< ဒံယေလ 12 >
1 ၁ ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
၁ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။
2 ၂ သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
၂ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့်၎င်း ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။
3 ၃ ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။
၃ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။
4 ၄ ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
၄သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။
5 ၅ ထိုနောက်ငါဒံယေလသည်မြစ်ကမ်းတစ် ဖက်တစ်ချက်၌ လူတစ်ယောက်စီရပ်လျက် နေသည်ကိုမြင်ရ၏။-
၅ထိုအခါ ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး စီရပ် နေကြ၏။
6 ၆ တစ်ယောက်ကမြစ်အထက်ပိုင်းတွင်ရပ် နေသူအား``ဤအံ့သြဖွယ်ကောင်းသည့် အမှုအရာများသည် အဘယ်ကာလမှ ပြီးဆုံးပါမည်နည်း'' ဟုမေး၏။
၆တပါးကလည်း၊ အံ့ဘွယ် သော ဤအမှုအရာတို့သည် မ ကုန်စင် မှီ အဘယ် မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချော ကိုဝတ် လျက်၊ မြစ် ရေ ပေါ် မှာရှိသော လူ ကို မေးမြန်း ၏။
7 ၇ ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
၇ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
8 ၈ ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။
၈ထိုစကားကို ငါ ကြား ၍ နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊
9 ၉ ထိုသူက``ဒံယေလ၊ ကမ္ဘာကုန်ဆုံးချိန်တိုင် အောင်ဤစကားများကိုလျှို့ဝှက်၍ထား ရမည်။ သို့ဖြစ်၍ယခုသင်သွားလော့။-
၉ထိုသူက ဒံယေလ ၊ သင်သွား လော့။ ထိုစကား သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
10 ၁၀ လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
၁၀လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍ စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ တရားသောသူတို့ သည် မ တရားသဖြင့် ပြု၍ တယောက် မျှ နား မ လည်ရ။ ပညာ ရှိသောသူတို့ မူကား ၊ နားလည် ကြ လိမ့်မည်။
11 ၁၁ ``နေ့စဉ်ပူဇော်ရာယဇ်များကိုရပ်စဲစေသည့် အချိန်၊ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အရာ ပေါ်ပေါက်လာသည့်အချိန်မှအစပြု၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကုန် လွန်သွားလိမ့်မည်။-
၁၁နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။
12 ၁၂ ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက် ကုန်ဆုံးချိန်တိုင်အောင် သစ္စာရှိသူတို့သည် မင်္ဂလာရှိကြ၏။
၁၂အရက် တ ထောင်သုံး ရာ သုံး ဆယ်ငါး ရက်တိုင်အောင် ငံ့လင့် ၍ မှီ သောသူသည် မင်္ဂလာ ရှိ၏။
13 ၁၃ ``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။
၁၃သင် မူကား ၊ အဆုံး မဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ် စွာ နေရလိမ့်မည်။ နေ့ရက် ကာလ ကုန်စင် ပြီးမှ၊ ကိုယ် အရိပ် အရာကိုခံ၍ ပေါ် ရလိမ့်မည်ဟုဆို၏။