< ဒံယေလ 2 >

1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​စံ​ဒု​တိ​ယ နှစ်​တွင် အိပ်​မက်​ကို​မြင်​မက်​၍​လွန်​စွာ​စိတ် ပူ​ပန်​သ​ဖြင့်​စက်​တော်​ခေါ်​၍​မ​ရ။-
느부갓네살이 위에 있은지 이년에 꿈을 꾸고 그로 인하여 마음이 번민하여 잠을 이루지 못한지라
2 သို့​ဖြစ်​၍​မိ​မိ​မည်​သည့်​အိပ်​မက် မက်​သည်​ကို ဖော်​ပြ​ရန်​နက္ခ​ဟော​ဆ​ရာ​များ၊ ပ​ယော​ဂ ဆ​ရာ​များ၊ စုံး​အ​တတ်​ကို​တတ်​သူ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​တော်​မူ​စေ​၏။ သူ တို့​သည်​ရှေ့​တော်​သို့​ရောက်​ကြ​သော​အ​ခါ၊-
왕이 그 꿈을 자기에게 고하게 하려고 명하여 박수와 술객과 점장이와 갈대아 술사를 부르매 그들이 들어와서 왕의 앞에 선지라
3 မင်း​ကြီး​က``ငါ့​အား​စိတ်​ပူ​ပန်​စေ​သည့်​အိပ် မက်​ကို​ငါ​မြင်​မက်​တော်​မူ​သည်။ ထို​အိပ်​မက် ၏​အ​နက်​ကို​ငါ​သိ​လို​သည်'' ဟု​ဆို​၏။
왕이 그들에게 이르되 내가 꿈을 꾸고 그 꿈을 알고자 하여 마음이 번민하도다
4 ထို​သူ​တို့​က​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ​ကျော်​ရှည် ပါ​စေ။ အ​ရှင်​၏​အိပ်​မက်​ကို​မိန့်​ကြား​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။
갈대아 술사들이 아람 방언으로 왕에게 말하되 왕이여 만세수를 하옵소서 왕은 그 꿈을 종들에게 이르시면 우리가 해석하여 드리겠나이다
5 မင်း​ကြီး​က``ငါ​သည်​ငါ​မြင်​မက်​သည့်​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​အ​နက်​ကို လည်း​ကောင်း​သင်​တို့​ဖော်​ပြ​ကြ​စေ​ရန်​သန္နိ ဋ္ဌာန်​ချ​မှတ်​ထား​ပြီ။ အ​ကယ်​၍​သင်​တို့​မ ဖော်​ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း ဖြတ်​ကာ​သင်​တို့​၏​အိမ်​များ​ကို​ပြာ​ပုံ ဖြစ်​စေ​မည်။-
왕이 갈대아 술사에게 대답하여 가로되 내가 명령을 내렸나니 너희가 만일 꿈과 그 해석을 나로 알게 하지 아니하면 너희 몸을 쪼갤 것이며 너희 집으로 거름터를 삼을 것이요
6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ အိပ်​မက်​ကို​လည်း​ကောင်း၊ အ​နက်​ကို​လည်း ကောင်း​ဖော်​ပြ​နိုင်​ပါ​က ငါ​သည်​သင်​တို့ အား​ဆု​လာဘ်​များ​ပေး​၍​ဂုဏ်​ပြု​ချီး​မြှင့် မည်။ သို့​ဖြစ်​၍​အိပ်​မက်​ကို​လည်း​ကောင်း၊ အိပ်​မက်​၏​အ​နက်​ကို​လည်း​ကောင်း​ဖော် ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
너희가 만일 꿈과 그 해석을 보이면 너희가 선물과 상과 큰 영광을 내게서 얻으리라 그런즉 꿈과 그 해석을 내게 보이라
7 ထို​သူ​တို့​က``အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ကို အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု တစ်​ဖန်​ပြန်​လည်​လျှောက်​ထား​ကြ​၏။
그들이 다시 대답하여 가로되 청컨대 왕은 꿈을 종들에게 이르소서 그리하시면 우리가 해석하여 드리겠나이다
8 ထို​အ​ခါ​မင်း​ကြီး​က``သင်​တို့​သည်​ငါ​ထင် သည်​အ​တိုင်း​အ​ချိန်​ဆွဲ​၍​နေ​ကြ​ပါ​သည် တ​ကား။-
왕이 대답하여 가로되 내가 분명히 아노라 너희가 나의 명령이 내렸음을 보았으므로 시간을 천연하려 함이로다
9 အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
너희가 만일 이 꿈을 나로 알게 하지 아니하면 너희를 처치할 법이 오직 하나이니 이는 너희가 거짓말과 망령된 말을 내 앞에서 꾸며 말하여 때가 변하기를 기다리려 함이니라 이제 그 꿈을 내게 알게 하라 그리하면 너희가 그 해석도 보일 줄을 내가 알리라
10 ၁၀ ဘု​ရင့်​အ​တိုင်​ပင်​ခံ​တို့​က``အ​ရှင်​မင်း​ကြီး သိ​လို​သော​အ​ရာ​ကို ပြော​ပြ​နိုင်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ကမ္ဘာ​ပေါ်​တွင်​မ​ရှိ​ပါ။ အ​ဘယ် တန်​ခိုး​ကြီး​သည့်​ဘု​ရင်​မျှ မိ​မိ​၏​နက္ခ​ဟော ဆ​ရာ​များ၊ ပ​ယော​ဂ​ဆ​ရာ​များ​နှင့်​မှော် ဆ​ရာ​များ​အား​ဤ​သို့​ဆင့်​ဆို​စေ​ခိုင်း​ဖူး သည်​မ​ရှိ​ပါ။-
갈대아 술사들이 왕 앞에 대답하여 가로되 세상에는 왕의 그 일을 보일 자가 하나도 없으므로 크고 권력 있는 왕이 이런 것으로 박수에게나 술객에게나 갈대아 술사에게 물은 자가 절대로 있지 아니하였나이다
11 ၁၁ အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။
왕의 물으신 것은 희한한 일이라 육체와 함께 거하지 아니하는 신들 외에는 왕 앞에 그것을 보일 자가 없나이다 한지라
12 ၁၂ ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
왕이 이로 인하여 진노하고 통분하여 바벨론 모든 박사를 다 멸하라 명하니라
13 ၁၃ သို့​ဖြစ်​၍​ဒံ​ယေ​လ​နှင့်​အ​ဖော်​များ​အ​ပါ အ​ဝင်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​အား ကွပ်​မျက် ရန်​အ​မိန့်​ကို​ထုတ်​ပြန်​လေ​သည်။
왕의 명령이 내리매 박사들은 죽게 되었고 다니엘과 그 동무도 죽이려고 찾았더라
14 ၁၄ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကွပ်​မျက်​မှု​ကို တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့်​သူ ဘု​ရင့်​ကိုယ်​ရံ တော်​တပ်​မှူး​အာ​ရုတ်​ထံ​သို့​သွား​ရောက်​၍၊ အာ​ရုတ်​အား``မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ပြင်း​ထန်​သည့်​အ​မိန့်​ကို​ထုတ်​ဆင့် တော်​မူ​ပါ​သ​နည်း'' ဟု​ပါး​နပ်​လိမ္မာ​စွာ မေး​၏။ အာ​ရုတ်​သည်​လည်း ဖြစ်​ပျက်​သည့် အ​ကြောင်း​အ​ရာ​ကို​ဒံ​ယေ​လ​အား​ပြော ပြ​၏။
왕의 시위대 장관 아리옥이 바벨론 박사들을 죽이러 나가매 다니엘이 명철하고 슬기로운 말로
15 ၁၅
왕의 장관 아리옥에게 물어 가로되 왕의 명령이 어찌 그리 급하뇨 아리옥이 그 일을 다니엘에게 고하매
16 ၁၆ ချက်​ချင်း​ပင်​ဒံ​ယေ​လ​သည် မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​၍``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​ရန် အ​ချိန်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား လေ​၏။-
다니엘이 들어가서 왕께 구하기를 기한하여 주시면 왕에게 그 해석을 보여 드리겠다 하니라
17 ၁၇ ထို​နောက်​ဒံ​ယေ​လ​သည်​အိမ်​သို့​ပြန်​၍​မိ​မိ ၏​အ​ဖော်​များ​ဖြစ်​သော​ဟာ​န​နိ၊ မိ​ရှေ​လ​နှင့် အာ​ဇ​ရိ​တို့​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ပြ​ပြီး​နောက်၊-
이에 다니엘이 자기 집으로 돌아가서 그 동무 하나냐와 미사엘과 아사랴에게 그 일을 고하고
18 ၁၈ ``ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​၌​ရှိ​သော​အ​ခြား အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ကွပ်​မျက် ခြင်း​မ​ခံ​ကြ​ရ​လေ​အောင် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည်​က​ရု​ဏာ​ထား​တော်​မူ​၍ ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို​ငါ​တို့​အား ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ရန်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
하늘에 계신 하나님이 이 은밀한 일에 대하여 긍휼히 여기사 자기 다니엘과 동무들이 바벨론의 다른 박사와 함께 죽임을 당치 않게 하시기를 그들로 구하게 하니라
19 ၁၉ ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။
이에 이 은밀한 것이 밤에 이상으로 다니엘에게 나타나 보이매 다니엘이 하늘에 계신 하나님을 찬송하니라
20 ၂၀ ``ဘု​ရား​သ​ခင်​သည်​ဉာဏ်​ပ​ညာ​တော် တန်​ခိုး​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။
다니엘이 말하여 가로되 영원 무궁히 하나님의 이름을 찬송할 것은 지혜와 권능이 그에게 있음이로다
21 ၂၁ ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။
그는 때와 기한을 변하시며 왕들을 폐하시고 왕들을 세우시며 지혜자에게 지혜를 주시고 지식자에게 총명을 주시는도다
22 ၂၂ ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။
그는 깊고 은밀한 일을 나타내시고 어두운 데 있는 것을 아시며 또 빛이 그와 함께 있도다
23 ၂၃ အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍ အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။''
나의 열조의 하나님이여! 주께서 이제 내게 지혜와 능력을 주시고 우리가 주께 구한바 일을 내게 알게 하셨사오니 내가 주께 감사하고 주를 찬양하나이다 곧 주께서 왕의 그 일을 내게 보이셨나이다 하니라
24 ၂၄ သို့​ဖြစ်​၍​ဒံ​ယေ​လ​သည် ဗာ​ဗု​လုန်​မြို့​က ပ​ညာ​ရှိ​တို့​အား ကွပ်​မျက်​ရန်​မင်း​ကြီး​တာ​ဝန် ပေး​အပ်​ထား​သူ​အာ​ရုတ်​၏​ထံ​သို့​သွား​၍``ထို သူ​တို့​အား​မ​ကွပ်​မျက်​ပါ​နှင့်။ အ​ကျွန်ုပ်​အား ဘု​ရင်​၏​ထံ​တော်​သို့​ခေါ်​ဆောင်​သွား​ပါ။ အ ကျွန်ုပ်​သည်​မင်း​ကြီး​၏​အိပ်​မက်​ကို​အ​နက် ဖွင့်​ပြ​ပါ​မည်'' ဟု​ဆို​၏။
이에 다니엘이 왕이 바벨론 박사들을 멸하라 명한 아리옥에게로 가서 이르매 그에게 이같이 이르되 바벨론 박사들을 멸하지 말고 나를 왕의 앞으로 인도하라 그리하면 내가 그 해석을 왕께 보여 드리리라
25 ၂၅ ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။
이에 아리옥이 다니엘을 데리고 급히 왕의 앞에 들어가서 고하되 내가 사로잡혀 온 유다 자손 중에서 한 사람을 얻었나이다 그가 그 해석을 왕께 아시게 하리이다
26 ၂၆ မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။
왕이 대답하여 벨드사살이라 이름한 다니엘에게 이르되 내가 얻은 꿈과 그 해석을 네가 능히 내게 알게 하겠느냐
27 ၂၇ ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏ မေး​ခွန်း​ကို​ဖြေ​ကြား​နိုင်​သော​မှော်​ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ၊ ဗေ​ဒင်​ဆ​ရာ၊ နက္ခတ် ဆ​ရာ​မ​ရှိ​ပါ။-
다니엘이 왕 앞에 대답하여 가로되 왕의 물으신바 은밀한 것은 박사나 술객이나 박수나 점장이가 능히 왕께 보일 수 없으되
28 ၂၈ သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။
오직 은밀한 것을 나타내실 자는 하늘에 계신 하나님이시라 그가 느부갓네살왕에게 후일에 될 일을 알게 하셨나이다 왕의 꿈 곧 왕이 침상에서 뇌 속으로 받은 이상은 이러하니이다
29 ၂၉ ``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။-
왕이여 왕이 침상에 나아가서 장래 일을 생각하실 때에 은밀한 것을 나타내시는 이가 장래 일을 왕에게 알게 하셨사오며
30 ၃၀ ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။
내게 이 은밀한 것을 나타내심은 내 지혜가 다른 인생보다 나은 것이 아니라 오직 그 해석을 왕에게 알려서 왕의 마음으로 생각하던 것을 왕으로 알게하려 하심이니이다
31 ၃၁ ``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။-
왕이여 왕이 한 큰 신상을 보셨나이다 그 신상이 왕의 앞에 섰는데 크고 광채가 특심하며 그 모양이 심히 두려우니
32 ၃၂ ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
그 우상의 머리는 정금이요 가슴과 팔들은 은이요 배와 넓적다리는 놋이요
33 ၃၃ ခြေ​သ​လုံး​ကို​သံ​ဖြင့်​ပြု​လုပ်​၍​ခြေ​ဖ​မိုး နှင့် ခြေ​ဖ​ဝါး​တို့​မှာ​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​ပါ​၏။-
그 종아리는 철이요 그 발은 얼마는 철이요 얼마는 진흙이었나이다
34 ၃၄ ထို​ရုပ်​တု​ကြီး​ကို​အ​ရှင်​မင်း​ကြီး​ကြည့် လျက်​နေ​စဉ် ကျောက်​ခဲ​ကြီး​တစ်​လုံး​သည် တောင်​ပေါ်​မှ​အ​လို​အ​လျောက်​ပြုတ်​ထွက် လာ​ပြီး​လျှင် သံ​နှင့်​ရွှံ့​စေး​သ​ရွတ်​ဖြင့်​ပြီး သည့်​ရုပ်​တု​ကြီး​ခြေ​များ​ကို​ထိ​မှန်​ကျိုး ပဲ့​သွား​စေ​ပါ​၏။-
또 왕이 보신즉 사람의 손으로 하지 아니하고 뜨인 돌이 신상의 철과 진흙의 발을 쳐서 부숴뜨리매
35 ၃၅ ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။
때에 철과 진흙과 놋과 은과 금이 다 부숴져 여름 타작 마당의 겨같이 되어 바람에 불려 간 곳이 없었고 우상을 친돌은 태산을 이루어 온 세계에 가득하였었나이다
36 ၃၆ ``ဤ​ကား​အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ဖြစ် ပါ​၏။ ယ​ခု​ဤ​အိပ်​မက်​၏​အ​နက်​ကို အ​ကျွန်ုပ်​လျှောက်​ထား​ပါ​မည်။-
그 꿈이 이러한즉 내가 이제 그 해석을 왕 앞에 진술하리이다
37 ၃၇ အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည်​ဘု​ရင်​တ​ကာ တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​တော်​မူ​ပါ​၏။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ရှင့် အား ထီး​နန်း​ကို​အပ်​နှင်း​တော်​မူ​၍​တန်​ခိုး စွမ်း​ရည်၊ ဘုန်း​အ​သ​ရေ​တို့​ဖြင့်​ပြည့်​စုံ စေ​တော်​မူ​ပါ​ပြီ။-
왕이여 왕은 열왕의 왕이시라 하늘의 하나님이 나라와 권세와 능력과 영광을 왕에게 주셨고
38 ၃၈ ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-
인생들과 들짐승과 공중의 새들 어느곳에 있는 것을 무론하고 그것들을 왕의 손에 붙이사 다 다스리게 하셨으니 왕은 곧 그 금머리니이다
39 ၃၉ အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။-
왕의 후에 왕만 못한 다른 나라가 일어날 것이요 세째로 또 놋 같은 나라가 일어나서 온 세계를 다스릴 것이며
40 ၄၀ ထို​နောက်​သံ​ကဲ့​သို့​တောင့်​တင်း​ခိုင်​မာ​သော စ​တုတ္ထ​အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​လာ​ပါ လိမ့်​မည်။ သံ​သည်​အ​ရာ​ခပ်​သိမ်း​ကို​ကျိုး​ပဲ့ ကြေမွ​စေ​တတ်​သ​ကဲ့​သို့ ထို​နိုင်​ငံ​သည် အခြား​နိုင်​ငံ​တို့​ကို​ချေ​မှုန်း​ပါ​လိမ့်​မည်။-
네째 나라는 강하기가 철 같으리니 철은 모든 물건을 부숴뜨리고 이기는 것이라 철이 모든 것을 부수는 것 같이 그 나라가 뭇 나라를 부숴뜨리고 빻을 것이며
41 ၄၁ ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-
왕께서 그 발과 발가락이 얼마는 토기장이의 진흙이요 얼마는 철인 것을 보셨은즉 그 나라가 나누일 것이며 왕께서 철과 진흙이 섞인 것을 보셨은즉 그 나라가 철의 든든함이 있을 것이나
42 ၄၂ ခြေ​ချောင်း​များ​သည်​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​သည်​နှင့်​အ​ညီ ထို​နိုင်​ငံ သည်​ခွန်​အား​ကြီး​သော်​လည်း​အ​လွယ်​တ​ကူ ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။-
그 발가락이 얼마는 철이요 얼마는 진흙인즉 그 나라가 얼마는 든든하고 얼마는 부숴질 만할 것이며
43 ၄၃ သံ​ကို​ရွှံ့​စေး​သ​ရွတ်​နှင့်​ရော​စပ်​ထား​သည် ကို​လည်း အ​ရှင်​မြင်​တော်​မူ​သည်​အ​တိုင်း ထို​အင်​ပါ​ယာ​နိုင်​ငံ​ကို​အုပ်​ချုပ်​သော ဘု​ရင်​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု​သား တို့​အား အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ် ခြင်း​အား​ဖြင့် စည်း​ရုံး​မှု​ရ​ရှိ​ရန်​ကြိုး​စား ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​သံ​နှင့်​ရွှံ့​စေး သ​ရွတ်​ကို​ရော​စပ်​၍​မ​ရ​သ​ကဲ့​သို့ သူ​တို့ သည်​လည်း​ပေါင်း​ဖော်​၍​ရ​ကြ​မည်​မ​ဟုတ် ပါ။-
왕께서 철과 진흙이 섞인 것을 보셨은즉 그들이 다른 인종과 서로 섞일 것이나 피차에 합하지 아니함이 철과 진흙이 합하지 않음과 같으리이다
44 ၄၄ အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-
이 열왕의 때에 하늘의 하나님이 한 나라를 세우시리니 이것은 영원히 망하지도 아니할 것이요 그 국권이 다른 백성에게로 돌아가지도 아니할 것이요 도리어 이 모든 나라를 쳐서 멸하고 영원히 설 것이라
45 ၄၅ တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။
왕이 사람의 손으로 아니하고 산에서 뜨인 돌이 철과 놋과 진흙과 은과 금을 부숴뜨린 것을 보신 것은 크신 하나님이 장래 일을 왕께 알게 하신 것이라 이 꿈이 참되고 이 해석이 확실하니이다
46 ၄၆ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ဒံ​ယေ​လ ၏​ရှေ့​တွင်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​တော်​မူ ပြီး​လျှင် ဒံ​ယေ​လ​အား​ယဇ်​နှင့်​ပူ​ဇော်​သကာ များ​ဆက်​ကပ်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
이에 느부갓네살 왕이 엎드려 다니엘에게 절하고 명하여 예물과 향품을 그에게 드리게 하니라
47 ၄၇ မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
왕이 대답하여 다니엘에게 이르되 너희 하나님은 참으로 모든 신의 신이시요 모든 왕의 주재시로다 네가 능히 이 은밀한 것을 나타내었으니 네 하나님은 또 은밀한 것을 나타내시는 자시로다
48 ၄၈ ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-
왕이 이에 다니엘을 높여 귀한 선물을 많이 주며 세워 바벨론 모든 박사의 어른을 삼았으며
49 ၄၉ ဒံ​ယေ​လ​၏​ပန်​ကြား​ချက်​အ​ရ​မင်း​ကြီး သည်​ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ တို့​အား​ဗာ​ဗု​လုန်​ပြည်​နယ်​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​အပ်​နှင်း​တော်​မူ​၏။ ဒံ​ယေ​လ ကို​မူ​ကား​နန်း​တော်​တွင်း​၌​အ​မှု​ထမ်း​စေ တော်​မူ​၏။
왕이 또 다니엘의 청구대로 사드락과 메삭과 아벳느고를 세워 바벨론 도의 일을 다스리게 하였고 다니엘은 왕궁에 있었더라

< ဒံယေလ 2 >