< ဒံယေလ 7 >
1 ၁ ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။
バビロンの王ベルシャザルの元年に、ダニエルは床にあって夢を見、また脳中に幻を得たので、彼はその夢をしるして、その事の大意を述べた。
2 ၂ လေတို့သည်အရပ်လေးမျက်နှာမှတိုက်ခတ်သဖြင့် သမုဒ္ဒရာရေပြင်တွင်ပြင်းစွာလှိုင်းတံပိုးထလေ၏။-
ダニエルは述べて言った、「わたしは夜の幻のうちに見た。見よ、天の四方からの風が大海をかきたてると、
3 ၃ ထိုအခါပုံသဏ္ဌာန်ချင်းမတူသောသားရဲကြီးလေးကောင်တို့သည်သမုဒ္ဒရာထဲမှထွက်ပေါ်လာ၏။-
四つの大きな獣が海からあがってきた。その形は、おのおの異なり、
4 ၄ ပထမသားရဲသည်ခြင်္သေ့နှင့်တူ၍လင်းယုန်ကဲ့သို့အတောင်များရှိ၏။ ငါသည်ကြည့်ရှုနေစဉ်ထိုသားရဲသည်အတောင်များပြုတ်၍သွားပြီးလျှင် မြေပေါ်သို့မြောက်တက်ကာလူကဲ့သို့မတ်တတ်ရပ်လျက်နေ၏။ ထိုနောက်သူသည်လူ့စိတ်ကိုရလေသည်။
第一のものは、ししのようで、わしの翼をもっていたが、わたしが見ていると、その翼は抜きとられ、また地から起されて、人のように二本の足で立たせられ、かつ人の心が与えられた。
5 ၅ ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။
見よ、第二の獣は熊のようであった。これはそのからだの一方をあげ、その口の歯の間に、三本の肋骨をくわえていたが、これに向かって『起きあがって、多くの肉を食らえ』と言う声があった。
6 ၆ ငါသည်ဆက်လက်၍ကြည့်ရှုနေစဉ်အခြားသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏ကျောပေါ်တွင်ငှက်တောင်ပံများနှင့်တူသောအတောင်လေးခုရှိ၏။ သူ့မှာဦးခေါင်းလေးလုံးရှိ၏။ သူသည်တန်ခိုးအာဏာရှိပုံရ၏။
その後わたしが見たのは、ひょうのような獣で、その背には鳥の翼が四つあった。またこの獣には四つの頭があり、主権が与えられた。
7 ၇ ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
その後わたしが夜の幻のうちに見た第四の獣は、恐ろしい、ものすごい、非常に強いもので、大きな鉄の歯があり、食らい、かつ、かみ砕いて、その残りを足で踏みつけた。これは、その前に出たすべての獣と違って、十の角を持っていた。
8 ၈ ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
わたしが、その角を注意して見ていると、その中に、また一つの小さい角が出てきたが、この小さい角のために、さきの角のうち三つがその根から抜け落ちた。見よ、この小さい角には、人の目のような目があり、また大きな事を語る口があった。
9 ၉ ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
わたしが見ていると、もろもろのみ座が設けられて、日の老いたる者が座しておられた。その衣は雪のように白く、頭の毛は混じりもののない羊の毛のようであった。そのみ座は火の炎であり、その車輪は燃える火であった。
10 ၁၀ ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
彼の前から、ひと筋の火の流れが出てきた。彼に仕える者は千々、彼の前にはべる者は万々、審判を行う者はその席に着き、かずかずの書き物が開かれた。
11 ၁၁ ငါသည်ကြည့်ရှုလျက်နေစဉ်ဦးချိုငယ်သည်ကြွားဝါလျက်ပင်ရှိနေသေး၏။ ထိုအချိန်၌စတုတ္ထသားရဲသည်အသတ်ခံရ၍သူ၏ကိုယ်ခန္ဓာသည်မီးရှို့၍ဖျက်ဆီးခြင်းကိုခံရလေသည်။-
わたしは、その角の語る大いなる言葉の声がするので見ていたが、わたしが見ている間にその獣は殺され、そのからだはそこなわれて、燃える火に投げ入れられた。
12 ၁၂ အခြားသားရဲတို့သည်မိမိတို့၏တန်ခိုးအာဏာများရုပ်သိမ်းခြင်းခံကြရသော်လည်း အချိန်အကန့်အသတ်နှင့်ဆက်လက်၍အသက်ရှင်ခွင့်ရရှိကြလေသည်။
その他の獣はその主権を奪われたが、その命は、時と季節の来るまで延ばされた。
13 ၁၃ ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
わたしはまた夜の幻のうちに見ていると、見よ、人の子のような者が、天の雲に乗ってきて、日の老いたる者のもとに来ると、その前に導かれた。
14 ၁၄ ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
彼に主権と光栄と国とを賜い、諸民、諸族、諸国語の者を彼に仕えさせた。その主権は永遠の主権であって、なくなることがなく、その国は滅びることがない。
15 ၁၅ ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-
そこで、われダニエル、わがうちなる霊は憂え、わが脳中の幻は、わたしを悩ましたので、
16 ၁၆ ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-
わたしは、そこに立っている者のひとりに近寄って、このすべての事の真意を尋ねた。するとその者は、わたしにこの事の解き明かしを告げ知らせた。
17 ၁၇ ထိုသူက``ထိုသားရဲကြီးလေးကောင်သည်ကမ္ဘာမြေကြီးပေါ်တွင်ပေါ်ပေါက်လာမည့်အင်ပါယာနိုင်ငံလေးခုဖြစ်၏။-
『この四つの大きな獣は、地に起らんとする四人の王である。
18 ၁၈ သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။
しかしついには、いと高き者の聖徒が国を受け、永遠にその国を保って、世々かぎりなく続く』。
19 ၁၉ ထိုနောက်ငါသည်အခြားသားရဲများနှင့်မတူတမူထူးခြားလျက်ကြေးဝါလက်သည်းများနှင့်သံသွားများဖြင့် ရန်သူကိုကိုက်စားနင်းချေတတ်သောစတုတ္ထသားရဲ၏အကြောင်းကိုသိလို၏။-
そこでわたしは、さらに第四の獣の真意を知ろうとした。その獣は他の獣と異なって、はなはだ恐ろしく、その歯は鉄、そのつめは青銅であって、食らい、かつ、かみ砕いて、その残りを足で踏みつけた。
20 ၂၀ ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
この獣の頭には、十の角があったが、そのほかに一つの角が出てきたので、この角のために、三つの角が抜け落ちた。この角には目があり、また大きな事を語る口があって、その形は、その同類のものよりも大きく見えた。
21 ၂၁ ငါသည်ကြည့်ရှုနေစဉ်ဦးချိုငယ်သည်ဘုရားသခင်၏လူမျိုးတော်တို့အား စတင်တိုက်ခိုက်၍နိုင်လေ၏။-
わたしが見ていると、この角は聖徒と戦って、彼らに勝ったが、
22 ၂၂ ထိုအခါထာဝစဉ်အသက်ရှင်တော်မူသောအရှင်သည်ရောက်ရှိလာလျက် အမြင့်မြတ်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူများဘက်မှ တရားစီရင်ချက်ချမှတ်တော်မူ၏။ ရာဇဝတ်တန်ခိုးအာဏာကိုဘုရားသခင်၏လူမျိုးတော် ခံယူရရှိမည့်အချိန်ကားကျရောက်လာလေပြီ။
ついに日の老いたる者がきて、いと高き者の聖徒のために審判をおこなった。そしてその時がきて、この聖徒たちは国を受けた。
23 ၂၃ ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။-
彼はこう言った、『第四の獣は地上の第四の国である。これはすべての国と異なって、全世界を併合し、これを踏みつけ、かつ打ち砕く。
24 ၂၄ ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-
十の角はこの国から起る十人の王である。その後にまたひとりの王が起る。彼は先の者と異なり、かつ、その三人の王を倒す。
25 ၂၅ သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
彼は、いと高き者に敵して言葉を出し、かつ、いと高き者の聖徒を悩ます。彼はまた時と律法とを変えようと望む。聖徒はひと時と、ふた時と、半時の間、彼の手にわたされる。
26 ၂၆ ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-
しかし審判が行われ、彼の主権は奪われて、永遠に滅び絶やされ、
27 ၂၇ အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
国と主権と全天下の国々の権威とは、いと高き者の聖徒たる民に与えられる。彼らの国は永遠の国であって、諸国の者はみな彼らに仕え、かつ従う』。
28 ၂၈ ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။
その事はここで終った。われダニエルは、これを思いまわして、非常に悩み、顔色も変った。しかし、わたしはこの事を心に留めた」。