< တရားဟောရာ 14 >

1 ``သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သေ​ဆုံး သူ​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​ကို​ကွဲ​ရှ​ပွန်း​ပဲ့​စေ​ခြင်း၊ ဆံ​ဦး စွန်း​ကို​ရိတ်​ခြင်း​မ​ပြု​ရ။-
你們是上主你們天主的兒女。你們不應為死者割傷自己,不應將頭頂剃光,
2 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး အ​ပေါင်း​တို့​အ​နက် သင်​တို့​အား​မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ရွေး​ကောက်​တော်​မူ​သည်​ဖြစ်​သော ကြောင့် သင်​တို့​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​၏။''
因為你是屬於上主你天主的聖潔人民,上主由地上的萬民中,特選了你做他自己的人民。
3 ``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-
凡是可憎惡之物,你不可吃。
4 သင်​တို့​စား​နိုင်​သော​တိ​ရစ္ဆာန်​များ​သည်​ကား နွား၊ သိုး၊ ဆိတ်၊-
你們可吃的走獸如下:牛、綿羊、山羊、
5 သ​မင်၊ သိုး​ရိုင်း၊ တော​ဆိတ်၊ ဒ​ရယ်​အ​စ​ရှိ​သော၊-
鹿、羚羊、黈鹿、野山羊、臆羚、野牛和野羊。
6 ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော​တိရစ္ဆာန်​များ ဖြစ်​၏။-
走獸中,凡有偶蹄分趾而又反芻的走獸,你們都可以吃。
7 ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-
但是在反芻或有偶蹄分趾的走獸中,你們不可吃的:有駱駝、兔子或岩狸,因為牠們雖反芻,蹄卻不分趾,對你們仍是不潔的。
8 ဝက်​သား​ကို​မ​စား​ရ။ ဝက်​သည်​ခွာ​ကွဲ​သော် လည်း​စား​မြုံ့​မ​ပြန်​သော​ကြောင့် မ​သန့်​သော တိ​ရစ္ဆာန်​ဟူ​၍​မှတ်​ရ​မည်။ တား​မြစ်​ထား​သော ဤ​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ယင်း တို့​၏​အ​သေ​ကောင်​များ​ကို​ပင်​လျှင်​မ​ကိုင် တွယ်​ရ။
至於豬,雖有偶蹄,卻不反芻,對你們也是不潔的;你們不可吃這些走獸的肉,也不可摸牠們的屍體。
9 ``သင်​တို့​သည်​ဆူး​တောင်​နှင့်​အကြေး​ရှိ​သော ငါး​ဟူ​သ​မျှ​ကို​စား​နိုင်​သည်။-
水族中你們可吃的如下:凡有鰭有鱗的,都可以吃;
10 ၁၀ ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။
凡無鰭無鱗的,都不可吃;這一切對你們都是不潔的。
11 ၁၁ ``သင်​တို့​သည် သန့်​စင်​သော​ငှက်​ဟူ​သ​မျှ​ကို စား​နိုင်​သည်။-
凡是潔淨的飛禽,都可以吃。
12 ၁၂ သင်​တို့​မ​စား​ရ​သော​ငှက်​များ​သည်​ကား​လင်း ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်​မျိုး၊ လင်း​တ၊ ကျီး၊ ငှက် ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက်​ကျား၊ ဗျိုင်း၊ ငှက် ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ​ဘီး​ငှက်၊ လင်း​နို့ စ​သည်​တို့​ဖြစ်​၏။
飛禽中不可吃的:有鷹、鶚、禿鷲、
13 ၁၃
鳶隼、鵰類,
14 ၁၄
凡烏鴉之類,
15 ၁၅
駝鳥、夜鷹、海鷗,凡蒼鷹之類,
16 ၁၆
小梟、鴟梟、梟、白鷺、
17 ၁၇
塘鵝、鴇、鸕鶿、
18 ၁၈
鸛鷺類、戴勝和蝙蝠。
19 ၁၉ ``အ​တောင်​ရှိ​သော​ပိုး​မွှား​တို့​သည် မ​သန့်​စင် သော​ကြောင့်​မ​စား​ရ။-
凡有翅的昆蟲,對你們都是不潔的,都不可吃。
20 ၂၀ သန့်​စင်​သော​ပိုး​မွှား​များ​ကို​မူ​ကား​စား​နိုင်​၏။
凡潔淨的飛禽,都可以吃。
21 ၂၁ ``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''
凡自死的動物,你們不可吃,卻可送給在你城內的外方人吃,或賣給外邦人,因為你是屬於上主你天主的聖潔人民。不可煮羊羔在其母奶之中。
22 ၂၂ ``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-
你每年在田地內播種所得的出產,應繳納十分之一。
23 ၂၃ ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။-
你應在上主選定為立自己名號的地方,於上主你的天主面前,吃那五穀、酒、油的十分之一,及你的頭胎牛羊,好使你能學習著常敬畏上主你的天主。
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊-
如果為你路途太遠,你不能把十分之一之物運去,因為上主你的天主選定為立自己名號的地方離你太遠,那麼若上主你的天主祝福了你,
25 ၂၅ ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။-
你可以把物品換成銀錢,手中帶著銀錢,往上主你的天主所選的地方,
26 ၂၆ ထို​ငွေ​ဖြင့်​သင်​တို့​နှစ်​သက်​ရာ​အ​မဲ​သား၊ သိုး သား၊ စ​ပျစ်​ရည်၊ အ​ရက်​သေ​ရည်​စ​သည်​တို့ ကို​ဝယ်​၍ ထို​ဌာ​န​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ သင်​နှင့်​သင် တို့​၏​မိ​သား​စု​များ​သည်​ပျော်​ရွှင်​စွာ​စား သောက်​ရ​ကြ​မည်။
在那裏可隨意用銀錢買牛羊、清酒和濃酒,以及你願意要的,在上主你的天主面前吃喝,與你的家屬一同歡樂;
27 ၂၇ ``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။-
但在你城內的肋未人,你不可忘記,因為他在你中間沒有分得產業。
28 ၂၈ သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​တို့​သည် ထွက်​သ​မျှ အ​သီး​အ​နှံ​ထဲ​မှ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့ ၏​မြို့​ရွာ​များ​တွင်​စု​ဆောင်း​ထား​ရ​မည်။-
每過三年,你應取出全部出產的十分之一,儲藏在你城鎮內,
29 ၂၉ ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''
那沒有與你分得產業的肋未人,和在你城鎮內的外方人、孤兒、寡婦都可來吃喝,得享飽飫,好叫上主你的天主,在你所做的一切事業上祝福你。

< တရားဟောရာ 14 >