< ဒံယေလ 8 >

1 ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-
El tercer año del reinado del rey Belsasar, yo, Daniel, tuve una visión, después de la anterior.
2 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-
En esa visión yo estaba junto al río Ulai en Susa, la capital, en la provincia de Elam.
3 မျှော်​ကြည့်​လိုက်​ရာ​မြစ်​အ​နီး​တွင်​ရပ်​နေ သော​သိုး​ထီး​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သိုး မှာ​ဦး​ချို​ရှည်​ကြီး​နှစ်​ချောင်း​ရှိ​၍​တစ်​ချောင်း မှာ​အ​ခြား​တစ်​ချောင်း​ထက်​ပို​ရှည်​၍​နောက် မှ​ပေါက်​သော​ချို​ဖြစ်​သည်။-
Alcé los ojos y miré. Ahí estaba un carnero parado frente al río. Aunque tenía dos cuernos largos, uno era más alto que el otro, y el más alto creció posteriormente.
4 ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။
Vi que el carnero acometía con sus cuernos hacia el oeste, hacia el norte y hacia el sur. Y ninguna bestia prevalecía delante de él, ni había quien escapara de su poder. Hacía lo que quería y se engrandecía.
5 ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-
Mientras yo consideraba esto, vi que un macho cabrío llegaba del oeste sobre la superficie de toda la tierra, sin tocar el suelo. Aquel macho cabrío tenía un cuerno notable entre sus ojos.
6 သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။-
Fue hasta el carnero de dos cuernos que yo vi en la ribera del río, y lo embistió con toda la furia de su fuerza.
7 ငါ​သည်​ဆိတ်​က​သိုး​အား​ဝှေ့​သည်​ကို​ကြည့် ၍​နေ​၏။ ဆိတ်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍ သိုး​ကို​တ​အား​ကုန်​ဝှေ့​လိုက်​ရာ​သိုး​၏​ဦး ချို​နှစ်​ချောင်း​ကျိုး​လေ​၏။ သိုး​သည်​ပြန်​လည် ခု​ခံ​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်​မြေ​ပေါ်​သို့​လဲ ကျ​ကာ​ခြေ​နှင့်​အ​နင်း​ခံ​ရ​လေ​သည်။ အ​ဘယ်​သူ​မျှ​သူ့​အား​မ​ကယ်​နိုင်​တော့​ပေ။
Lo vi encendido en cólera. Fue hasta el carnero, lo acometió y rompió sus dos cuernos. El carnero no tuvo fuerzas para enfrentarse a él. Por tanto lo derribó a tierra, lo pisoteó, y no hubo quien librara al carnero de su poder.
8 ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-
El macho cabrío se engrandeció muchísimo, pero cuando estaba en su mayor poderío, aquel gran cuerno fue quebrado. En su lugar surgieron otros cuatro cuernos notables hacia los cuatro puntos cardinales del cielo.
9 ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-
De uno de ellos surgió un cuerno pequeño que creció mucho hacia el sur, hacia el oriente y hacia la tierra gloriosa.
10 ၁၀ ချို​အ​တက်​သည်​ကောင်း​ကင်​ဗိုလ်​ခြေ​တည်း ဟူ​သော​ကြယ်​တာ​ရာ​များ​ကို​တိုက်​ခိုက်​နိုင် သည်​တိုင်​အောင် အင်​အား​ကြီး​မား​လာ​ကာ ထို​ကြယ်​တာ​ရာ​အ​ချို့​တို့​ကို​မြေ​သို့ ချ​၍​နင်း​ချေ​လေ​သည်။-
Se engrandeció hacia la hueste celestial. Echó parte de la hueste y de las estrellas a la tierra, y las pisoteó.
11 ၁၁ ကောင်း​ကင်​ဗိုလ်​ခြေ​တို့​၏​အ​ရှင်​ကို​ပင်​အာ ခံ​လျက် ကိုယ်​တော်​အား​ပူ​ဇော်​နေ​ကျ​ဖြစ် သည့်​ယဇ်​များ​ကို​ရပ်​စဲ​စေ​၍​ဗိ​မာန်​တော် ကို​ပျက်​စီး​စေ​၏။-
Se engrandeció contra el Comandante de la hueste. Quitó el sacrificio continuo y derribó el lugar de su Santuario.
12 ၁၂ လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။
Se le entregó el ejército para oponerse al sacrificio continuo por causa de la transgresión. Echó a tierra la verdad, efectuó cuanto quiso y prosperó.
13 ၁၃ ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။
Entonces oí a un santo que hablaba. Y otro santo preguntó al que hablaba: ¿Hasta cuándo durará la visión del sacrificio continuo, la transgresión desoladora, y la entrega del Santuario y el ejército para que sean pisoteados?
14 ၁၄ ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ် ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။
Y él respondió: Hasta 2.300 tardes y mañanas. Luego el Santuario será purificado.
15 ၁၅ ငါ​ဒံ​ယေ​လ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် ကို​သိ​ရှိ​နိုင်​ရန်​ကြိုး​စား​လျက်​နေ​စဉ် လူ့ သဏ္ဌာန်​ကို​ဆောင်​သူ​တစ်​ဦး​သည်​ငါ​၏​ရှေ့ တွင်​ရပ်​၍​နေ​သည်​ကို​မြင်​ရ​၏။-
Aconteció que mientras yo, Daniel, consideraba la visión y procuraba comprenderla, vi que se colocó delante de mí uno que tenía aspecto de hombre.
16 ၁၆ ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-
Y oí una voz de hombre en las riberas del Ulai, que clamó: ¡Gabriel, facilita que éste entienda la visión!
17 ၁၇ ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-
Así que fue adonde yo estaba parado. Cuando llegó me postré atemorizado rostro en tierra. Pero él me dijo: Hijo de hombre, entiende que la visión es para el tiempo del fin.
18 ၁၈ သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-
Mientras él hablaba conmigo, me postré en tierra en un profundo adormecimiento. Pero él me tocó y me puso en pie.
19 ၁၉ ``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။
Y me dijo: Mira, te enseñaré lo que ocurrirá en el último tiempo de la ira, porque eso es para el tiempo del fin.
20 ၂၀ ``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။-
En cuanto al carnero que viste que tenía dos cuernos, éstos son los reyes de Media y de Persia.
21 ၂၁ ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-
El macho cabrío es el rey de Grecia, y el gran cuerno entre sus ojos es el primer rey.
22 ၂၂ ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။
En cuanto al cuerno que fue quebrado y cuatro surgieron en su lugar, significa que de ese reino se levantarán cuatro reinos, aunque no con la fuerza del primero.
23 ၂၃ ``ထို​နိုင်​ငံ​များ​သည်​ပျက်​သုဉ်း​ချိန်​နီး​၍ အ​ပြစ်​ဒဏ်​သင့်​လောက်​အောင်​ယုတ်​မာ​လာ သော​အ​ခါ​ခေါင်း​မာ​ဆိုး​ညစ်၊ ကောက်​ကျစ် လိမ်​လည်​တတ်​သော​ဘု​ရင်​တစ်​ပါး​ပေါ် ပေါက်​လာ​လိမ့်​မည်။-
Al fin del reinado de éstos, cuando los transgresores completen su transgresión, se levantará un rey altivo de rostro y entendido en enigmas.
24 ၂၄ သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။-
Su poder será enorme, pero no por su propia fuerza. Causará grandes ruinas y prosperará, actuará arbitrariamente y destruirá a los fuertes y al pueblo de los santos.
25 ၂၅ သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
Con su sagacidad hará prosperar el engaño en su mano. Se ensoberbecerá en su corazón. En tiempo de seguridad destruirá a muchos y se levantará contra el Príncipe de los príncipes. Pero será quebrantado, aunque no por mano humana.
26 ၂၆ ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။
La visión de las tardes y mañanas que se narró es verdadera, pero tú debes guardar la visión, porque es para mucho tiempo [futuro].
27 ၂၇ ငါ​ဒံ​ယေ​လ​သည်​ရက်​ပေါင်း​များ​စွာ​စိတ် ညှိုး​ငယ်​လျက် မ​ကျန်း​မ​မာ​ဖြစ်​၍​နေ​၏။ ထို နောက်​ငါ​သည်​ထ​၍​ဘု​ရင်​ပေး​အပ်​ထား​သည့် အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​၏။ သို့​ရာ​တွင် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့်​စိတ်​ရှုပ်​ထွေး​လျက် နေ​သ​ဖြင့် ငါ​သည်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​နား​မ​လည်​နိုင်​ပါ။
Y yo, Daniel, quedé quebrantado y estuve enfermo algunos días. Luego me levanté y atendí los negocios del rey, pero estaba espantado a causa de la visión. No la entendía.

< ဒံယေလ 8 >