< တရားဟောရာ 10 >

1 ``ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`ယ​ခင် ကျောက်​ပြား​ကဲ့​သို့​ကျောက်​ပြား​နှစ်​ချပ်​ကို​ခုတ် လော့။ ထို​ကျောက်​ပြား​ကို​ထည့်​ရန် သစ်​သား​သေတ္တာ တော်​ကို​လည်း​ပြု​လုပ်​လော့။ ထို့​နောက်​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။-
Κατ' εκείνον τον καιρόν είπε Κύριος προς εμέ, Λατόμησον εις σεαυτόν δύο πλάκας λιθίνας ως τας πρώτας, και ανάβα προς εμέ εις το όρος, και κάμε εις σεαυτόν κιβωτόν ξυλίνην.
2 သင့်​ကြောင့်​ကျိုး​ပဲ့​ခဲ့​သော​ကျောက်​ပြား​များ ပေါ်​တွင် ငါ​ရေး​ခဲ့​သော​ပညတ်​တော်​များ​ကို ဤ ကျောက်​ပြား​များ​ပေါ်​တွင်​ငါ​ရေး​မည်။ သင်​သည် ထို​ကျောက်​ပြား​များ​ကို သေတ္တာ​တော်​ထဲ​တွင် ထည့်​ထား​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
Και εγώ θέλω γράψει επί τας πλάκας τα λόγια τα οποία ήσαν εις τας πρώτας πλάκας, τας οποίας συνέτριψας, και θέλεις εναποθέσει αυτάς εν τη κιβωτώ.
3 ``သို့​ဖြစ်​၍​ငါ​သည် အ​ကာ​ရှ​သစ်​သား​ဖြင့် သေတ္တာ​တော်​ကို​ပြု​လုပ်​၍ ယ​ခင်​ကျောက်​ပြား များ​နှင့်​အ​လား​တူ​ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​လျှင် ကျောက်​ပြား​များ​ကို​ယူ​ဆောင် လျက်​တောင်​ပေါ်​သို့​တက်​သွား​၏။-
Και έκαμα κιβωτόν εκ ξύλου σιττίμ, και ελατόμησα δύο πλάκας λιθίνας ως τας πρώτας, και ανέβην εις το όρος, έχων τας δύο πλάκας εις τας χείρας μου.
4 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-
Και έγραψεν επί τας πλάκας, κατά την γραφήν την πρώτην, τας δέκα εντολάς, τας οποίας ελάλησε Κύριος προς εσάς εν τω όρει εκ μέσου του πυρός, εν τη ημέρα της συνάξεως· και έδωκεν αυτάς ο Κύριος εις εμέ.
5 ထို့​နောက်​ငါ​သည်​တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ထို​ကျောက်​ပြား​များ​ကို​ငါ​ပြု​လုပ် သော​သေတ္တာ​တော်​ထဲ​တွင်​ထည့်​ထား​သည်​ဖြစ် ရာ ထို​ကျောက်​ပြား​များ​သည်​ယ​နေ့​တိုင် အောင်​သေတ္တာ​တော်​ထဲ​၌​ရှိ​သ​တည်း။''
Και επιστρέψας κατέβην από του όρους και ενέθεσα τας πλάκας εν τη κιβωτώ την οποίαν έκαμον· και είναι εκεί, καθώς προσέταξεν εις εμέ ο Κύριος.
6 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​ကန်​ရေ တွင်း​မှ​မော​သ​ရုတ်​စ​ခန်း​သို့​ခ​ရီး​သွား​ကြ​၏။ အာ​ရုန်​သည်​ထို​စ​ခန်း​တွင်​အနိစ္စ​ရောက်​သ​ဖြင့် သူ့ အား​သင်္ဂြိုဟ်​ကြ​လေ​သည်။ သူ​၏​သား​ဧ​လာ​ဇာ သည်​ဖ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​လေ​သည်။-
Και οι υιοί Ισραήλ εσηκώθησαν από Βηρώθ-βενέ-ιακάν εις Μοσερά. Εκεί απέθανεν ο Ααρών και εκεί ετάφη· και ιεράτευσεν Ελεάζαρ ο υιός αυτού αντ' αυτού.
7 သူ​တို့​သည်​ထို​စ​ခန်း​မှ​ရုတ်​ဂေါ​ဒ​စ​ခန်း​သို့ လည်း​ကောင်း၊ ထို​မှ​တစ်​ဆင့်​စမ်း​ပေါက်​ပေါ​များ ရာ ယု​ဟ​ဘ​သ​အ​ရပ်​သို့​လည်း​ကောင်း​ခ​ရီး ဆက်​ကြ​၏။-
Εκείθεν εσηκώθησαν εις Γαδγάδ και από Γαδγάδ εις Ιοτβαθά, γην ποταμών υδάτων.
8 တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
Κατ' εκείνον τον καιρόν εξεχώρισεν ο Κύριος την φυλήν του Λευΐ, διά να βαστάζη την κιβωτόν της διαθήκης του Κυρίου, να παρίσταται ενώπιον του Κυρίου διά να υπηρετή αυτόν, και να ευλογή εν τω ονόματι αυτού, έως της ημέρας ταύτης.
9 ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)
Διά τούτο δεν έχουσιν οι Λευΐται μερίδιον ή κληρονομίαν μεταξύ των αδελφών αυτών· ο Κύριος είναι η κληρονομία αυτών, καθώς Κύριος ο Θεός σου υπεσχέθη εις αυτούς.
10 ၁၀ ``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-
Και εγώ εστάθην επί του όρους, ως το πρότερον, τεσσαράκοντα ημέρας και τεσσαράκοντα νύκτας· και εισήκουσέ μου ο Κύριος και ταύτην την φοράν, και δεν ηθέλησεν ο Κύριος να σε εξολοθρεύση.
11 ၁၁ ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''
Και είπε Κύριος προς εμέ, Σηκώθητι, προπορεύου του λαού, διά να εισέλθωσι και κληρονομήσωσι την γην, την οποίαν ώμοσα προς τους πατέρας αυτών να δώσω εις αυτούς.
12 ၁၂ ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-
Και τώρα, Ισραήλ, τι ζητεί Κύριος ο Θεός σου παρά σου, ειμή να φοβήσαι Κύριον τον Θεόν σου, να περιπατής εις πάσας τας οδούς αυτού και να αγαπάς αυτόν, και να λατρεύης Κύριον τον Θεόν σου εξ όλης της καρδίας σου και εξ όλης της ψυχής σου,
13 ၁၃ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။-
να φυλάττης τας εντολάς του Κυρίου και τα διατάγματα αυτού, τα οποία εγώ προστάζω εις σε σήμερον διά το καλόν σου;
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။-
Ιδού, Κυρίου του Θεού σου είναι ο ουρανός και ο ουρανός των ουρανών· η γη και πάντα τα εν αυτή.
15 ၁၅ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။-
Και όμως τους πατέρας σου προετίμησεν ο Κύριος, να αγαπά αυτούς, και εξέλεξε το σπέρμα αυτών μετ' αυτούς, εσάς παρά πάντας τους λαούς, καθώς είναι την ημέραν ταύτην.
16 ၁၆ သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။-
Περιτέμετε λοιπόν την ακροβυστίαν της καρδίας σας και μη σκληρύνητε πλέον τον τράχηλόν σας.
17 ၁၇ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-
Διότι Κύριος ο Θεός σας είναι Θεός των θεών και Κύριος των κυρίων, Θεός μέγας, ισχυρός και φοβερός, μη αποβλέπων εις πρόσωπον μηδέ λαμβάνων δώρον·
18 ၁၈ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-
ποιών κρίσιν εις τον ορφανόν και εις την χήραν, και αγαπών τον ξένον, δίδων εις αυτόν τροφήν και ενδύματα.
19 ၁၉ သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။-
Αγαπάτε λοιπόν τον ξένον· διότι σεις ξένοι εστάθητε εν τη γη της Αιγύπτου.
20 ၂၀ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။-
Κύριον τον Θεόν σου θέλεις φοβείσθαι αυτόν θέλεις λατρεύει, και εις αυτόν θέλεις είσθαι προσηλωμένος, και εις το όνομα αυτού θέλεις ομνύει.
21 ၂၁ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-
Αυτός είναι καύχημά σου, και αυτός είναι Θεός σου, όστις έκαμε διά σε τα μεγάλα ταύτα και τρομερά, τα οποία είδον οι οφθαλμοί σου.
22 ၂၂ သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''
Μετά εβδομήκοντα ψυχών κατέβησαν οι πατέρες σου εις την Αίγυπτον, και τώρα Κύριος ο Θεός σου σε κατέστησεν ως τα άστρα του ουρανού κατά το πλήθος.

< တရားဟောရာ 10 >