< ဒံယေလ 5 >
1 ၁ တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
Kral Belşassar soylu adamlarından bin kişiye büyük bir şölen verdi, onlarla şarap içti.
2 ၂ ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
Şarabını keyifle içerken, atası Nebukadnessar'ın Yeruşalim'deki tapınaktan çıkarıp getirdiği altın ve gümüş kapların getirilmesini buyurdu. Öyle ki, kendisi, karıları, cariyeleri, soylu adamları onlarla içsinler.
3 ၃ ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
Böylece Tanrı'nın Yeruşalim'deki tapınağından alınan altın kaplar getirildi; kral, karıları, cariyeleri, soylu adamları onlarla içtiler.
4 ၄ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
Şaraplarını içerken altından, gümüşten, tunçtan, demirden, ağaçtan, taştan ilahları övdüler.
5 ၅ ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
Ansızın bir insan elinin parmakları belirdi, kandilliğin yanındaki saray duvarının sıvası üzerine yazmaya başladı. Kral yazan eli gördü,
6 ၆ မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
aklından geçenler onu ürküttü, benzi soldu; eli ayağı tutmaz oldu, dizlerinin bağı çözüldü.
7 ၇ သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
Yüksek sesle Babil'in bilgelerini –falcılarla yıldızbilimcileri– çağırttı. Onlara, “Bu yazıyı kim okuyup ne anlama geldiğini bana açıklarsa, kendisine mor giysi giydirilip boynuna altın zincir takılacak ve ülkede üçüncü önder olacak” dedi.
8 ၈ ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
Kralın bütün bilgeleri geldiyse de yazıyı kimse okuyamadı, ne anlama geldiğini de açıklayamadı.
9 ၉ ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။
Bu yüzden Kral Belşassar daha da korktu, benzi büsbütün soldu. Soylu adamlarıysa şaşkındı.
10 ၁၀ မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
Kralla soyluların seslerini duyan kraliçe şölen salonuna geldi. “Çok yaşa, ey kral!” dedi, “Aklından geçenler seni ürkütmesin, benzin solmasın!
11 ၁၁ သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
Ülkende kendisinde kutsal ilahların ruhu bulunan biri var. Atan Kral Nebukadnessar'ın döneminde kavrayışa, sağduyuya, ilahlara özgü bilgeliğe sahip olmakla tanınırdı. Atan Kral Nebukadnessar onu sihirbazların, yıldızbilimcilerin, falcıların başkanlığına atadı.
12 ၁၂ သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
Kralın Belteşassar diye çağırdığı Daniel olağanüstü bir ruha, bilgiye, sağduyuya sahiptir. Üstelik düşleri yorumlama, bilmeceleri çözme, gizemleri açıklama yeteneği de vardır. Daniel'i çağırt, yazının ne anlama geldiğini o sana söyleyecektir.”
13 ၁၃ သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။-
Böylece Daniel'i kralın önüne getirdiler. Kral, “Kral atamın Yahuda'dan getirdiği, Yahuda sürgünlerinden Daniel sen misin?” diye sordu,
14 ၁၄ ဘုရားများ ၏ဝိညာဉ်သည်သင်၏အတွင်း၌ကိန်းအောင်းသည် ဖြစ်၍ သင်သည်ကျွမ်းကျင်လိမ်မာလျက်၊ အသိ အမြင်ဉာဏ်ပညာတို့ဖြင့်ပြည့်စုံသူဖြစ်ကြောင်း ငါကြားသိရသည်။-
“Sende ilahların ruhu bulunduğunu, kavrayış, sağduyu ve olağanüstü bilgelikle donanmış olduğunu duydum.
15 ၁၅ ငါသည်မိမိ၏အတိုင်ပင်ခံအရာရှိများ နှင့်ဗေဒင်ဆရာများကိုဆင့်ခေါ်ကာစေခိုင်း သော်လည်း သူတို့သည်မဖော်ပြနိုင်ကြပါ။-
Bu yazıyı okuyup ne anlama geldiğini söylemeleri için bilgelerle falcıları çağırttım. Ama ne anlama geldiğini açıklayamadılar.
16 ၁၆ သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
Senin yorum yapabildiğini, gizemleri açıklayabildiğini duydum. Bu yazıyı okur, ne anlama geldiğini açıklayabilirsen, sana mor giysi giydirilip boynuna altın zincir takılacak; ülkede üçüncü önder olacaksın.”
17 ၁၇ ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။
Daniel, “Armağanların senin olsun, ödüllerini de bir başkasına ver” diye karşılık verdi, “Ama ben yine de yazıyı okuyup ne anlama geldiğini sana açıklayacağım.
18 ၁၈ ``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
“Ey kral, Yüce Tanrı atan Nebukadnessar'a krallığı, büyüklüğü, yüceliği, görkemi verdi.
19 ၁၉ သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
Tanrı'nın sağladığı büyüklük yüzünden bütün halklar, uluslar, her dilden insan ondan korkup titredi. Dilediğini öldürür, dilediğini yaşatırdı; dilediğini yüceltir, dilediğini alçaltırdı.
20 ၂၀ သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-
Ne var ki, gurura kapılıp saygısızlıkta direnince krallık tahtından indirildi, yüceliği kendisinden alındı.
21 ၂၁ သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
İnsanlar arasından kovuldu ve ona hayvan yüreği verildi. Yüce Tanrı'nın insanların krallığı üzerinde egemenlik sürdüğünü, onu dilediği kişiye verdiğini anlayıncaya dek yaban eşekleri arasında yaşadı, öküz gibi otla beslendi, bedeni göğün çiyiyle ıslandı.
22 ၂၂ သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
“Ama ey sen, onun torunu Belşassar, bunların hepsini bildiğin halde alçakgönüllülüğü benimsemedin.
23 ၂၃ ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
Bunun yerine göğün Rabbi'ne karşı kendini yükselttin. O'nun tapınağından aldıkları kapları sana getirdiler. Sen, karıların, cariyelerin, soylu adamların onlarla şarap içtiniz. Görmeyen, duymayan, anlamayan altından, gümüşten, tunçtan, demirden, ağaçtan, taştan ilahları övdün. Soluğunu elinde tutan, bütün yollarını gözeten Tanrı'yı ise yüceltmedin.
24 ၂၄ သို့ဖြစ်၍ဘုရားသခင်သည်လက်ကို စေလွှတ်၍ ဤစာတန်းကိုရေးစေတော်မူ ပါ၏။
Bu yüzden Tanrı o yazıyı yazan eli gönderdi.
25 ၂၅ ``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
“Yazılan yazı şudur: MENE, MENE, TEKEL ve PARSİN.
26 ၂၆ ရေတွက်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်နိုင်ငံသက်တမ်းကိုဘုရားသခင် ရေတွက်၍ ဆုံးခန်းတိုင်ရောက်စေတော်မူ ပြီဟူ၍ဖြစ်ပါ၏။-
“Bu sözcüklerin anlamı şudur: MENE: Tanrı senin krallığının günlerini saydı ve ona son verdi.
27 ၂၇ အလေးချိန်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်အားချိန်ခွင်တွင်ချိန်တွယ်၍ အလေး ချိန်လျော့နည်းနေကြောင်းတွေ့ရှိတော်မူပြီ ဟူ၍ဖြစ်ပါ၏။-
TEKEL: Terazide tartıldın ve eksik bulundun.
28 ၂၈ ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
PERES: Krallığın ikiye bölünerek Medler'le Persler'e verildi.”
29 ၂၉ ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
Belşassar'ın buyruğu üzerine Daniel'e mor giysi giydirilip boynuna altın zincir takıldı ve ülkede üçüncü önder ilan edildi.
30 ၃၀ ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
Kildan Kralı Belşassar o gece öldürüldü.
31 ၃၁ အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။
Altmış iki yaşında olan Medli Darius krallığı eline geçirdi.