< တရားဟောရာ 10 >
1 ၁ ``ထိုအခါထာဝရဘုရားကငါ့အား`ယခင် ကျောက်ပြားကဲ့သို့ကျောက်ပြားနှစ်ချပ်ကိုခုတ် လော့။ ထိုကျောက်ပြားကိုထည့်ရန် သစ်သားသေတ္တာ တော်ကိုလည်းပြုလုပ်လော့။ ထို့နောက်ငါရှိရာ တောင်ပေါ်သို့တက်လာလော့။-
At that time the LORD said to me, Hew thee two tables of stone like the first, and come up to me upon the mount, and make thee an ark of wood.
2 ၂ သင့်ကြောင့်ကျိုးပဲ့ခဲ့သောကျောက်ပြားများ ပေါ်တွင် ငါရေးခဲ့သောပညတ်တော်များကို ဤ ကျောက်ပြားများပေါ်တွင်ငါရေးမည်။ သင်သည် ထိုကျောက်ပြားများကို သေတ္တာတော်ထဲတွင် ထည့်ထားရမည်' ဟုမိန့်တော်မူ၏။''
And I will write on the tables the words that were in the first tables which thou didst break, and thou shalt put them in the ark.
3 ၃ ``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-
And I made an ark [of] shittim wood, and hewed two tables of stone like the first, and ascended the mount, having the two tables in my hand.
4 ၄ ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
And he wrote on the tables according to the first writing, the ten commandments, which the LORD spoke to you in the mount, from the midst of the fire, in the day of the assembly: and the LORD gave them to me.
5 ၅ ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''
And I turned myself and came down from the mount, and put the tables in the ark which I had made; and there they are, as the LORD commanded me.
6 ၆ (ဣသရေလအမျိုးသားတို့သည် ဗင်္ယာကန်ရေ တွင်းမှမောသရုတ်စခန်းသို့ခရီးသွားကြ၏။ အာရုန်သည်ထိုစခန်းတွင်အနိစ္စရောက်သဖြင့် သူ့ အားသင်္ဂြိုဟ်ကြလေသည်။ သူ၏သားဧလာဇာ သည်ဖခင်၏ယဇ်ပုရောဟိတ်အရိုက်အရာ ကိုဆက်ခံလေသည်။-
And the children of Israel took their journey from Beeroth of the children of Jakan to Mosira: there Aaron died, and there he was buried; and Eleazar his son ministered in the priest's office in his stead.
7 ၇ သူတို့သည်ထိုစခန်းမှရုတ်ဂေါဒစခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့်စမ်းပေါက်ပေါများ ရာ ယုဟဘသအရပ်သို့လည်းကောင်းခရီး ဆက်ကြ၏။-
From thence they journeyed to Gudgodah; and from Gudgodah to Jotbath, a land of rivers of waters.
8 ၈ တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
At that time the LORD separated the tribe of Levi, to bear the ark of the covenant of the LORD, to stand before the LORD to minister to him, and to bless in his name, to this day.
9 ၉ ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
Wherefore Levi hath no part nor inheritance with his brethren; the LORD [is] his inheritance, according as the LORD thy God promised him.
10 ၁၀ ``ငါသည်ပထမအကြိမ်ကဲ့သို့ တောင်ပေါ် တွင်ရက်ပေါင်းလေးဆယ်ပတ်လုံးနေခဲ့သည်။ သင်တို့အားမသုတ်သင်မဖျက်ဆီးပစ်ရန် ငါတောင်းပန်လျှောက်ထားချက်ကိုထာဝရ ဘုရားသည် ဤတစ်ကြိမ်၌လည်းနားညောင်း လက်ခံတော်မူ၏။-
And I stayed in the mount, according to the first-time, forty days and forty nights; and the LORD hearkened to me at that time also, [and] the LORD would not destroy thee.
11 ၁၁ ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။''
And the LORD said to me, Arise, take [thy] journey before the people, that they may go in and possess the land, which I swore to their fathers to give to them.
12 ၁၂ ``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
And now, Israel, what doth the LORD thy God require of thee, but to fear the LORD thy God, to walk in all his ways, and to love him, and to serve the LORD thy God with all thy heart and with all thy soul,
13 ၁၃ မိန့်တော်မူသမျှကိုလိုက်နာလော့။ ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှု တော်ကိုဆောင်ရွက်လော့။ သင်တို့၏ကောင်းကျိုး အလို့ငှာ ယနေ့ငါပေးသောပညတ်အလုံး စုံကိုစောင့်ထိန်းလော့။-
To keep the commandments of the LORD, and his statutes, which I command thee this day for thy good?
14 ၁၄ ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-
Behold, the heaven and the heaven of heavens belongeth to the LORD thy God, the earth [also], with all that it contains.
15 ၁၅ သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။-
Only the LORD had a delight in thy fathers to love them, and he chose their seed after them, [even] you above all people, as [it is] this day.
16 ၁၆ သို့ဖြစ်သောကြောင့်သင်တို့သည်ယခုမှစ၍ ထာဝရဘုရား၏အမိန့်တော်ကိုနာခံ လျက် ခေါင်းမာသောသဘောကိုပယ်ရှားကြ လော့။-
Circumcise therefore the foreskin of your heart, and be no more stiff-necked.
17 ၁၇ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
For the LORD your God [is] God of gods, and Lord of lords, a great God, a mighty, and a terrible, who regardeth not persons, nor taketh reward:
18 ၁၈ မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
He executeth the judgment of the fatherless and widow, and loveth the stranger, in giving him food and raiment.
19 ၁၉ သို့ဖြစ်၍လူမျိုးခြားတို့ကိုချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်ယခင် အခါကအီဂျစ်ပြည်တွင်လူမျိုးခြား အဖြစ်နေထိုင်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။-
Love ye therefore the stranger: for ye were strangers in the land of Egypt.
20 ၂၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။-
Thou shalt fear the LORD thy God; him shalt thou serve, and to him shalt thou cleave, and swear by his name.
21 ၂၁ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည် သင်တို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့အတွက် ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်သောအမှု ကြီးများကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရကြပြီ။-
He [is] thy praise, and he [is] thy God, that hath done for thee these great and terrible things which thy eyes have seen.
22 ၂၂ သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
Thy fathers went down into Egypt with seventy persons; and now the LORD thy God hath made thee as the stars of heaven for multitude.