< ဒံယေလ 5 >

1 တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-
Baltassar rex fecit grande convivium optimatibus suis mille: et unusquisque secundum suam bibebat ætatem.
2 ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-
Præcepit ergo jam temulentus ut afferrentur vasa aurea et argentea, quæ asportaverat Nabuchodonosor pater ejus de templo, quod fuit in Ierusalem, ut biberent in eis rex, et optimates ejus, uxoresque ejus, et concubinæ.
3 ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊-
Tunc allata sunt vasa aurea, et argentea, quæ asportaverat de templo, quod fuerat in Ierusalem: et biberunt in eis rex, et optimates ejus, uxores et concubinæ illius.
4 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။
Bibebant vinum, et laudabant deos suos aureos et argenteos, æreos, ferreos, ligneosque et lapideos.
5 ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊-
In eadem hora apparuerunt digiti, quasi manus hominis scribentis contra candelabrum in superficie parietis aulæ regiæ: et rex aspiciebat articulos manus scribentis.
6 မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။-
Tunc facies regis commutata est, et cogitationes ejus conturbabant eum: et compages renum ejus solvebantur, et genua ejus ad se invicem collidebantur.
7 သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။-
Exclamavit itaque rex fortiter ut introducerent magos, Chaldæos, et aruspices. Et proloquens rex ait sapientibus Babylonis: Quicumque legerit scripturam hanc, et interpretationem ejus manifestam mihi fecerit, purpura vestietur, et torquem auream habebit in collo, et tertius in regno meo erit.
8 ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​သော်​လည်း အ​ဘယ်​သူ​မျှ​ထို​စာ​တန်း​ကို​မ​ဖတ်​နိုင်။ ထို စာ​တန်း​၏​အ​နက်​ကို​လည်း​မင်း​ကြီး​အား မ​ဖော်​ပြ​နိုင်​ကြ။-
Tunc ingressi omnes sapientes regis non potuerunt nec scripturam legere, nec interpretationem indicare regi.
9 ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။
Unde rex Baltassar satis conturbatus est, et vultus illius immutatus est; sed et optimates ejus turbabantur.
10 ၁၀ မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။-
Regina autem pro re, quæ acciderat regi et optimatibus ejus, domum convivii ingressa est: et proloquens ait: Rex, in æternum vive! non te conturbent cogitationes tuæ, neque facies tua immutetur.
11 ၁၁ သင်​၏​နိုင်​ငံ​တော်​တွင်​သန့်​ရှင်း​မြင့်​မြတ်​သော ဘု​ရား​တို့​၏​ဝိ​ညာဉ်​ဖြင့်​ပြည့်​ဝ​သူ​လူ​တစ် ယောက်​ရှိ​ပါ​၏။ သင်​၏​ခ​မည်း​တော်​နန်း​စံ​စဉ် အ​ခါ​က ထို​သူ​၌​အ​သိ​ပ​ညာ​နှင့်​အ​မြော် အ​မြင်၊ ဘု​ရား​ကဲ့​သို့​ပ​ညာ​ဉာဏ်​ရှိ​ကြောင်း ထင်​ရှား​ခဲ့​ပါ​၏။ သင်​၏​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သည်​သူ့​အား​ဗေ​ဒင်​ဆ​ရာ၊ မှော် ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​တို့ ၏​အ​ကြီး​အ​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော် မူ​ခဲ့​ပါ​၏။-
Est vir in regno tuo, qui spiritum deorum sanctorum habet in se, et in diebus patris tui scientia et sapientia inventæ sunt in eo: nam et rex Nabuchodonosor pater tuus principem magorum, incantatorum, Chaldæorum, et aruspicum constituit eum, pater, inquam, tuus, o rex:
12 ၁၂ သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
quia spiritus amplior, et prudentia, intelligentiaque et interpretatio somniorum, et ostensio secretorum, ac solutio ligatorum inventæ sunt in eo, hoc est in Daniele: cui rex posuit nomen Baltassar. Nunc itaque Daniel vocetur, et interpretationem narrabit.
13 ၁၃ သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။-
Igitur introductus est Daniel coram rege: ad quem præfatus rex ait: Tu es Daniel de filiis captivitatis Judæ, quem adduxit pater meus rex de Judæa?
14 ၁၄ ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-
audivi de te, quoniam spiritum deorum habeas, et scientia, intelligentiaque ac sapientia ampliores inventæ sunt in te.
15 ၁၅ ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-
Et nunc introgressi sunt in conspectu meo sapientes magi, ut scripturam hanc legerent, et interpretationem ejus indicarent mihi: et nequiverunt sensum hujus sermonis edicere.
16 ၁၆ သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။
Porro ego audivi de te, quod possis obscura interpretari, et ligata dissolvere: si ergo vales scripturam legere, et interpretationem ejus indicare mihi, purpura vestieris, et torquem auream circa collum tuum habebis, et tertius in regno meo princeps eris.
17 ၁၇ ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။
Ad quæ respondens Daniel, ait coram rege: Munera tua sint tibi, et dona domus tuæ alteri da: scripturam autem legam tibi, rex, et interpretationem ejus ostendam tibi.
18 ၁၈ ``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-
O rex, Deus altissimus regnum et magnificentiam, gloriam et honorem dedit Nabuchodonosor patri tuo.
19 ၁၉ သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-
Et propter magnificentiam, quam dederat ei, universi populi, tribus, et linguæ tremebant, et metuebant eum: quos volebat, interficiebat: et quos volebat, percutiebat: et quos volebat, exaltabat: et quos volebat, humiliabat.
20 ၂၀ သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-
Quando autem elevatum est cor ejus, et spiritus illius obfirmatus est ad superbiam, depositus est de solio regni sui, et gloria ejus ablata est:
21 ၂၁ သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-
et a filiis hominum ejectus est, sed et cor ejus cum bestiis positum est, et cum onagris erat habitatio ejus: fœnum quoque ut bos comedebat, et rore cæli corpus ejus infectum est, donec cognosceret quod potestatem haberet Altissimus in regno hominum, et quemcumque voluerit, suscitabit super illud.
22 ၂၂ သူ​၏​သား​တော်​ဖြစ်​သူ​အ​ရှင်​သည်​လည်း ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​ရှိ​ပါ သော်​လည်း​မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မ မူ​ဘဲ၊-
Tu quoque, filius ejus Baltassar, non humiliasti cor tuum, cum scires hæc omnia:
23 ၂၃ ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-
sed adversum Dominatorem cæli elevatus es: et vasa domus ejus allata sunt coram te, et tu, et optimates tui, et uxores tuæ, et concubinæ tuæ vinum bibistis in eis: deos quoque argenteos, et aureos, et æreos, ferreos, ligneosque et lapideos, qui non vident, neque audiunt, neque sentiunt, laudasti: porro Deum, qui habet flatum tuum in manu sua, et omnes vias tuas, non glorificasti.
24 ၂၄ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​လက်​ကို စေ​လွှတ်​၍ ဤ​စာ​တန်း​ကို​ရေး​စေ​တော်​မူ ပါ​၏။
Idcirco ab eo missus est articulus manus, quæ scripsit hoc quod exaratum est.
25 ၂၅ ``ရေး​ထား​သော​စာ​ကား`ရေ​တွက်၊ ရေ​တွက်၊ အ​လေး​ချိန်၊ ခွဲ​ဝေ' ဟူ​၍​ဖြစ်​သ​တည်း။-
Hæc est autem scriptura, quæ digesta est: Mane, Thecel, Phares.
26 ၂၆ ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-
Et hæc est interpretatio sermonis. Mane: numeravit Deus regnum tuum, et complevit illud.
27 ၂၇ အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။-
Thecel: appensus es in statera, et inventus es minus habens.
28 ၂၈ ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။
Phares: divisum est regnum tuum, et datum est Medis, et Persis.
29 ၂၉ ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-
Tunc, jubente rege, indutus est Daniel purpura, et circumdata est torques aurea collo ejus: et prædicatum est de eo quod haberet potestatem tertius in regno suo.
30 ၃၀ ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-
Eadem nocte interfectus est Baltassar rex Chaldæus.
31 ၃၁ အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။
Et Darius Medus successit in regnum, annos natus sexaginta duos.

< ဒံယေလ 5 >