< တရားဟောရာ 12 >
1 ၁ ``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံးစောင့်ထိန်းရမည့်ပညတ်တော် များကိုဖော်ပြအံ့။ နားထောင်ကြလော့။-
EIA na kanawai a me na olelo kupaa a oukou e malama pono ai ma ka aina a Iehova ke Akua o ko oukou mau kupuna e haawi mai ia oukou e noho, i na la a pau o ko oukou ola ana maluna o ka honua.
2 ၂ သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
E luku loa aku oukou i na wahi a pau, kahi a na lahuikanaka i hooliloia no oukou, i malama'i i ko lakou mau akua, maluna o na mauna kiekie, a me na puu, a malalo o na laau uliuli.
3 ၃ သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
E hookahuli oukou i ko lakou mau kuahu, a e wawahi i ko lakou kii, a e puhi i ko lakou mau kii o Asetarota i ke ahi, a e kua ilalo i na kii kalaiia o ko lakou mau akua, a e hokai i ko lakou inoa mai keia wahi aku.
4 ၄ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။-
Mai hana oukou pela ia Iehova ko oukou Akua.
5 ၅ ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
Aka, ma kahi a Iehova ko oukou Akua e wae ai noloko mai o ko oukou mau ohana, a waiho i kona inoa malaila, ma kona hale, malaila oukou e imi ai, a malaila e hele ai.
6 ၆ သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-
A malaila oukou e lawe aku ai i ka oukou mau mohaikuni, a me ka oukou alana, a me na hapaumi o ko oukou waiwai, a me na mohaihoali a ko oukou lima, a me ko oukou hoohiki ana, a me ka oukou mohaialoha, a me na hanau mua o ka oukou bipi a me ka oukou hipa.
7 ၇ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
A malaila oukou e ai ai imua o Iehova ko oukou Akua; a e olioli oukou ma na mea a pau a ko oukou lima i lawe ai, o oukou, a me ko oukou poe ohua, no ka mea, ua hoopomaikai o Iehova kou Akua ia oe.
8 ၈ ``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊-
Mai hana oukou e like me na mea a pau o kakou i keia la, o kela kanaka keia kanaka ma ka mea pono i kona maka iho.
9 ၉ သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
No ka mea, aole oukou i hiki aku i keia manawa ma kahi e maha'i, a ma ka noho ana a Iehova ko oukou Akua e haawi mai ia oukou.
10 ၁၀ သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-
Aia hele oukou ma kela kapa o Ioredane, a noho oukou ma ka aina a Iehova ko oukou Akua e hoolilo mai ai no oukou, a haawi mai ia i ka maha no oukou i ko oukou poe enemi a puni, a noho oukou me ka maluhia;
11 ၁၁ ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
Alaila ma kahi a Iehova ko oukou Akua e wae ai i wahi e hoopaa ai i kona inoa, malaila oukou e lawe aku ai i na mea a pau a'u e kauoha aku nei ia oukou: i ka oukou mohaikuni, a me ka oukou alana, a me ka hapaumi o ko oukou waiwai, a me ka mohaihoali o ko oukou lima, a me ka mea maikai o ko oukou hoohiki ana a oukou i hoohiki ai ia Iehova.
12 ၁၂ ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
A e olioli oukou imua o Iehova ko oukou Akua, o oukou, a me ka oukou mau keikikane, a me ka oukou mau kaikamahine, a me na kauwakane a oukou, a me ka oukou mau kauwawahine, a me ka Levi e noho pu ana me oukou; no ka mea, aohe ona kuleana, aohe ona aina hooili me oukou.
13 ၁၃ သင်တို့သည်ကြိုက်ရာဌာန၌ယဇ်ပူဇော် ခြင်းကိုမပြုရ။
E malama ia oe iho, o kaumaha aku auanei oe i kau mau mohaikuni ma na wahi a pau au e ike ai;
14 ၁၄ သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
Aka, ma kahi a Iehova e wae ai iloko o kekahi o kou mau ohana, malaila oe e kaumaha aku ai i kau mau mohaikuni, a malaila oe e hana aku ai i na mea a pau a'u e kauoha aku nei ia oe.
15 ၁၅ ``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-
Aka, o ka mea a pau a kou naau e makemake ai, he pono e kalua oe a e ai hoi i ka io ma kou mau ipuka a pau, e like me ka pomaikai a Iehova kou Akua i haawi mai ai ia oe: o ke kanaka haumia, a me ke kanaka maemae e ai no oia ia mea, e like me ka ke gazela, a me ka ka dea.
16 ၁၆ သို့ရာတွင်တိရစ္ဆာန်တို့၏သွေးကိုမူကား မစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာ သွန်ရမည်။-
Aole nae oukou e ai i ke koko, e ninini oukou ia mea ma ka lepo e like me ka wai.
17 ၁၇ ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
Mai ai oe ma kou mau ipuka i ka hapaumi o kau palaoa, a me kau waina, a me kau aila, a me ka hanau mua a kau poe bipi a me kau poe hipa, aole hoi i kekahi o na mea a pau au i hoohiki ai, a me kau mohaialoha, a me ka mohaihoali a kou lima.
18 ၁၈ သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
Aka, e ai oe ia mau mea imua o Iehova kou Akua, ma kahi a Iehova kou Akua i wae ai, o oe, a me kau keikikane, a me kau kaikamahine, a me kau kauwakane, a me kau kauwawahine, a me ka mamo a Levi ma kou mau ipuka: a e olioli oe imua o Iehova kou Akua i na mea a pau a kou lima e lawe ai.
19 ၁၉ သင်တို့သည်ပြည်တော်တွင်အသက်ရှင်နေ ထိုင်သမျှကာလပတ်လုံး လေဝိအမျိုး သားတို့ကိုမမေ့ရန်သတိချပ်လော့။''
E malama ia oe iho, o hoowahawaha auanei oe i ka Levi i na la a pau o kou ola ana ma ka honua.
20 ၂၀ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ကတိတော်ရှိသည့်အတိုင်းသင်တို့၏ ပြည်နယ်နိမိတ်ကိုကျယ်ပြန့်စေတော်မူ သောအခါ သင်တို့သည်အသားကိုစား လိုသမျှစားနိုင်သည်။-
Aia hooakea mai o Iehova kou Akua i kou mokuna, e like me kana i olelo mai ai ia oe; a e i iho oe, E ai au i ka io, no ka mea, ke ake nei kou naau e ai i ka io; e ai no oe i ka io, i ka mea a pau a kou naau i makemake ai.
21 ၂၁ အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
Ina paha loihi ia oe ka wahi a Iehova kou Akua i wae ai e hoopaa i kona inoa malaila; alaila e kalua oe i ka mea o kau poe bipi a me kau poe hipa a Iehova i haawi mai ai ia oe, e like me ka'u i kauoha ai ia oe, a e ai oe ma kou mau ipuka i ka mea a pau a kou naau i makemake ai.
22 ၂၂ သင်တို့အပေါင်းသည်သမင်ဒရယ်သားကိုစား ခွင့်ရှိသကဲ့သို့ ဘာသာရေးထုံးတမ်းအရ စင်ကြယ်သူဖြစ်စေ၊ မစင်ကြယ်သူဖြစ်စေ ထိုအသားကိုစားခွင့်ရှိသည်။-
E like me ke gazela a me ka dea i aiia, pela oe e ai ai ia mea: o ke kanaka haumia, a me ke kanaka maemae, e ai no ia mau mea.
23 ၂၃ သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-
Aole loa oe e ai i ke koko: no ka mea, o ke koko, oia ke ola, mai ai oe i ke ola me ka io.
24 ၂၄ သွေးကိုမစားသုံးရ။ ရေကိုမြေပေါ်မှာသွန် သကဲ့သို့သွေးကိုသွန်ရမည်။-
Mai ai oe ia mea: e ninini iho oe ia mea ma ka lepo, me he wai la.
25 ၂၅ ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
Mai ai oe ia mea; i pomaikai oe, a me kau mau keiki mahope ou, i kau hana ana i ka pono imua o Iehova.
26 ၂၆ သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။-
O kau mau mea i hoolaaia wale no, a me na mea au i hoohiki ai, oia kau e lawe, a hele ma kahi a Iehova i wae ai.
27 ၂၇ ထိုဝတ်ပြုရာဌာနရှိထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရ မည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်၏သွေးကို သွန်း၍အသားကိုစားရသောယဇ်ကို လည်းပူဇော်ရမည်။-
A e kaumaha aku oe i kau mau mohaikuni, i ka io a me ke koko maluna o ke kuahu o Iehova kou Akua: a o ke koko o kau mau mohai e nininiia maluna o ke kuahu o Iehova kou Akua, a e ai iho oe i ka io.
28 ၂၈ သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
E malama, e hoolohe hoi i neia mau olelo a pau a'u e kauoha nei ia oe, i pomaikai ai oe a me kau mau keiki mahope ou i ka manawa a pau, i kau hana ana i ka maikai a me ka pono imua o Iehova kou Akua.
29 ၂၉ ``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။-
Aia hooki aku o Iehova kou Akua i na lahuikanaka mai kou alo aku, kahi au e hele e hooliloia'i lakou nou, a lilo lakou nou, a noho iho oe ma ko lakou aina:
30 ၃၀ ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-
E malama oe ia oe iho, i hihia ole ai oe mamuli o lakou, mahope o ko lakou lukuia, mai kou alo aku; a i ninau ole ai oe no ko lakou mau akua, i ka i ana ae, Pehea la keia mau lahuikanaka i malama'i i ko lakou mau akua? a pela hoi wau e hana'i.
31 ၃၁ သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
Mai hana aku oe ia Iehova kou Akua pela: ua hana lakou no ko lakou akua i na mea ino a pau a Iehova i inaina ai; no ka mea, ua puhi lakou i ka lakou keikikane, a me ka lakou kaikamahine i ke ahi no ko lakou mau akua.
32 ၃၂ သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''
O ka mea a pau a'u e kauoha aku nei ia oukou, o ka oukou ia e malama pono ai; mai hooi aku, aole hoi e hoemi iho ia mea.