< တရားဟောရာ 11 >

1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
Ama itaque Dominum Deum tuum, et observa præcepta eius et ceremonias, iudicia atque mandata omni tempore.
2 ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊-
Cognoscite hodie quæ ignorant filii vestri, qui non viderunt disciplinam Domini Dei vestri, magnalia eius et robustam manum, extentumque brachium,
3 နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။-
signa et opera quæ fecit in medio Ægypti Pharaoni regi, et universæ terræ eius,
4 အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-
omnique exercitui Ægyptiorum, et equis ac curribus: quo modo operuerint eos aquæ maris rubri, cum vos persequerentur, et deleverit eos Dominus usque in præsentem diem:
5 သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-
vobisque quæ fecerit in solitudine donec veniretis ad hunc locum:
6 ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-
et Dathan atque Abiron filiis Eliab, qui fuit filius Ruben: quos aperto ore suo terra absorbuit cum domibus et tabernaculis, et universa substantia eorum, quam habebant in medio Israel.
7 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''
Oculi vestri viderunt opera Domini magna quæ fecit,
8 ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
ut custodiatis universa mandata illius, quæ ego hodie præcipio vobis, et possitis introire, et possidere Terram, ad quam ingredimini,
9 ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
multoque in ea vivatis tempore: quam sub iuramento pollicitus est Dominus patribus vestris, et semini eorum, lacte et melle manantem.
10 ၁၀ ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-
Terra enim, ad quam ingrederis possidendam, non est sicut Terra Ægypti, de qua existi, ubi iacto semine in hortorum morem aquæ ducuntur irriguæ:
11 ၁၁ သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-
sed montuosa est et campestris, de cælo expectans pluvias.
12 ၁၂ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''
quam Dominus Deus tuus semper invisit, et oculi illius in ea sunt a principio anni usque ad finem eius.
13 ၁၃ ``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-
Si ergo obedieritis mandatis meis, quæ ego hodie præcipio vobis, ut diligatis Dominum Deum vestrum, et serviatis ei in toto corde vestro, et in tota anima vestra:
14 ၁၄ သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။-
dabit pluviam terræ vestræ temporaneam et serotinam, ut colligatis frumentum, et vinum, et oleum,
15 ၁၅
fœnumque ex agris ad pascenda iumenta, et ut ipsi comedatis ac saturemini.
16 ၁၆ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-
Cavete ne forte decipiatur cor vestrum, et recedatis a Domino, serviatisque diis alienis, et adoretis eos:
17 ၁၇ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''
iratusque Dominus claudat cælum, et pluviæ non descendant, nec terra det germen suum, pereatisque velociter de Terra optima, quam Dominus daturus est vobis.
18 ၁၈ ``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-
Ponite hæc verba mea in cordibus et in animis vestris, et suspendite ea pro signo in manibus, et inter oculos vestros collocate.
19 ၁၉ သင်​တို့​၏​သား​သ​မီး​များ​အား​သင်​ကြား​ပေး လော့။ သင်​တို့​သည်​အိမ်​၌​ရှိ​သည်​ဖြစ်​စေ၊ ခ​ရီး သွား​သည်​ဖြစ်​စေ၊ နား​နေ​သည်​ဖြစ်​စေ၊ အ​လုပ် လုပ်​နေ​သည်​ဖြစ်​စေ ဤ​ပညတ်​များ​အ​ကြောင်း ကို​ပြော​ဆို​နေ​ရ​မည်။-
Docete filios vestros ut illa meditentur, quando sederis in domo tua, et ambulaveris in via, et accubueris atque surrexeris.
20 ၂၀ သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-
Scribes ea super postes et ianuas domus tuæ:
21 ၂၁ သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''
ut multiplicentur dies tui, et filiorum tuorum in Terra, quam iuravit Dominus patribus tuis, ut daret eis quamdiu cælum imminet terræ.
22 ၂၂ ``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-
Si enim custodieritis mandata quæ ego præcipio vobis, et feceritis ea, ut diligatis Dominum Deum vestrum, et ambuletis in omnibus viis eius, adhærentes ei,
23 ၂၃ သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
disperdet Dominus omnes gentes istas ante faciem vestram, et possidebitis eas, quæ maiores et fortiores vobis sunt.
24 ၂၄ သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-
Omnis locus, quem calcaverit pes vester, vester erit. A deserto, et a Libano, a flumine magno Euphrate usque ad mare occidentale erunt termini vestri.
25 ၂၅ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''
Nullus stabit contra vos: terrorem vestrum et formidinem dabit Dominus Deus vester super omnem terram quam calcaturi estis, sicut locutus est vobis.
26 ၂၆ ``ကောင်းချီး​မင်္ဂလာ​နှင့်​ကျိန်​ခြင်း​တို့​အ​နက် တစ် ခု​ခု​ကို​ယ​နေ့​ရွေး​ယူ​လော့။-
En propono in conspectu vestro hodie benedictionem et maledictionem:
27 ၂၇ ယ​နေ့​ငါ​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို သင် တို့​စောင့်​ထိန်း​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ ရ​မည်။-
benedictionem, si obedieritis mandatis Domini Dei vestri, quæ ego hodie præcipio vobis:
28 ၂၈ သို့​ရာ​တွင်​သင်​တို့​သည် ဤ​ပ​ညတ်​တော်​များ ကို​မ​စောင့်​ထိန်း​ဘဲ သင်​တို့​ယ​ခင်​က​မ​ကိုး ကွယ်​ဘူး​သော​အ​ခြား​ဘု​ရား​များ​ကို ကိုး ကွယ်​လျှင်​ကျိန်​ခြင်း​ကို​ခံ​ရ​မည်။-
maledictionem, si non obedieritis mandatis Domini Dei vestri, sed recesseritis de via, quam ego nunc ostendo vobis, et ambulaveritis post deos alienos, quos ignoratis.
29 ၂၉ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ပိုက်​မည့် ပြည်​ထဲ​သို့​ပို့​ဆောင်​တော်​မူ​သော​အ​ခါ သင် တို့​သည်​ထို​ကောင်း​ချီး​မင်္ဂ​လာ​ကို​ဂေ​ရ​ဇိမ် တောင်​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ​လည်း​ကောင်း​ကြေ​ညာ ရ​ကြ​မည်။-
Cum vero introduxerit te Dominus Deus tuus in Terram, ad quam pergis habitandam, pones benedictionem super montem Garizim, maledictionem super montem Hebal:
30 ၃၀ (ဤ​တောင်​နှစ်​လုံး​သည် ယော်​ဒန်​မြစ်​အ​နောက် ဘက်၊ ယော်​ဒန်​မြစ်​ဝှမ်း​တွင်​နေ​ထိုင်​သော ခါ​နာန် အ​မျိုး​သား​တို့​၏​နယ်​မြေ​ထဲ​၌​တည်​ရှိ​သည်။ ယင်း​တောင်​တို့​သည် ဂိ​လ​ဂါ​လ​မြို့​အ​နီး​မော​ရေ သ​ပိတ်​ပင်​များ​နှင့် မ​ဝေး​သော​အ​နောက်​ဘက် တွင်​တည်​ရှိ​၏။-)
qui sunt trans Iordanem post viam, quæ vergit ad solis occubitum in Terra Chananæi, qui habitat in campestribus contra Galgalam, quæ est iuxta vallem tendentem et intrantem procul.
31 ၃၁ သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-
Vos enim transibitis Iordanem, ut possideatis Terram, quam Dominus Deus vester daturus est vobis, ut habeatis et possideatis illam.
32 ၃၂ သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''
Videte ergo ut impleatis ceremonias atque iudicia, quæ ego hodie ponam in conspectu vestro.

< တရားဟောရာ 11 >