toi.
13 ၁၃ သူ့ကိုလွတ်ခွင့်ပေးသောအခါ လက်ချည်း သက်သက်မသွားစေရ။-
Et quand tu le renverras libre de chez toi, tu ne le renverras point à vide;
14 ၁၄ ထာဝရဘုရားကောင်းချီးပေးသဖြင့် သင်တို့ ၌သိုး၊ စပါး၊ စပျစ်ရည်ကြွယ်ဝချမ်းသာသည့် အတိုင်း ယင်းပစ္စည်းမှသူ့အားရက်ရောစွာပေး ကမ်းလော့။-
Tu ne manqueras point de le charger de quelque chose de ton troupeau, de ton aire, et de ta cuve; tu lui donneras des biens dont l'Éternel ton Dieu t'aura béni.
15 ၁၅ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
Et souviens-toi que tu as été esclave au pays d'Égypte, et que l'Éternel ton Dieu t'en a racheté; c'est pour cela que je te commande ceci aujourd'hui.
16 ၁၆ ``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊-
Mais s'il arrive qu'il te dise: Je ne sortirai point de chez toi; parce qu'il t'aime, toi et ta maison, parce qu'il se trouve bien avec toi;
17 ၁၇ သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။-
Alors tu prendras un poinçon, et tu lui perceras l'oreille contre la porte, et il sera ton serviteur à toujours; et tu en feras de même à ta servante.
18 ၁၈ သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့် ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''
Qu'il ne te paraisse point dur de le renvoyer libre de chez toi; car il t'a servi six ans, pour la moitié du salaire d'un mercenaire; et l'Éternel ton Dieu te bénira en tout ce que tu feras.
19 ၁၉ ``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-
Tu consacreras à l'Éternel ton Dieu tout premier-né mâle qui naîtra de ton gros et de ton menu bétail. Tu ne laboureras point avec le premier-né de ta vache, et tu ne tondras point le premier-né de tes brebis;
20 ၂၀ နှစ်စဉ်သင်နှင့်သင်၏မိသားစုတို့သည် ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနတွင်ထာဝရ ဘုရား၏ရှေ့တော်၌ ထိုနွားဦးပေါက်နှင့် သိုးဦးပေါက်တို့၏အသားကိုစားရမည်။-
Tu le mangeras, toi et ta famille, chaque année, devant l'Éternel ton Dieu, au lieu que l'Éternel aura choisi.
21 ၂၁ ထိုနွားနှင့်သိုးတို့တွင်ခြေဆွံ့ခြင်း၊ မျက်စိကန်း ခြင်း၊ သို့မဟုတ်အခြားသောအနာအဆာ တစ်ခုခုရှိလျှင် သင်၏ဘုရားသခင်ထာဝရ ဘုရားအားမပူဇော်ရ။-
Mais s'il a quelque défaut, s'il est boiteux ou aveugle, ou s'il a quelque autre mauvais défaut, tu ne le sacrifieras point à l'Éternel ton Dieu,
22 ၂၂ ထိုကဲ့သို့သောတိရစ္ဆာန်များ၏အသားကို သင် တို့၏မြို့ရွာများတွင်စားနိုင်သည်။ သင်တို့တွင် ဘာသာရေးထုံးနည်းအရသန့်စင်သူ၊ မသန့် စင်သူအပေါင်းတို့သည်သမင်သား၊ ဒရယ် သားကိုစားသည့်နည်းတူထိုတိရစ္ဆာန်တို့၏ အသားကိုစားနိုင်သည်။-
Mais tu le mangeras dans tes portes; celui qui est souillé et celui qui est pur en mangeront l'un et l'autre, comme on mange du daim ou du cerf.
23 ၂၃ သွေးကိုမူကားမစားရ။ ရေကိုသွန်သကဲ့ သို့သွေးကိုမြေပေါ်မှာသွန်ရမည်။''
Seulement tu n'en mangeras point le sang, tu le répandras sur la terre comme l'eau.