< တရားဟောရာ 1 >
1 ၁ ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
၁တောကြီး လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ သုဖမြို့ တဘက် ၊ ပါရန် မြို့၊ တောဖလ မြို့၊ လာဗန် မြို့၊ ဟာဇရုတ် မြို့၊ ဒိဇဟတ် မြို့တို့အလယ်၌ မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဟောပြော သောစကား များကို ပြန်ရ လေသည်မှာ၊
2 ၂ (သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
၂ကာဒေရှဗာနာ အရပ်သည်၊ စိရ တောင် လမ်း ဖြင့် ဟောရပ် အရပ်နှင့် ဆယ် တ ရက် ခရီး ကွာသတည်း။
3 ၃ ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
၃
4 ၄ မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
၄
5 ၅ မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။
၅မောရှေ သည် ဟေရှဘုန် မြို့၌ နေ သော အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ၎င်း ၊ ဧဒြိ ပြည်၊ အာရှတရုတ် မြို့၌ နေ သော ဗာရှန် ဘုရင် ဩဃ ကို ၎င်း လုပ်ကြံ ပြီးမှ ၊ သက္ကရာဇ် လေးဆယ် ပြည့်၊ ဧကာဒသမ လ ၊ ပဌမ နေ့ရက်၌ မောဘ ပြည် ၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထား တော်မူနှင့်သမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ဟောပြော သောတရား စကားဟူမူကား၊
6 ၆ မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-
၆ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဟောရပ် အရပ်၌ ငါ တို့အား မိန့် တော်မူသည်ကား၊ သင် တို့သည် ကာလအချိန်စေ့အောင် ဤ တောင် ၌ နေ ကြပြီ။
7 ၇ စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
၇လှည့်လည် ၍ ခရီး သွားကြလော့။ အာမောရိ တောင် သို့၎င်း ၊ ထိုတောင် နှင့် နီး သောအရပ်၊ လွင်ပြင် ၊ တောင် ရိုး၊ ချိုင့် ၊ တောင် မျက်နှာ၊ ပင်လယ် နား သို့၎င်း ၊ ခါနာန် ပြည် ၊ လေဗနုန် တောင်၊ ဥဖရတ် မြစ် ကြီး တိုင်အောင် ၎င်း သွား ကြလော့။
8 ၈ သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
၈ထိုပြည် ကို သင် တို့ရှေ့ မှာ ငါထား ပြီ။ ထာဝရဘုရား သည် သင် တို့အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစ၍ ၊ သူ တို့အမျိုးအနွယ် အား ပေး မည်ဟု ကျိန်ဆို တော်မူသောပြည် ကို ဝင် ၍ သိမ်းယူ ကြလော့ဟု မိန့် တော်မူ၏။
9 ၉ မောရှေက``ထာဝရဘုရားကငါသည်သင်တို့ အားခေါင်းဆောင်ရသည့်တာဝန်မှာ ငါ့အတွက် အလွန်ကြီးလေးလှသည်။ ငါတစ်ဦးတည်း ထိုတာဝန်ကိုမထမ်းနိုင်။-
၉ထိုအခါ သင် တို့အား ငါပြော သည်ကား၊ သင် တို့အမှုကို ငါ တယောက်တည်း မ ထမ်း နိုင်။
10 ၁၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
၁၀သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို များပြား စေတော်မူ၍ ၊ သင် တို့သည် အရေ အတွက်အားဖြင့် ကောင်းကင် ကြယ် ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
11 ၁၁ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။-
၁၁သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို အဆ အထောင် အားဖြင့် များပြား စေတော်မူပါစေသော။ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူပါစေသော။
12 ၁၂ သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
၁၂သင်တို့ပင်ပန်းခြင်း၊ အမှု ဆောင်ရွက်ခြင်း၊ ရန်တွေ့ ခြင်းဝန် ကို ငါ တယောက်တည်း အဘယ်သို့ ထမ်း နိုင် မည်နည်း။
13 ၁၃ သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။-
၁၃ဉာဏ် ပညာနှင့် ပြည့်စုံ ၍ အသရေ ရှိသောသူတို့ ကို သင် တို့အမျိုး များထဲက ရွေး ပေးကြလော့။ သူ တို့ကို မင်း အရာ၌ ငါခန့် ထားမည်ဟု ပြော ဆိုလျှင်၊
14 ၁၄ သင်တို့ကထိုအမှုသည်သင့်မြတ်ပါသည် ဟုဆို၍ သဘောတူလက်ခံခဲ့ကြသည်။-
၁၄သင်တို့က ကိုယ်တော်ပြော သည်အတိုင်း ပြု ကောင်း ပါသည်ဟု ပြန် ဆိုကြ၏။
15 ၁၅ သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
၁၅ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။
16 ၁၆ ``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
၁၆တရား သူကြီးတို့အားလည်း ၊ သင် တို့ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါး အမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရား သဖြင့် စီရင် ကြလော့။
17 ၁၇ အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
၁၇တရား အမှုကို စီရင်သောအခါအဘယ်သူ၏ မျက်နှာ ကို မ ထောက် ရ။ လူငယ် စကားကို လူကြီး စကားကဲ့သို့ မှတ် ရမည်။ အဘယ် လူကိုမျှ မ ကြောက် ရ။ အကြောင်း မူကား၊ တရား အမှုကို ဘုရား သခင်ပိုင်တော်မူသောကြောင့် တည်း။ ကိုယ်တိုင်မစီရင်တတ်သော အမှု ကို ငါ့ ထံမှာ အယူခံ ရမည်။ ငါလည်း နားထောင် မည်ဟု မှာခဲ့၏။
18 ၁၈ တစ်ချိန်တည်းမှာပင်သင်တို့ပြုရမည့်အမှု တို့ကိုငါညွှန်ကြားခဲ့၏။''
၁၈သင် တို့ပြု ရသမျှ သော အမှု တို့ကိုလည်း ထိုအခါ ငါမှာ ထားခဲ့၏။
19 ၁၉ ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
၁၉ငါတို့သည် ဟောရပ် အရပ်မှ ထွက် သောနောက် ၊ အာမောရိ တောင် သို့ သွားသော လမ်း နားမှာ ကြောက်မက် ဘွယ်ဖြစ်၍ သင်တို့တွေ့မြင် သော တော ကြီး အလယ် ၌၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ရှောက်သွား ၍ ၊ ကာဒေရှဗာနာ အရပ်သို့ ရောက် ကြ၏။
20 ၂၀ ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
၂၀ထိုအခါ ငါကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောအာမောရိ တောင် သို့ သင် တို့သည် ရောက် ကြပြီ။
၂၁သင် တို့ဘုရား သခင်ထာဝရဘုရား သည် ပြည် တော်ကို သင် တို့ရှေ့ မှာထား တော်မူပြီ။ သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ တက် သွား၍ သိမ်းယူ ကြလော့။ မ ကြောက် ကြနှင့်။ စိတ် လည်း မ ပျက်ကြနှင့်ဟု ပြော ဆို၏။
22 ၂၂ ``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
၂၂ထိုအခါ သင် တို့ရှိသမျှ သည် ငါ့ ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ် တို့ရှေ့ ၌ လူ တို့ကို စေလွှတ် ပါမည်။ သူတို့သည် ထိုပြည် ကို စူးစမ်း ပြီးမှ ၊ အကျွန်ုပ်တို့သည် အဘယ်လမ်း သို့သွား လျှင် အဘယ်မြို့ သို့ ရောက် ရမည်ကို ကြားပြော ကြပါ လိမ့်မည်ဟု၊
23 ၂၃ ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-
၂၃လျှောက်ဆိုသောစကား ကို ငါ နှစ်သက် ၍ ၊ သင် တို့တွင် တမျိုး တယောက် စီ၊ လူ ပေါင်း တကျိပ် နှစ် ယောက်တို့ကို ရွေး ထား၏။
24 ၂၄ သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
၂၄ထိုသူတို့သည် တောင် ပေါ်သို့ လှည့် သွား ၍ ၊ ဧရှကောလ ချိုင့် သို့ ရောက် သဖြင့် စူးစမ်း ကြ၏။
25 ၂၅ သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
၂၅ထိုပြည် ၌ ရသောသစ်သီး ကို ထမ်း ၍ ဆောင် ခဲ့ လျက် ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် သည် ကောင်း သော ပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
26 ၂၆ ``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
၂၆သင်တို့သည် မ သွား ဘဲ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဆန် လျက်၊
27 ၂၇ သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။-
၂၇ထာဝရဘုရား သည် ငါ တို့ကိုမုန်း ၍ ဖျက်ဆီး ချင် သောကြောင့် ၊ အာမောရိ လူတို့ လက် ၌ အပ် လိုသောငှါ ၊ အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည်တကား။
28 ၂၈ ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
၂၈ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။
29 ၂၉ ``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-
၂၉ထိုအခါ ငါက၊ မ ထိတ်လန့် ကြနှင့်၊ သူ တို့ကို မ ကြောက် ကြနှင့်။
30 ၃၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
၃၀သင် တို့ရှေ့ မှာကြွ တော်မူသော သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့မျက်မှောက် ၊ အဲဂုတ္တု ပြည်၌ ၎င်း၊
၃၁သင်တို့လိုက်လာသောလမ်း တလျှောက်လုံး ၊ ဤ အရပ် တိုင်အောင် အဘသည် သား ကို ချီပိုက် သကဲ့သို့ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ချီပိုက် တော်မူသောကျေးဇူးတော်ကိုခံ ရာတော ၌ ၎င်း ၊ သင် တို့အဘို့ ပြု တော်မူသကဲ့သို့ ၊ သင် တို့ဘက် ၌ စစ် ကူ တော်မူမည်ဟု ဆိုသော်လည်း၊
32 ၃၂ ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
၃၂သင် တို့တဲ စားခန်းချရာ အရပ် ကို ရှာ ၍ သင်တို့သွား လတံ့သော လမ်း ကို ပြ ခြင်းငှါ ၊ ညဉ့် ခါ မီး ၌ ၎င်း၊ နေ့ အခါ မိုဃ်းတိမ် ၌ ၎င်း၊
၃၃သင် တို့ရှေ့ မှာ ကြွ တော်မူသော သင် တို့ဘုရား သခင်ထာဝရ ဘုရား၏ စကားတော်ကို ထို အမှု ၌ သင် တို့မ ယုံ ကြပါတကား။
34 ၃၄ ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
၃၄သင် တို့စကား သံ ကို ထာဝရဘုရား ကြား ၍ မျက် တော်ထွက်လျက်၊
35 ၃၅ ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
၃၅သူတို့ဘိုးဘေး တို့အား ငါပေး မည်ဟု ငါကျိန်ဆို သော ပြည် ကောင်း ကို ၊ ယေဖုန္နာ ၏သား ကာလက် မှတပါး ၊ ဤ ဆိုး သောလူမျိုး တစုံ တယောက်မျှ ဆက်ဆက်မ မြင် ရ။
36 ၃၆ ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
၃၆ထိုသူ သည် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် မြင် ရ၏။ သူနင်း သောပြည် ကို သူ မှစ၍ သူ ၏သား မြေးတို့အား ငါပေး မည်ဟု ကျိန်ဆိုတော်မူ၏။
37 ၃၇ ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
၃၇သင် တို့အတွက် ထာဝရဘုရား သည် ငါ့ ကိုလည်း အမျက် တော်ထွက်၍ ၊ သင် သည် ထို ပြည်သို့ မ ဝင် စားရ။
38 ၃၈ သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''
၃၈သင့် လက်ထောက် နုန် ၏သား ယောရှု သည် ဝင်စား ရမည်။ သူ သည် ဣသရေလ အမျိုးသားအမွေခံ စေမည့်သူ ဖြစ်သောကြောင့် ၊ သူ့ ကို အား ပေးလော့။
39 ၃၉ ``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။-
၃၉ရန်သူလုယူ ရာဖြစ် မည်ဟု သင် တို့ဆို သော သူငယ် များ၊ ထိုအခါ ကောင်း မ ကောင်းကို ပိုင်းခြားမ သိနိုင် သေးသော သားသမီး များတို့သည် ထို ပြည်ကို ဝင်စား ၍ ၊ ငါပေး သည်အတိုင်း သိမ်းယူ ကြလိမ့်မည်။
40 ၄၀ သင်တို့မူကားလှည့်၍အာကာဘာပင်လယ် ကွေ့သို့ဦးတည်လျက် တောကန္တာရထဲသို့ပြန် ကြလော့' ဟုမိန့်တော်မူ၏။''
၄၀သင် တို့မူကား ၊ လှည့် ၍ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ခရီး သွားကြဦးလော့ဟု မိန့်တော်မူ၏။
41 ၄၁ ``သင်တို့ကငါ့အား`အကျွန်ုပ်တို့သည်ထာဝရ ဘုရားအား ပြစ်မှားမိကြပါပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ယခုစစ်ချီတိုက်ခိုက်ပါမည်' ဟု ဆိုကြ၏။ ထို့နောက်သင်တို့သည်တောင်ကုန်း ဒေသကိုလွယ်ကူစွာဝင်ရောက်တိုက်ခိုက်နိုင် မည့်အထင်နှင့် သင်တို့အားလုံးစစ်ချီတိုက် ရန်အသင့်ပြင်ကြ၏။''
၄၁သင်တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ကို ပြစ်မှား မိပါပြီ။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ ယခုသွား ၍ စစ်တိုက် ပါမည်ဟု ငါ့ အား လျှောက်ဆို လျက် ၊ လူ အပေါင်းတို့သည် လက်နက် စွဲကိုင် လျက် ၊ တောင် ပေါ်သို့ တက် ခြင်းငှါ အသင့် နေကြ၏။
42 ၄၂ ``သို့ရာတွင်ထာဝရဘုရားက ငါ့အား`ငါသည် သူတို့နှင့်အတူရှိမည်မဟုတ်သောကြောင့် စစ်ချီ တိုက်ခိုက်ခြင်းမပြုရန်သတိပေးလော့။ သူတို့ သည်စစ်ရေးနိမ့်လိမ့်မည်' ဟုမိန့်တော်မူ၏။-
၄၂ထာဝရဘုရား ကလည်း ၊ တက် ၍ မ တိုက် ကြနှင့်။ သင် တို့ဘက် ၌ ငါ မ ရှိ။ တိုက်လျှင် ရန်သူ ရှေ့ မှာ ရှုံး ရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆို ရမည်အကြောင်း ၊ ငါ့ အား မိန့် တော်မူသည်အတိုင်း၊
43 ၄၃ ငါသည်ထာဝရဘုရား၏အမိန့်တော်ကို သင်တို့အားဆင့်ဆိုသော်လည်း သင်တို့သည် အမိန့်တော်ကိုမနာခံကြ။ သင်တို့သည် ထာဝရဘုရားကိုဖီဆန်လျက် မာနထောင် လွှားလျက်တောင်ကုန်းဒေသသို့ချီတက်ခဲ့ ကြ၏။-
၄၃ငါဆင့်ဆို သော်လည်း သင် တို့သည် နား မ ထောင်၊ ထာဝရ ဘုရား၏ အမိန့် တော်ကို ငြင်းဆန် ၍ ခိုင်ခံ့ သောစိတ်နှင့် တောင် ပေါ်သို့ တက် ကြ၏။
44 ၄၄ ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
၄၄ထိုအခါ တောင် ပေါ် မှာရှိ နှင့်သော အာမောရိ အမျိုးသားတို့သည် သင် တို့တဘက် ၌ ထွက် လာလျက်၊ ပျား များအုံ၍ လိုက် သကဲ့သို့ သင် တို့ကိုလိုက် ၍ ၊ စိရ အရပ်၊ ဟောမာ မြို့တိုင်အောင် ဖျက်ဆီး ကြ၏။
45 ၄၅ ထိုအခါသင်တို့သည် ထာဝရဘုရားကူမတော် မူရန်ငိုကြွေးတောင်းပန်ကြ၏။ သို့ရာတွင်ကိုယ် တော်သည် သင်တို့၏တောင်းပန်သံကိုနားညောင်း တော်မမူ၊ ဂရုလည်းပြုတော်မမူ၊-
၄၅သင်တို့သည်လည်း ပြန်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ငိုကြွေး ကြ၏။ သို့သော်လည်း သင် တို့စကား ကို ထာဝရဘုရား နားထောင် နာယူ တော်မ မူ။
46 ၄၆ ``ထို့ကြောင့်ငါတို့သည်ကာဒေရှအရပ်၌ ကြာမြင့်စွာနေထိုင်ကြလျက်။-
၄၆ထိုကြောင့် ကာဒေရှ အရပ်၌ အရင်နေ သကဲ့သို့ ကြာမြင့် စွာ နေ ပြန်ရကြ၏။