< ဒံယေလ 2 >
1 ၁ နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
En el segundo año del reinado de Nabucodonosor, el rey tuvo sueños que lo perturbaron tanto que le resultaba difícil dormir.
2 ၂ သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
Así que el rey convocó a los magos, encantadores, hechiceros y astrólogos para que le contaran lo que había soñado. Llegaron y se pusieron delante de él.
3 ၃ မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။
“He tenido un sueño que me ha perturbado mucho”, les dijo. “Necesito saber qué significa”.
4 ၄ ထိုသူတို့ကအာရမိဘာသာစကားဖြင့် ``အရှင်မင်းကြီးသက်တော်ရာကျော်ရှည် ပါစေ။ အရှင်၏အိပ်မက်ကိုမိန့်ကြားတော် မူပါ။ အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟုလျှောက်ထားကြ၏။
Los astrólogos respondieron al rey en arameo, “¡Que Su Majestad el rey viva para siempre! Cuéntanos tu sueño y nosotros, tus servidores, te lo interpretaremos”.
5 ၅ မင်းကြီးက``ငါသည်ငါမြင်မက်သည့်အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်အနက်ကို လည်းကောင်းသင်တို့ဖော်ပြကြစေရန်သန္နိ ဋ္ဌာန်ချမှတ်ထားပြီ။ အကယ်၍သင်တို့မ ဖော်ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်း ဖြတ်ကာသင်တို့၏အိမ်များကိုပြာပုံ ဖြစ်စေမည်။-
“No puedo recordarlo”, el rey dijo a los astrólogos. “¡Si no me revelan el sueño y su significado, serán cortados en pedazos y sus casas serán totalmente destruidas!
6 ၆ သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ အိပ်မက်ကိုလည်းကောင်း၊ အနက်ကိုလည်း ကောင်းဖော်ပြနိုင်ပါက ငါသည်သင်တို့ အားဆုလာဘ်များပေး၍ဂုဏ်ပြုချီးမြှင့် မည်။ သို့ဖြစ်၍အိပ်မက်ကိုလည်းကောင်း၊ အိပ်မက်၏အနက်ကိုလည်းကောင်းဖော် ပြကြလော့'' ဟုမိန့်တော်မူ၏။
Pero si son capaces de decirme el sueño y su significado, recibirán de mí regalos, recompensas y grandes honores. Así que díganme el sueño y su significado”.
7 ၇ ထိုသူတို့က``အရှင်မင်းကြီး၏အိပ်မက်ကို အကျွန်ုပ်တို့အားဖော်ပြတော်မူပါလျှင် အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟု တစ်ဖန်ပြန်လည်လျှောက်ထားကြ၏။
Volvieron a decir lo mismo: “Si su majestad el rey nos dice el sueño a sus siervos, les explicaremos lo que significa”.
8 ၈ ထိုအခါမင်းကြီးက``သင်တို့သည်ငါထင် သည်အတိုင်းအချိန်ဆွဲ၍နေကြပါသည် တကား။-
“¡Me parece evidente que sólo intentan ganar tiempo!”, dijo el rey. “Ya lo ven, no puedo recordar el sueño.
9 ၉ အကယ်၍ငါ၏အိပ်မက်ကိုသင်တို့မဖော် ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်းဖြတ်ကာ သင်တို့အိမ်များကိုပြာပုံဖြစ်စေရန်ငါ စိတ်ပိုင်းဖြတ်ထားပြီ။ သင်တို့သည်နောင်အခါ ၌အခြေအနေပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ငါ့အားလိမ်လည်ပြောဆိုရန် အချင်းချင်းတိုင်ပင်ထားကြပြီ။ ငါ၏ အိပ်မက်ကိုငါ့အားဖော်ပြကြလော့။ ထို သို့ဖော်ပြနိုင်လျှင်အိပ်မက်၏အနက်ကို လည်းသင်တို့ဖွင့်နိုင်ကြောင်းငါသိရှိရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
De no poder revelarme el sueño, ¡todos recibirán el mismo castigo! Han conspirado contra mí, diciéndome mentiras, esperando que las cosas cambien. Así que díganme cuál fue mi sueño y entonces creeré que pueden explicar su significado”.
10 ၁၀ ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-
Los astrólogos respondieron al rey: “¡Nadie en la tierra podría decirle al rey lo que ha soñado! ¡Nunca antes un rey, por grande y poderoso que fuera, había exigido esto a ningún mago, encantador o astrólogo!
11 ၁၁ အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
¡Lo que Su Majestad pide es imposible! Nadie puede decirle a Su Majestad lo que soñó, excepto los dioses, y ellos no viven entre nosotros los mortales”.
12 ၁၂ ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။-
Esto enojó mucho al rey, y ordenó que se ejecutara a todos los sabios de Babilonia.
13 ၁၃ သို့ဖြစ်၍ဒံယေလနှင့်အဖော်များအပါ အဝင်ပညာရှိအပေါင်းတို့အား ကွပ်မျက် ရန်အမိန့်ကိုထုတ်ပြန်လေသည်။
El decreto fue emitido. Los sabios estaban a punto de ser ejecutados, y los hombres del rey fueron en busca de Daniel y sus amigos.
14 ၁၄ ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။
Daniel se acercó a Arioc, el comandante de la guardia imperial, a quien el rey había puesto a cargo de la orden de ejecutar a todos los sabios de Babilonia. Con sabiduría y tacto
Daniel le preguntó: “¿Por qué el rey emitiría un decreto tan severo?”. Entonces Arioc le explicó a Daniel lo que había sucedido.
16 ၁၆ ချက်ချင်းပင်ဒံယေလသည် မင်းကြီး၏ရှေ့ တော်သို့ဝင်၍``အိပ်မက်၏အနက်ဖွင့်ပြရန် အချိန်ပေးတော်မူပါ'' ဟုလျှောက်ထား လေ၏။-
Daniel fue inmediatamente a ver al rey y le pidió más tiempo para explicarle el sueño y su significado.
17 ၁၇ ထိုနောက်ဒံယေလသည်အိမ်သို့ပြန်၍မိမိ ၏အဖော်များဖြစ်သောဟာနနိ၊ မိရှေလနှင့် အာဇရိတို့အားဖြစ်ပျက်သည့်အကြောင်း အရာများကိုပြောပြပြီးနောက်၊-
Luego Daniel se fue a su casa y se lo contó a Ananías, Misael y Azarías.
18 ၁၈ ``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။-
Les dijo que oraran al Dios del cielo, pidiendo ayuda con respecto a este misterio, para que él y sus amigos no fueran asesinados junto con el resto de los sabios de Babilonia.
19 ၁၉ ဘုရားသခင်သည်ထိုညဥ့်၌ပင်လျှင်ဗျာဒိတ် ရူပါရုံတွင် ခက်ခဲနက်နဲသောအိပ်မက်ကို ဒံယေလအားရှင်းလင်းဖော်ပြတော်မူ၏။ ထိုအခါဒံယေလသည်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကိုဤသို့ ချီးမွမ်းလေ၏။
Aquella noche el misterio le fue revelado a Daniel en una visión. Entonces Daniel alabó al Dios del cielo:
20 ၂၀ ``ဘုရားသခင်သည်ဉာဏ်ပညာတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလော့။
“Alaben la admirable naturaleza de Dios por los siglos de los siglos, porque él es sabio y poderoso.
21 ၂၁ ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
Él está a cargo del tiempo y de la historia. El quita reyes y pone reyes en su lugar. Da sabiduría para que la gente sea sabia; da conocimiento a la gente para que pueda entender.
22 ၂၂ ကိုယ်တော်သည်လျှို့ဝှက်နက်နဲသည့် အရာများကိုထုတ်ဖော်တော်မူ၏။ မှောင်မိုက်တွင်ဖုံးကွယ်နေသည့် အရာများကိုသိတော်မူ၏။ ကိုယ်တော်အားအလင်းဝိုင်းရံလျက်ရှိ၏။
Él revela cosas profundas y misteriosas. Sabe lo que hay en las tinieblas, y la luz vive en su presencia.
23 ၂၃ အကျွန်ုပ်၏ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အကျွန်ုပ်အားဉာဏ်ပညာ နှင့် အစွမ်းသတ္တိကိုပေးသနား၍ အကျွန်ုပ်တောင်းလျှောက်သည့်အတိုင်း မင်းကြီး ၏အိပ်မက်ကို ဖွင့်ပြတော်မူသောကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုပါ၏။''
Te doy gracias y te alabo, Dios de mis padres, porque me has dado sabiduría y poder. Ahora me has revelado lo que te pedimos; nos has revelado el sueño del rey”.
24 ၂၄ သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
Entonces Daniel fue a ver a Arioc, a quien el rey había ordenado ejecutar a los sabios de Babilonia, y le dijo: “¡No ejecutes a los sabios de Babilonia! Llévame a ver al rey y le explicaré su sueño”.
25 ၂၅ ထိုအခါအာရုတ်သည်ချက်ချင်းပင်ဒံယေလ ကို မင်းကြီး၏ရှေ့တော်သို့သွင်းပြီးလျှင်မင်း ကြီးအား``အကျွန်ုပ်သည်ယုဒအမျိုးသား သုံ့ပန်းများထဲမှ မင်းကြီး၏အိပ်မက်အနက် ကိုဖော်ပြနိုင်သူကိုတွေ့ရှိပါပြီ'' ဟုလျှောက် လေ၏။
Arioc llevó inmediatamente a Daniel ante el rey y le dijo: “He encontrado a uno de los cautivos de Judá que puede decirle a Su Majestad lo que significa su sueño”.
26 ၂၆ မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။
El rey le preguntó a Daniel (también llamado Beltsasar): “¿Eres realmente capaz de decirme cuál era mi sueño y qué significa?”
27 ၂၇ ဒံယေလက``အရှင်မင်းကြီး၊ အရှင်၏ မေးခွန်းကိုဖြေကြားနိုင်သောမှော်ဆရာ၊ ပယောဂဆရာ၊ ဗေဒင်ဆရာ၊ နက္ခတ် ဆရာမရှိပါ။-
“No hay sabios, ni encantadores, ni magos, ni adivinos que puedan explicar el misterio que Su Majestad quiere conocer”, respondió Daniel.
28 ၂၈ သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
“Pero hay un Dios en el cielo que revela los misterios, y él ha revelado al rey Nabucodonosor lo que sucederá en los últimos días. Su sueño y las visiones que le vinieron a la mente mientras estaba acostado fueron estos.
29 ၂၉ ``အရှင်မင်းကြီးသည်စက်တော်ခေါ်လျက် နေစဉ် အနာဂတ်၌ဖြစ်ပျက်မည့်အမှုအရာ အကြောင်းကိုအိပ်မက်မြင်မက်တော်မူပါ၏။ လျှို့ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသော ဘုရားသခင်သည်နောင်ဖြစ်လတ္တံ့ သောအမှုအရာတို့ကိုအရှင့်အားဖွင့်ပြ တော်မူပါ၏။-
Mientras tu majestad estaba acostado, tus pensamientos se volvieron hacia el futuro, y el revelador de misterios te mostró lo que sucedería.
30 ၃၀ ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။
No es porque yo tenga más sabiduría que nadie por lo que se me ha revelado este misterio, sino para explicar a Tu Majestad en qué estabas pensando para que pudieras entenderlo.
31 ၃၁ ``အရှင်မင်းကြီး၊ ကိုယ်တော်သည်အိပ်မက် တွင်အလွန်ကြီးမားတောက်ပပြောင်လက် ၍ကြောက်မက်ဖွယ်ကောင်းသောလူရုပ်တု ကြီးကိုမြင်တော်မူပါ၏။-
“Su Majestad, mientras miraba, allí estaba de pie ante usted una gran estatua. La estatua que estaba frente a usted era enorme y resplandeciente. Su aspecto era aterrador.
32 ၃၂ ထိုရုပ်တုကြီး၏ဦးခေါင်းသည်ရွှေစင်ဖြင့် ပြီးပါ၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်ကိုငွေ ဖြင့်လုပ်ထားပြီးလျှင် ဝမ်းနှင့်ပေါင်တို့ကို ကြေးဝါဖြင့်ပြုလုပ်ထားလေသည်။-
La cabeza de la estatua era de oro, el pecho y los brazos de plata, el centro y los muslos de bronce,
33 ၃၃ ခြေသလုံးကိုသံဖြင့်ပြုလုပ်၍ခြေဖမိုး နှင့် ခြေဖဝါးတို့မှာသံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်ပါ၏။-
las piernas de hierro y los pies de hierro y barro cocido.
34 ၃၄ ထိုရုပ်တုကြီးကိုအရှင်မင်းကြီးကြည့် လျက်နေစဉ် ကျောက်ခဲကြီးတစ်လုံးသည် တောင်ပေါ်မှအလိုအလျောက်ပြုတ်ထွက် လာပြီးလျှင် သံနှင့်ရွှံ့စေးသရွတ်ဖြင့်ပြီး သည့်ရုပ်တုကြီးခြေများကိုထိမှန်ကျိုး ပဲ့သွားစေပါ၏။-
Mientras tú mirabas, una piedra fue extraída, pero no por manos humanas. Golpeó los pies de hierro y arcilla de la estatua y los hizo pedazos.
35 ၃၅ ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
Luego, el resto de la estatua -el bronce, la plata y el oro- se rompió en pedazos como el hierro y el barro. El viento se los llevó como la paja de la era de verano, de modo que no se pudo encontrar ningún rastro de ellos. Pero la piedra que golpeó la estatua se convirtió en una gran montaña y llenó toda la tierra.
36 ၃၆ ``ဤကားအရှင်မင်းကြီး၏အိပ်မက်ဖြစ် ပါ၏။ ယခုဤအိပ်မက်၏အနက်ကို အကျွန်ုပ်လျှောက်ထားပါမည်။-
“Este fue el sueño, y ahora explicaremos lo que significa para el rey.
37 ၃၇ အရှင်မင်းကြီး၊ အရှင်သည်ဘုရင်တကာ တို့တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အရှင့် အား ထီးနန်းကိုအပ်နှင်းတော်မူ၍တန်ခိုး စွမ်းရည်၊ ဘုန်းအသရေတို့ဖြင့်ပြည့်စုံ စေတော်မူပါပြီ။-
Majestad, tú eres el rey de reyes a quien el Dios del cielo le ha dado el reino, el poder, la fuerza y la gloria.
38 ၃၈ ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-
Él te ha dado el control de todos los pueblos, así como a los animales salvajes y a las aves. Te hizo gobernante de todos ellos. Tú eres la cabeza del oro.
39 ၃၉ အရှင်မရှိသည့်နောက်၌အရှင်၏အင်ပါယာ နိုင်ငံတော်မျှလောက် မကြီးမြတ်သည့်အင်ပါ ယာနိုင်ငံတစ်ခုတည်ရှိပါလိမ့်မည်။ ထိုနောက် ကြေးဝါနိုင်ငံတည်းဟူသောတတိယအင် ပါယာနိုင်ငံပေါ်ထွန်းပါလိမ့်မည်။ ထိုအင် ပါယာနိုင်ငံသည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရပါလိမ့်မည်။-
“Pero después de ti se levantará otro reino que es inferior a tu reino y reemplazará al tuyo. Después de él se levantará un tercer reino que es de bronce y gobernará todo el mundo.
40 ၄၀ ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။-
El cuarto reino será fuerte como el hierro y, de la misma manera que el hierro aplasta y destroza todo, aplastará y destrozará a todos los demás.
41 ၄၁ ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။-
Viste los pies y los dedos de los pies hechos de hierro y barro cocido, y esto indica que será un reino dividido. Tendrá parte de la fuerza del hierro pero mezclada con arcilla.
42 ၄၂ ခြေချောင်းများသည်သံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ ထိုနိုင်ငံ သည်ခွန်အားကြီးသော်လည်းအလွယ်တကူ ချေမှုန်းခြင်းကိုခံရပါလိမ့်မည်။-
Así como los dedos de los pies eran en parte de hierro y en parte de barro, el reino será en parte fuerte y en parte frágil.
43 ၄၃ သံကိုရွှံ့စေးသရွတ်နှင့်ရောစပ်ထားသည် ကိုလည်း အရှင်မြင်တော်မူသည်အတိုင်း ထိုအင်ပါယာနိုင်ငံကိုအုပ်ချုပ်သော ဘုရင်တို့သည်မိမိတို့၏အိမ်ထောင်စုသား တို့အား အချင်းချင်းထိမ်းမြားလက်ထပ် ခြင်းအားဖြင့် စည်းရုံးမှုရရှိရန်ကြိုးစား ကြပါလိမ့်မည်။ သို့ရာတွင်သံနှင့်ရွှံ့စေး သရွတ်ကိုရောစပ်၍မရသကဲ့သို့ သူတို့ သည်လည်းပေါင်းဖော်၍ရကြမည်မဟုတ် ပါ။-
De la misma manera que viste el hierro mezclado con el barro ordinario, así el pueblo se mezclará pero no se pegará como el hierro y el barro no se mezclan.
44 ၄၄ အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
“Durante el tiempo de estos reyes el Dios del cielo establecerá un reino eterno que nunca será destruido ni tomado por otros. Aplastará todos estos reinos, poniéndoles fin, y durará para siempre,
45 ၄၅ တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။
de la misma manera que viste la piedra extraída de la montaña, pero no por manos humanas, aplastar el hierro, el bronce, la arcilla, la plata y el oro. El gran Dios ha revelado a Su Majestad lo que ha de venir. El sueño es verdadero, y la explicación es fidedigna”.
46 ၄၆ ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
Entonces el rey Nabucodonosor se postró ante Daniel y lo adoró, y ordenó que le hicieran ofrendas de grano e incienso.
47 ၄၇ မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
El rey dijo a Daniel: “En verdad, tu Dios es el Dios de los dioses, el Señor de los reyes, el revelador de los misterios, pues has podido revelar este misterio”.
48 ၄၈ ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
Entonces el rey ascendió a Daniel a un alto cargo y le dio muchos regalos costosos, haciéndolo gobernador de toda la provincia de Babilonia y jefe de todos los sabios de Babilonia.
49 ၄၉ ဒံယေလ၏ပန်ကြားချက်အရမင်းကြီး သည်ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါ တို့အားဗာဗုလုန်ပြည်နယ်အုပ်ချုပ်ရေး တာဝန်များကိုအပ်နှင်းတော်မူ၏။ ဒံယေလ ကိုမူကားနန်းတော်တွင်း၌အမှုထမ်းစေ တော်မူ၏။
A petición de Daniel, el rey puso a Sadrac, Mesac y Abednego a cargo de la provincia de Babilonia, y Daniel permaneció en la corte del rey.