< တရားဟောရာ 1 >
1 ၁ ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
2 ၂ (သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
3 ၃ ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
4 ၄ မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
5 ၅ မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။
6 ၆ မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-
7 ၇ စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
8 ၈ သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
9 ၉ မောရှေက``ထာဝရဘုရားကငါသည်သင်တို့ အားခေါင်းဆောင်ရသည့်တာဝန်မှာ ငါ့အတွက် အလွန်ကြီးလေးလှသည်။ ငါတစ်ဦးတည်း ထိုတာဝန်ကိုမထမ်းနိုင်။-
10 ၁၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
11 ၁၁ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။-
12 ၁၂ သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
13 ၁၃ သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။-
14 ၁၄ သင်တို့ကထိုအမှုသည်သင့်မြတ်ပါသည် ဟုဆို၍ သဘောတူလက်ခံခဲ့ကြသည်။-
15 ၁၅ သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
16 ၁၆ ``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
17 ၁၇ အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
18 ၁၈ တစ်ချိန်တည်းမှာပင်သင်တို့ပြုရမည့်အမှု တို့ကိုငါညွှန်ကြားခဲ့၏။''
19 ၁၉ ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
20 ၂၀ ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
21 ၂၁
22 ၂၂ ``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
23 ၂၃ ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-
24 ၂၄ သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
25 ၂၅ သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
26 ၂၆ ``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
27 ၂၇ သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။-
28 ၂၈ ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
29 ၂၉ ``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-
30 ၃၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
31 ၃၁
32 ၃၂ ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
33 ၃၃
34 ၃၄ ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
35 ၃၅ ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
36 ၃၆ ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
37 ၃၇ ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
38 ၃၈ သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''
39 ၃၉ ``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။-
40 ၄၀ သင်တို့မူကားလှည့်၍အာကာဘာပင်လယ် ကွေ့သို့ဦးတည်လျက် တောကန္တာရထဲသို့ပြန် ကြလော့' ဟုမိန့်တော်မူ၏။''
41 ၄၁ ``သင်တို့ကငါ့အား`အကျွန်ုပ်တို့သည်ထာဝရ ဘုရားအား ပြစ်မှားမိကြပါပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ယခုစစ်ချီတိုက်ခိုက်ပါမည်' ဟု ဆိုကြ၏။ ထို့နောက်သင်တို့သည်တောင်ကုန်း ဒေသကိုလွယ်ကူစွာဝင်ရောက်တိုက်ခိုက်နိုင် မည့်အထင်နှင့် သင်တို့အားလုံးစစ်ချီတိုက် ရန်အသင့်ပြင်ကြ၏။''
42 ၄၂ ``သို့ရာတွင်ထာဝရဘုရားက ငါ့အား`ငါသည် သူတို့နှင့်အတူရှိမည်မဟုတ်သောကြောင့် စစ်ချီ တိုက်ခိုက်ခြင်းမပြုရန်သတိပေးလော့။ သူတို့ သည်စစ်ရေးနိမ့်လိမ့်မည်' ဟုမိန့်တော်မူ၏။-
43 ၄၃ ငါသည်ထာဝရဘုရား၏အမိန့်တော်ကို သင်တို့အားဆင့်ဆိုသော်လည်း သင်တို့သည် အမိန့်တော်ကိုမနာခံကြ။ သင်တို့သည် ထာဝရဘုရားကိုဖီဆန်လျက် မာနထောင် လွှားလျက်တောင်ကုန်းဒေသသို့ချီတက်ခဲ့ ကြ၏။-
44 ၄၄ ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
45 ၄၅ ထိုအခါသင်တို့သည် ထာဝရဘုရားကူမတော် မူရန်ငိုကြွေးတောင်းပန်ကြ၏။ သို့ရာတွင်ကိုယ် တော်သည် သင်တို့၏တောင်းပန်သံကိုနားညောင်း တော်မမူ၊ ဂရုလည်းပြုတော်မမူ၊-
46 ၄၆ ``ထို့ကြောင့်ငါတို့သည်ကာဒေရှအရပ်၌ ကြာမြင့်စွာနေထိုင်ကြလျက်။-