< တရားဟောရာ 13 >

1 ``သင်​တို့​တွင်​ပ​ရော​ဖက်​သို့​မ​ဟုတ် အိပ်​မက် ကို​ဖတ်​တတ်​သူ​တစ်​ဦး​ဦး​က၊-
သင် တို့တွင် ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူသည် ပေါ် လာ၍၊
2 သင်​တို့​ယ​ခင်​က​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ဘူး သော​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ရန် အ​လို့​ငှာ​နိ​မိတ်​လက္ခ​ဏာ​ကို​သော်​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​ကို​သော်​လည်း​ကောင်း​ပြု​မည် ဟု​ပြော​လိမ့်​မည်။ သူ​ပြော​သည့်​အ​တိုင်း နိ​မိတ် လက္ခ​ဏာ​နှင့်​အံ့​ဖွယ်​သော​အ​မှု​ကို​ပြ​နိုင် သည့်​တိုင်​အောင်၊-
သင်တို့မ သိ သော အခြား တပါးသောဘုရား ကို ဆည်းကပ် ၍ ဝတ်ပြု ကြစို့ဟု ပြော ဆိုလျက် ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုသည် ပြည့်စုံသော်လည်း၊
3 ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-
ထို ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူတို့ ၏ စကား ကို နား မ ထောင်ရ။ အကြောင်း မူကား၊ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ချစ် သည်မချစ်သည်ကို၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် စုံစမ်း တော်မူ၏။
4 ထာ​ဝ​ရ​ဘု​ရား​၏​ဦး​ဆောင်​မှု​ကို​ခံ​ယူ​၍ ကိုယ် တော်​ကို​ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​၏ ပညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ စ​ကား​တော် ကို​နား​ထောင်​လော့။ ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​၍ ကိုယ်​တော်​အား​သစ္စာ​ရှိ​လော့။-
သင် တို့၏ ဘုရားသခင် ထာဝရဘုရား နောက် တော်သို့ လိုက် ရကြမည်။ ကြောက်ရွံ့ သောစိတ်နှင့် ပညတ် တော်တို့ကို စောင့် ရကြမည်။ စကား တော်ကို နားထောင် လျက် ဝတ်ပြု ၍ ၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ ရ ကြမည်။
5 သင်​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ် တင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို​ပုန် ကန်​ရန်​တိုက်​တွန်း​သော​ပ​ရော​ဖက် သို့​မ​ဟုတ် အိပ်​မက်​ဖတ်​တတ်​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ထို​သူ​သည်​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သော​အ​သက်​ရှင်​ရာ​လမ်း​မှ သွေ ဖည်​သွား​စေ​ရန်​သွေး​ဆောင်​သူ​ဖြစ်​သည်။ ယင်း​ဒု​စ​ရိုက်​ကို သင်​တို့​မှ​ဖယ်​ရှား​ပစ်​ရန် ထို​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။''
ကျွန် ခံနေရာအဲဂုတ္တု ပြည် မှ သင် တို့ကို ကယ်နှုတ် ဆောင်ယူ ခဲ့တော်မူသော သင် တို့၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ၎င်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင်တို့လိုက် စရာဘို့ မှာ ထား တော်မူသော လမ်း မှ ထွက် စေခြင်းငှာ၎င်း ဟောပြော သောကြောင့် ၊ ထို ပရောဖက် ပြုသူနှင့် အိပ်မက် မြင် သူတို့ သည် အသေ သတ်ခြင်းကိုခံ ရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ပယ်ရှင်း ရကြမည်။
6 ``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-
သင် ၏ညီအစ်ကို ရင်း၊ သင် ၏သား သမီး ၊ သင် ၏ ရင်ခွင် ၌နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေး တို့လည်း မ သိ သော အခြား တပါးသော ဘုရား ၊
7 သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-
သင့် ပတ်လည် အနီး အဝေး ၌ နေသောသူ၊ မြေကြီး စွန်း တဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင် လျှင်၊
8 ထို​အ​ခါ​သင်​တို့​သည်​သူ​ဖြား​ယောင်း​သည့် အ​တိုင်း​မ​လိုက်​လျော​နှင့်။ သူ​ပြော​သည့်​စ​ကား ကို​ပင်​နား​မ​ထောင်​နှင့်။ သူ့​အား​ထောက်​ထား ညှာ​တာ​ခြင်း​မ​ပြု​ရ။ အ​ကာ​အ​ကွယ်​မ​ပေး​ရ။-
သင်သည် ဝန် မ ခံရ။ သူ ၏စကားကို နား မ ထောင်ရ။ သူ့ ကို မြင် သောအခါ မ သနား ရ။ နှမြော သဖြင့် ဖွက် ၍ မ ထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။
9 သူ့​ကို​သတ်​ပစ်​လော့။ သူ့​ကို​သေ​ဒဏ်​စီ​ရင် ရာ​တွင် သင်​သည်​သူ့​ကို​အ​ဦး​ဆုံး​ကျောက်​ခဲ နှင့်​ပစ်​သူ​ဖြစ်​ရ​မည်။ ထို့​နောက်​မှ​အ​ခြား သူ​များ​ကို​ကျောက်​ခဲ​နှင့်​ပစ်​စေ​ရ​မည်။-
သူ သည် အသေ သတ်ခြင်းကိုခံ စိမ့်သောငှာ၊ သင် သည် အဦး ပြုပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။
10 ၁၀ သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-
၁၀ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင် တို့ကို နှုတ်ဆောင် တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ကြံစည် သောကြောင့် ၊ ထိုသူ ကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။
11 ၁၁ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ဤ​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် မည်​သူ မျှ​ထို​ကဲ့​သို့​သော​ဒု​စ​ရိုက်​ကို​နောက်​တစ်​ဖန် ကူး​လွန်​ဝံ့​ကြ​မည်​မ​ဟုတ်​ချေ။''
၁၁ထိုသိတင်းကို ဣသရေလ အမျိုးသားအပေါင်း တို့ သည် ကြား ၍ ၊ ထိုသို့ သော အဓမ္မ အမှု ကို သင် တို့တွင် နောက် တဖန်မ ပြု ဝံ့ ဘဲနေကြလိမ့်မည်။
12 ၁၂ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော မြို့​များ​တွင်​နေ​ထိုင် ကြ​သော​အ​ခါ​သင်​၏​အ​မျိုး​သား​ထဲ​မှ၊-
၁၂အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
13 ၁၃ အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-
၁၃အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆို လျက် ၊ သူ တို့မြို့သူ မြို့သားတို့ကို သွေးဆောင် ကြောင်းကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် နေ စရာဘို့ ပေး တော်မူသောမြို့ တစုံ တမြို့၌ သင်သည် သိတင်းကြား လျှင် ၊ ထို အမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
14 ၁၄ သင်​တို့​သည်​စေ့​စေ့​စပ်​စပ်​မေး​မြန်း​စုံ​စမ်း လော့။ ထို​ဒု​စ​ရိုက်​ကို​ဧ​ကန်​ပြု​ကြောင်း​စုံ စမ်း​သိ​ရှိ​ရ​သော်၊-
၁၄သိတင်း ကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့ သော စက်ဆုပ် ဘွယ်အမှုကို သင် တို့တွင် အမှန် ပြု မိလျှင်၊
15 ၁၅ ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-
၁၅ထို မြို့သူ မြို့သားတို့ကို ထား နှင့် လုပ်ကြံ ရမည်။ မြို့ မှစ၍ မြို့၌ရှိသောလူ နှင့် တိရစ္ဆာန် အပေါင်း တို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ရမည်။
16 ၁၆ ထို​မြို့​သား​တို့​ပိုင်​သော​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို မြို့​စျေး​ကွက်​တွင်​စု​ပုံ​ရ​မည်။ ထို့​နောက်​မြို့ နှင့်​တ​ကွ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​မြို့​ကို​အ​သစ်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ မြို့​ပျက်​အ​ဖြစ်​အ​စဉ် တည်​ရှိ​စေ​ရ​မည်။-
၁၆လုယူ ရာဥစ္စာရှိသမျှ ကို မြို့ လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့ နှင့်တကွ လုယူ ရာဥစ္စာရှိသမျှ ကို သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ မီး ရှို့ ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံ ဖြစ် ရမည်။ နောက် တဖန် မ တည် မဆောက်ရ။
17 ၁၇ ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''
၁၇ထာဝရဘုရား သည် အမျက် တော်အရှိန် ကို ငြိမ်းစေ၍၊ သင် ၏ဘိုးဘေး တို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့် ကို ကယ်မ သနားတော်မူသဖြင့် များပြား စေတော်မူမည်အကြောင်း၊ ကျိန် အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
18 ၁၈
၁၈ယနေ့ ငါ မှာ ထားသည်အတိုင်း သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ပညတ် တော်အလုံးစုံ တို့ကို ကျင့် သဖြင့် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် တော်မူဘွယ်ပြု သောအခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။

< တရားဟောရာ 13 >