< တရားဟောရာ 11 >
1 ၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။-
Therefore thou shalt loue the Lord thy God, and shalt keepe that, which he commandeth to be kept: that is, his ordinances, and his lawes, and his commandements alway.
2 ၂ ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊-
And consider this day (for I speake not to your children, which haue neither knowen nor seene) the chastisement of the Lord your God, his greatnesse, his mighty hande, and his stretched out arme,
3 ၃ နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-
And his signes, and his actes, which hee did in the middes of Egypt vnto Pharaoh the King of Egypt and vnto all his land:
4 ၄ အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-
And what he did vnto the hoste of the Egyptians, vnto their horses, and to their charets, when he caused the waters of the red Sea to ouerflowe them, as they pursued after you, and the Lord destroied them vnto this day:
5 ၅ သင်တို့ဤအရပ်သို့မရောက်မီတောကန္တာရ ၌သင်တို့အတွက် ထာဝရဘုရားပြုတော် မူသောအမှုကိုသင်တို့သိမြင်ခဲ့ရကြ ပြီ။-
And what he did vnto you in the wildernesse, vntill yee came vnto this place:
6 ၆ ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။-
And what he did vnto Dathan and Abiram the sonnes of Eliab ye sonne of Reuben, when the earth opened her mouth, and swallowed them with their housholds and their tents, and all their substance that they had in the middes of al Israel.
7 ၇ ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။''
For your eyes haue seene all the great actes of the Lord which he did.
8 ၈ ``ယနေ့သင်တို့အားငါမှာကြားသမျှသော ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ သို့မှသာ လျှင်သင်တို့သည် တစ်ဖက်ကမ်းရှိပြည်ကိုဝင် ရောက်သိမ်းပိုက်နိုင်လိမ့်မည်။-
Therefore shall ye keepe all the commandements, which I commaund you this day, that ye may be strong, and go in and possesse the land whither ye goe to possesse it:
9 ၉ ထို့အပြင်သင်တို့၏ဘိုးဘေးတို့နှင့်သူတို့ အဆက်အနွယ်များအားပေးမည်ဟူ၍ ထာဝရ ဘုရားကတိထားတော်မူသောအစာရေစာ ပေါကြွယ်ဝသည့်ပြည်တွင် သင်တို့သည်ကြာ ရှည်စွာ နေထိုင်ရကြလိမ့်မည်။-
Also that ye may prolong your daies in the land, which the Lord sware vnto your fathers, to giue vnto them and to their seede, euen a lande that floweth with milke and honie.
10 ၁၀ ယခင်သင်တို့နေထိုင်ခဲ့ကြသောအီဂျစ် ပြည်တွင် သင်တို့သည်လယ်များထဲသို့ပင်ပန်း စွာရေသွင်း၍စပါးစိုက်ပျိုးရကြ၏။-
For the land whither thou goest to possesse it, is not as the lande of Egypt, from whence ye came, where thou sowedst thy seede, and wateredst it with thy feete as a garden of herbes:
11 ၁၁ သို့ရာတွင်သင်တို့ဝင်ရောက်မည့်ပြည်သည် ကားတောင်များ၊ ချိုင့်ဝှမ်းများရှိ၍မိုးရေ ဖြင့်စိုက်ပျိုးနိုင်သောပြည်၊-
But the land whither ye goe to possesse it, is a land of mountaines and valleis, and drinketh water of the raine of heauen.
12 ၁၂ သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
This land doth the Lord thy God care for: the eies of the Lord thy God are alwaies vpon it, from the beginning of the yeere, euen vnto the ende of the yeere.
13 ၁၃ ``သို့ဖြစ်၍သင်တို့အား ယနေ့ငါမှာကြားသော ပညတ်တော်များကိုစောင့်ထိန်းကြလော့။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက် လော့။-
If yee shall hearken therefore vnto my commandements, which I commaund you this day, that yee loue the Lord your God and serue him with all your heart, and with all your soule,
14 ၁၄ သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။-
I also wil giue raine vnto your land in due time, the first raine and the latter, that thou maist gather in thy wheat, and thy wine, and thine oyle.
Also I will send grasse in thy fieldes, for thy cattel, that thou maist eate, and haue inough.
16 ၁၆ သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
But beware lest your heart deceiue you, and lest yee turne aside, and serue other gods, and worship them,
17 ၁၇ အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''
And so the anger of the Lord be kindled against you, and he shut vp the heauen, that there be no raine, and that your lande yeelde not her fruit, and yee perish quickly from the good land, which the Lord giueth you.
18 ၁၈ ``ဤပညတ်တော်များကိုအစဉ်သတိရ၍ မြတ်နိုးလော့။ ယင်းတို့ကိုသတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ် တွင်လည်းကောင်းချည်ထားလော့။-
Therefore shall ye lay vp these my words in your heart and in your soule, and binde them for a signe vpon your hand, that they may be as a frontlet betweene your eyes,
19 ၁၉ သင်တို့၏သားသမီးများအားသင်ကြားပေး လော့။ သင်တို့သည်အိမ်၌ရှိသည်ဖြစ်စေ၊ ခရီး သွားသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ၊ အလုပ် လုပ်နေသည်ဖြစ်စေ ဤပညတ်များအကြောင်း ကိုပြောဆိုနေရမည်။-
And ye shall teach them your children, speaking of them, whe thou sittest in thine house, and when thou walkest by the way, and when thou liest downe, and when thou risest vp.
20 ၂၀ သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးများ တွင် ယင်းတို့ကိုရေးထားရမည်။-
And thou shalt write them vpon the postes of thine house, and vpon thy gates,
21 ၂၁ သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။''
That your daies may be multiplied, and the daies of your children, in ye land which the Lord sware vnto your fathers to giue them, as long as the heauens are aboue the earth.
22 ၂၂ ``သင်တို့အားငါမှာကြားသောပညတ်တော် ရှိသမျှတို့ကို လိုက်နာရန်သတိပြုကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ မိန့်တော်မူသမျှကိုလိုက်လျှောက်လျက် သစ္စာတော်ကိုစောင့်လော့။-
For if ye keepe diligently all these commandements, which I command you to doe: that is, to loue the Lord your God, to walke in all his waies, and to cleaue vnto him,
23 ၂၃ သို့မှသာလျှင်သင်တို့ချီတက်တိုက်ခိုက်သော အခါ သင်တို့ထက်ဦးရေများ၍အင်အားကြီး မားသည့်လူမျိုးတို့ကိုထာဝရဘုရားနှင် ထုတ်တော်မူသဖြင့် သူတို့၏ပြည်ကိုသင် တို့သိမ်းပိုက်နိုင်လိမ့်မည်။-
Then will the Lord cast out all these nations before you, and ye shall possesse great nations and mightier then you.
24 ၂၄ သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။-
All the places whereon the soles of your feete shall tread, shalbe yours: your coast shalbe from the wildernes and from Lebanon, and from the Riuer, euen the riuer Perath, vnto ye vttermost Sea.
25 ၂၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''
No man shall stande against you: for the Lord your God shall cast the feare and dread of you vpon all the land that ye shall treade vpon, as he hath said vnto you.
26 ၂၆ ``ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့အနက် တစ် ခုခုကိုယနေ့ရွေးယူလော့။-
Beholde, I set before you this day a blessing and a curse:
27 ၂၇ ယနေ့ငါပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကို သင် တို့စောင့်ထိန်းလျှင်ကောင်းချီးမင်္ဂလာကိုခံ ရမည်။-
The blessing, if ye obey the commandements of the Lord your God which I command you this day:
28 ၂၈ သို့ရာတွင်သင်တို့သည် ဤပညတ်တော်များ ကိုမစောင့်ထိန်းဘဲ သင်တို့ယခင်ကမကိုး ကွယ်ဘူးသောအခြားဘုရားများကို ကိုး ကွယ်လျှင်ကျိန်ခြင်းကိုခံရမည်။-
And ye curse, if ye wil not obey the commandements of the Lord your God, but turne out of the way, which I commande you this day, to go after other gods, which ye haue not knowen.
29 ၂၉ ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။-
When the Lord thy God therefore hath brought thee into ye lande, whither thou goest to possesse it, then thou shalt put the blessing vpon mount Gerizim, and the curse vpon mount Ebal.
30 ၃၀ (ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)
Are they not beyond Iorden on that part, where the sunne goeth downe in the land of the Canaanites, which dwel in the plaine ouer against Gilgal, beside the groue of Moreh?
31 ၃၁ သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးလျက် ဘုရားသခင်ထာဝရဘုရားပေးတော်မူမည့်ပြည်ကို သိမ်းပိုက်ရတော့မည်။ သင်တို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေချနေထိုင်ကြသော အခါ၊-
For yee shall passe ouer Iorden, to goe in to possesse the land, which ye Lord your God giueth you, and ye shall possesse it, and dwell therein.
32 ၃၂ သင်တို့အားငါယနေ့မှာကြားသမျှသော ပညတ်တော်တို့ကို စောင့်ထိန်းရန်မမေ့ကြ နှင့်။''
Take heede therefore that ye doe all the commandements and the lawes, which I set before you this day.