< ဒံယေလ 3 >
1 ၁ နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။-
2 ၂ မင်းကြီးသည်မင်းညီမင်းသားများ၊ ဘုရင်ခံ များ၊ ဒုတိယဘုရင်ခံများ၊ တိုင်းမင်းကြီး များ၊ ငွေတိုက်စိုးများ၊ တရားသူကြီးများ၊ ရဲမှူးများအစရှိသည့်အရာရှိအပေါင်း တို့အား မိမိတည်ထားသည့်ရွှေရုပ်ကြီး အနုမောဒနာပွဲကိုတက်ရောက်ကြရန် အမိန့်ပေးတော်မူ၏။-
3 ၃ အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊-
4 ၄ သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊-
5 ၅ သင်တို့သည်တံပိုးခရာမှုတ်သံကိုကြား ရပြီးနောက်ပလွေ၊ ပတ်သာ၊ စောင်းကြီး၊ စောင်း ငယ်တို့ကိုတီးမှုတ်သံကိုလည်းကောင်း၊ ထို နောက်အခြားတူရိယာများတီးမှုတ်သံ ကိုလည်းကောင်းကြားကြလိမ့်မည်။ တူရိယာ တီးမှုတ်သံစသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာမင်းတည်ထားသည့်ရွှေရုပ်ကြီးကို သင်တို့ဦးညွှတ်ရှိခိုးကြစေ။-
6 ၆ ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။-
7 ၇ သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။
8 ၈ ဗာဗုလုန်ပြည်သားအချို့တို့သည်ယုဒ အမျိုးသားတို့အား ပြစ်တင်ပြောဆိုရန် အခွင့်ကောင်းကိုယူ၍၊-
9 ၉ နေဗုခဒ်နေဇာမင်းအား``အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။-
10 ၁၀ တူရိယာစတင်တီးမှုတ်သည်နှင့်တစ်ပြိုင် နက်ရွှေရုပ်ကြီးအားလူတိုင်းဦးညွှတ်ရှိ ခိုးစေ။-
11 ၁၁ ထိုအရုပ်ကြီးအားဦးညွှတ်ခြင်းမပြုသူ ဟူသမျှသည် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချခြင်းကိုခံစေ ဟူ၍အရှင်အမိန့်တော်ထုတ်ပြန်ခဲ့ပါ၏။-
12 ၁၂ ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။
13 ၁၃ ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူသဖြင့် ထိုသူသုံးယောက်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ရန်အမိန့် ပေးတော်မူ၏။-
14 ၁၄ မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ သင်တို့သည်ငါ၏ဘုရားကိုရှိ မခိုး၊ ငါစိုက်ထူတည်ထားသည့်ရွှေရုပ်ကြီး ကိုဦးမညွှတ်ဘဲနေကြသည်ဟုဆိုသည် မှာမှန်သလော။-
15 ၁၅ ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
16 ၁၆ ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါတို့ က``အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်မိမိ တို့အတွက်ထုချေလျှောက်လဲကြမည် မဟုတ်ပါ။-
17 ၁၇ အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-
18 ၁၈ ကယ်တော်မမူလျှင်လည်းအကျွန်ုပ်တို့ သည်အရှင်၏ဘုရားကိုရှိမခိုး၊ အရှင် ၏ရွှေရုပ်ကြီးကိုလည်းဦးမညွှတ်ကြောင်း သိမှတ်တော်မူပါ'' ဟုပြန်လည်လျှောက် ထားကြ၏။
19 ၁၉ ထိုအခါနေဗုခဒ်နေဇာသည်မိမိစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အပေါ်တွင်အမျက်ထွက် ကာမျက်နှာနီမြန်း၍လာတော်မူ၏။ ထို ကြောင့်မင်းကြီးသည်မီးဖိုကြီးကိုခုနစ်ဆ မျှပို၍ပူအောင်မီးထိုးစေတော်မူပြီးလျှင်၊-
20 ၂၀ မိမိ၏တပ်မတော်တွင်ခွန်အားအကြီးမား ဆုံးသောသူတို့အား ထိုသူသုံးယောက်ကို ပြင်းစွာအလျှံထလျက်ရှိသောမီးဖိုကြီး ထဲသို့ပစ်ချရန်အမိန့်ပေးတော်မူ၏။-
21 ၂၁ သို့ဖြစ်၍သူတို့သည်ထိုသူသုံးယောက်တို့ အားဘောင်းဘီ၊ အင်္ကျီ၊ ဝတ်လုံအင်္ကျီအစရှိ သည့်အဝတ်တန်ဆာများနှင့်တကွတုပ် နှောင်ပြီးလျှင် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချလိုက်ကြ၏။-
22 ၂၂ မင်းကြီးကြပ်တည်းစွာမိန့်မှာတော်မူခဲ့သည့် အတိုင်း မီးဖိုကြီးကိုအလွန့်အလွန်ပူအောင် ပြုလုပ်ထားသဖြင့်ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါတို့အားမီးဖိုကြီးသို့သယ်ဆောင် လာသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြကုန်၏။-
23 ၂၃ သို့ဖြစ်၍ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် တုပ်နှောင်လျက်ပင်ပြင်းစွာအလျှံ ထလျက်နေသောမီးဖိုကြီးထဲသို့ကျ ရောက်သွားကြလေသည်။
24 ၂၄ ထိုအခါနေဗုခဒ်နေဇာသည်အံ့အားသင့် လျက် ရုတ်တရက်ထတော်မူပြီးလျှင် မိမိ ၏အတိုင်ပင်ခံအရာရှိများအား``ငါတို့ သည်လူသုံးယောက်တို့ကိုတုပ်နှောင်၍ပြင်း စွာအလျှံထလျက်ရှိသည့်မီးဖိုကြီးထဲ သို့ပစ်ချခဲ့ကြသည်မဟုတ်ပါလော'' ဟု မေးတော်မူ၏။
25 ၂၅ ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။
26 ၂၆ သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
27 ၂၇ မင်းညီမင်းသားများ၊ ဘုရင်ခံများ၊ ဒုတိယ ဘုရင်ခံများနှင့်ဘုရင့်အတိုင်ပင်ခံအရာ ရှိအပေါင်းတို့သည် မီးလောင်ခြင်းမခံရ ကြသောလူသုံးဦးတို့ကိုဝိုင်း၍ကြည့်ရှုကြ ကုန်၏။ ထိုသူတို့၏ဆံခြည်ပင်တစ်ပင်မျှ မီးမမြိုက်။ အဝတ်အင်္ကျီများသည်မီးမလောင်၊ သူတို့ကိုယ်မှမီးခိုးနံ့လည်းမရ။
28 ၂၈ မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
29 ၂၉ ``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
30 ၃၀ ထိုနောက်မင်းကြီးသည် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အား ဗာဗုလုန်ပြည် နယ်တွင်ပိုမိုကြီးမြင့်သည့်ရာထူးများ ဖြင့်ချီးမြှင့်တော်မူလေသည်။