< တရားဟောရာ 14 >
1 ၁ ``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
"Kamulah anak-anak TUHAN, Allahmu; janganlah kamu menoreh-noreh dirimu ataupun menggundul rambut di atas dahimu karena kematian seseorang;
2 ၂ ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
sebab engkaulah umat yang kudus bagi TUHAN, Allahmu, dan engkau dipilih TUHAN untuk menjadi umat kesayangan-Nya dari antara segala bangsa yang di atas muka bumi."
3 ၃ ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။-
"Janganlah engkau memakan sesuatu yang merupakan kekejian.
4 ၄ သင်တို့စားနိုင်သောတိရစ္ဆာန်များသည်ကား နွား၊ သိုး၊ ဆိတ်၊-
Inilah binatang-binatang berkaki empat yang boleh kamu makan: lembu, domba dan kambing;
5 ၅ သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊-
rusa, kijang, rusa dandi, kambing hutan, kijang gunung, lembu hutan dan domba hutan.
6 ၆ ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။-
Setiap binatang berkaki empat yang berkuku belah--yaitu yang kukunya bersela panjang menjadi dua--dan yang memamah biak di antara binatang-binatang berkaki empat, itu boleh kamu makan.
7 ၇ ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။-
Tetapi inilah yang tidak boleh kamu makan dari antara yang memamah biak atau dari antara yang berbelah dan bersela kukunya: unta, kelinci hutan dan marmot, karena semuanya itu memang memamah biak, tetapi tidak berkuku belah; haram semuanya itu bagimu.
8 ၈ ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
Juga babi hutan, karena memang berkuku belah, tetapi tidak memamah biak; haram itu bagimu. Daging binatang-binatang itu janganlah kamu makan dan janganlah kamu terkena bangkainya.
9 ၉ ``သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးဟူသမျှကိုစားနိုင်သည်။-
Inilah yang boleh kamu makan dari segala yang hidup di dalam air; segala yang bersirip dan bersisik boleh kamu makan,
10 ၁၀ ဆူးတောင်နှင့်အကြေးမရှိသောရေသတ္တဝါ များကိုမူကားမစားရ။ ယင်းတို့ကိုမသန့် ဟုမှတ်ရမည်။
tetapi segala yang tidak bersirip atau bersisik janganlah kamu makan; haram semuanya itu bagimu.
11 ၁၁ ``သင်တို့သည် သန့်စင်သောငှက်ဟူသမျှကို စားနိုင်သည်။-
Setiap burung yang tidak haram boleh kamu makan.
12 ၁၂ သင်တို့မစားရသောငှက်များသည်ကားလင်း ယုန်၊ ဇီးကွက်၊ သိမ်းငှက်မျိုး၊ လင်းတ၊ ကျီး၊ ငှက် ကုလားအုတ်၊ ဇင်ယော်၊ ငှက်ကျား၊ ဗျိုင်း၊ ငှက် ကြီးဝံပို၊ တင်ကျီး၊ တောင်သူဘီးငှက်၊ လင်းနို့ စသည်တို့ဖြစ်၏။
Tetapi yang berikut janganlah kamu makan: burung rajawali, ering janggut dan elang laut;
elang merah, elang hitam dan burung dendang menurut jenisnya;
setiap burung gagak menurut jenisnya;
burung unta, burung hantu, camar dan elang sikap menurut jenisnya;
burung pungguk, burung hantu besar, burung hantu putih;
burung undan, burung ering dan burung dendang air;
burung ranggung, dan bangau menurut jenisnya, meragai dan kelelawar.
19 ၁၉ ``အတောင်ရှိသောပိုးမွှားတို့သည် မသန့်စင် သောကြောင့်မစားရ။-
Juga segala binatang mengeriap yang bersayap, itupun haram bagimu, jangan dimakan.
20 ၂၀ သန့်စင်သောပိုးမွှားများကိုမူကားစားနိုင်၏။
Segala burung yang tidak haram boleh kamu makan.
21 ၂၁ ``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
Janganlah kamu memakan bangkai apapun, tetapi boleh kauberikan kepada pendatang yang di dalam tempatmu untuk dimakan, atau boleh kaujual kepada orang asing; sebab engkaulah umat yang kudus bagi TUHAN, Allahmu. Janganlah kaumasak anak kambing dalam air susu induknya."
22 ၂၂ ``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-
"Haruslah engkau benar-benar mempersembahkan sepersepuluh dari seluruh hasil benih yang tumbuh di ladangmu, tahun demi tahun.
23 ၂၃ ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-
Di hadapan TUHAN, Allahmu, di tempat yang akan dipilih-Nya untuk membuat nama-Nya diam di sana, haruslah engkau memakan persembahan persepuluhan dari gandummu, dari anggurmu dan minyakmu, ataupun dari anak-anak sulung lembu sapimu dan kambing dombamu, supaya engkau belajar untuk selalu takut akan TUHAN, Allahmu.
24 ၂၄ ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေးသဖြင့် ရရှိသောဝတ္ထုပစ္စည်းထဲမှဆယ်ဖို့ တစ်ဖို့ကို ဘုရားဝတ်ပြုရာဌာနသို့ယူဆောင် သွားရန်ခရီးဝေးလွန်းလျှင်၊-
Apabila, dalam hal engkau diberkati TUHAN, Allahmu, jalan itu terlalu jauh bagimu, sehingga engkau tidak dapat mengangkutnya, karena tempat yang akan dipilih TUHAN untuk menegakkan nama-Nya di sana terlalu jauh dari tempatmu,
25 ၂၅ ထိုပစ္စည်းကိုရောင်းချ၍ရသောငွေကို ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့ယူ သွားရမည်။-
maka haruslah engkau menguangkannya dan membawa uang itu dalam bungkusan dan pergi ke tempat yang akan dipilih TUHAN, Allahmu,
26 ၂၆ ထိုငွေဖြင့်သင်တို့နှစ်သက်ရာအမဲသား၊ သိုး သား၊ စပျစ်ရည်၊ အရက်သေရည်စသည်တို့ ကိုဝယ်၍ ထိုဌာနတွင်သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌ သင်နှင့်သင် တို့၏မိသားစုများသည်ပျော်ရွှင်စွာစား သောက်ရကြမည်။
dan haruslah engkau membelanjakan uang itu untuk segala yang disukai hatimu, untuk lembu sapi atau kambing domba, untuk anggur atau minuman yang memabukkan, atau apapun yang diingini hatimu, dan haruslah engkau makan di sana di hadapan TUHAN, Allahmu dan bersukaria, engkau dan seisi rumahmu.
27 ၂၇ ``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။-
Juga orang Lewi yang diam di dalam tempatmu janganlah kauabaikan, sebab ia tidak mendapat bagian milik pusaka bersama-sama engkau.
28 ၂၈ သုံးနှစ်လျှင်တစ်ကြိမ်သင်တို့သည် ထွက်သမျှ အသီးအနှံထဲမှဆယ်ဖို့တစ်ဖို့ကို သင်တို့ ၏မြို့ရွာများတွင်စုဆောင်းထားရမည်။-
Pada akhir tiga tahun engkau harus mengeluarkan segala persembahan persepuluhan dari hasil tanahmu dalam tahun itu dan menaruhnya di dalam kotamu;
29 ၂၉ ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
maka orang Lewi, karena ia tidak mendapat bagian milik pusaka bersama-sama engkau, dan orang asing, anak yatim dan janda yang di dalam tempatmu, akan datang makan dan menjadi kenyang, supaya TUHAN, Allahmu, memberkati engkau di dalam segala usaha yang dikerjakan tanganmu."