< ဒံယေလ 8 >
1 ၁ ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။-
Uti tredje årena af Konung Belsazars rike syntes mig, Daniel, en syn, efter den som mig i förstone synts hade.
2 ၂ ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
Men jag var, då jag denna syn såg, i Susan, hufvudstadenom i Elams land, vid den älfven Ulai.
3 ၃ မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
Och jag hof upp min ögon, och såg; och si, en vädur stod för älfvene, och han hade tu hög horn; dock det ena högre än det andra, och det högsta växte sist.
4 ၄ ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
Jag såg, att väduren stötte med hornen vesterut, norrut och söderut; och intet djur kunde bestå för honom, eller fria sig ifrå hans hand, utan han gjorde hvad han ville, och vardt stor.
5 ၅ ငါသည်ဤအခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ် ကိုစဉ်းစားတွေးတောလျက်နေစဉ် အနောက် အရပ်မှဆိတ်တစ်ကောင်သည်ပြေး၍ထွက် လာ၏။ သူသည်အရှိန်ပြင်းလှသဖြင့်မြေ ကိုပင်မနင်းမိချေ။ သူ၏မျက်လုံးများ အကြားတွင်ငေါ၍ထွက်နေသောဦးချို တစ်ချောင်းရှိ၏။-
Och vid jag gaf der akt uppå, så kom en getabock, vestanefter, öfver hela jordena, så att han intet kom vid jordena; och den bocken hade ett skönt horn emellan sin ögon.
6 ၆ သူသည်ယခင်ကမြစ်အနီးတွင် ငါမြင် ခဲ့သောသိုး၏အနီးသို့ရောက်လာသော အခါ တစ်ဟုန်တည်းပြေး၍ဝှေ့လေ၏။-
Och han kom allt intill den väduren som tu horn hade, den jag såg stå för älfvene, och han lopp i sine vrede väldeliga intill honom.
7 ၇ ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။
Och jag såg, att han kom hardt intill väduren, och förgrymmade sig öfver honom, och stötte till väduren, och sönderslog hans tu horn; och väduren hade ingen magt till att stå honom emot, utan han stötte honom till markena, och trampade uppå honom; och ingen förmåtte hjelpa väduren utu hans hand.
8 ၈ ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
Och den getabocken vardt ganska stor, och då han som starkast vorden var, gick det stora hornet sönder, och i dess stad växte fyra sköna, emot fyra himmelens väder.
9 ၉ ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
Och af enodera växte ett litet horn; det vardt ganska stort, söderut, österut, och inemot det lustiga landet.
10 ၁၀ ချိုအတက်သည်ကောင်းကင်ဗိုလ်ခြေတည်း ဟူသောကြယ်တာရာများကိုတိုက်ခိုက်နိုင် သည်တိုင်အောင် အင်အားကြီးမားလာကာ ထိုကြယ်တာရာအချို့တို့ကိုမြေသို့ ချ၍နင်းချေလေသည်။-
Och det växte allt intill himmelens här, och kastade somliga neder dädan, och af stjernorna till jordena, och trampade uppå dem.
11 ၁၁ ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
Ja, det växte allt intill Förstan för hären; och tog bort ifrå honom det dagliga offret, och förödde hans helgedoms boning.
12 ၁၂ လူတို့သည်နေ့စဉ်ပူဇော်နေကျယဇ်များ ကိုပူဇော်မည့်အစားစစ်မှန်သောဘာသာ တရားကိုမြေသို့တိုင်အောင်ရှုတ်ချကြ၏။ ထိုဦးချိုသည်ပြုလေသမျှသောအမှု တို့တွင်အောင်မြင်လေသည်။
Och sådana magt vardt honom gifven emot det dagliga offret för syndernas skull, så att han skulle slå neder sanningena, och hvad han gjorde, skulle framgång hafva.
13 ၁၃ ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
Men jag hörde en heligan tala; och den samme helige sade till en som talade: Huru länge skall dock denna synen, om det dagliga offret, vara, och om synderna, för hvilkas skull denna förödning sker, så att både helgedomen och hären förtrampad varder?
14 ၁၄ ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။
Och han svarade mig: Det är tutusende och trehundrade dagar, efter afton och morgon räknandes, så skall helgedomen åter vigder varda.
15 ၁၅ ငါဒံယေလသည်ဗျာဒိတ်ရူပါရုံ၏အနက် ကိုသိရှိနိုင်ရန်ကြိုးစားလျက်နေစဉ် လူ့ သဏ္ဌာန်ကိုဆောင်သူတစ်ဦးသည်ငါ၏ရှေ့ တွင်ရပ်၍နေသည်ကိုမြင်ရ၏။-
Och då jag, Daniel, såg den synena, och hade gerna förståndit henne; si, då stod för mig såsom en man.
16 ၁၆ ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
Och jag hörde emellan Ulai ene menniskos röst, som ropade och sade: Gabriel, uttyd dessom synena, så att han förstår henne.
17 ၁၇ ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
Och han kom hardt intill mig; och jag vardt förskräckt, då han kom, och föll neder uppå mitt ansigte, och han sade till mig: Gif akt häruppå, du menniskobarn, ty denna synen lyder uppå ändans tid.
18 ၁၈ သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
Och då han talade med mig, dignade jag af vanmägtighet neder på mitt ansigte till jordena; men han tog uppå mig, och rätte mig upp, så att jag blef ståndandes.
19 ၁၉ ``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။
Och han sade: Si, jag vill visa dig, huru det gå skall på yttersta vredenes tid; ty änden hafver sin bestämda tid.
20 ၂၀ ``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။-
Väduren med de tu horn, som du sågst, äro de Konungar i Meden och Persien;
21 ၂၁ ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
Men getabocken är Konungen i Grekeland; det stora hornet emellan hans ögon är den förste Konungen.
22 ၂၂ ထိုဦးချိုကျိုး၍သွားသောအခါပေါက်လာ သည့်ဦးချိုလေးချောင်းတို့မှာ ထိုနိုင်ငံမှကွဲ ပြားပေါ်ပေါက်လာမည့်နိုင်ငံလေးခုဖြစ်၏။ သို့ရာတွင်ထိုနိုင်ငံတို့သည် ပထမနိုင်ငံ လောက်အင်အားကြီးမားကြလိမ့်မည် မဟုတ်။
Men att fyra stodo i dess stad, då det sönderslagit vardt, betyder, att fyra rike skola uppkomma af det folket; men icke så mägtig som han var.
23 ၂၃ ``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။-
Efter dessa riken, när öfverträdelsen stor vorden är, skall uppkomma en arg och listig Konung.
24 ၂၄ သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
Han skall vara mägtig, dock icke genom sina kraft; han skall underliga föröda, och skall hafva framgång, att han det uträttar; han skall förstöra de starka, och det heliga folket.
25 ၂၅ သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
Och genom hans klokhet skall hans bedrägeri framgå, och han skall upphäfva sig i sitt hjerta, och genom framgång skall han många förderfva, och skall uppsätta sig emot alla Förstars Första; men han skall utan hand förlagd varda.
26 ၂၆ ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
Denna synen, om afton och morgon, som dig sagd är, hon är sann; men du skall hålla synena hemliga, ty det är ännu en lång tid dit.
27 ၂၇ ငါဒံယေလသည်ရက်ပေါင်းများစွာစိတ် ညှိုးငယ်လျက် မကျန်းမမာဖြစ်၍နေ၏။ ထို နောက်ငါသည်ထ၍ဘုရင်ပေးအပ်ထားသည့် အလုပ်တာဝန်ကိုဆောင်ရွက်၏။ သို့ရာတွင် ထိုဗျာဒိတ်ရူပါရုံကြောင့်စိတ်ရှုပ်ထွေးလျက် နေသဖြင့် ငါသည်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုနားမလည်နိုင်ပါ။
Och jag, Daniel, vardt svag, och låg i några dagar krank; sedan stod jag upp, och beställde Konungens ärende, och förundrade mig uppå synena; och ingen var, som kunde reda mig henne ut.