< ဒံယေလ 11 >
1 ၁ သူသည်ငါ့ကိုကူညီကာကွယ်သူဖြစ်သည်။
瑪待人達理阿王元年,他前來堅固我,協助我。
2 ၂ သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။
現在我要把真事告訴你:看,在波斯還要興起三位君王,第四位要擁有大量的財富,遠遠超過以前所有的君王;他因財富而強盛,於是煽動萬國對抗雅汪國。
3 ၃ ``ထိုအခါသူရဲကောင်းအာဇာနည်မင်း တစ်ပါးပေါ်ထွန်းလာလိမ့်မည်။ သူသည် အင်ပါယာနိုင်ငံကြီးကိုအုပ်စိုးလျက် မိမိအလိုဆန္ဒရှိသည်အတိုင်းပြုလိမ့်မည်။-
以後要興起一位英勇的君王,他獨掌大權,統治一切,為所欲為。
4 ၄ သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
但當他極盛的時候,他的國必要瓦解,他的天下必要四分五裂,而不歸於他的後裔;也沒有相似他所有的統治權,他的國必要滅亡,歸屬不是他後裔的外人。
5 ၅ ``အီဂျစ်ဘုရင်သည်တန်ခိုးကြီးမားမည်ဖြစ် သော်လည်း သူ၏စစ်သူကြီးတစ်ဦးကသူ့ထက် ပို၍ တန်ခိုးကြီး၍သူ၏နိုင်ငံထက်ကြီး ကျယ်သောနိုင်ငံကိုအုပ်စိုးလိမ့်မည်။-
南方的君王要強盛起來,但他的將領中,有一個比他更強的要獲得政權;他王國的勢力非常強大。
6 ၆ နှစ်ပေါင်းအတန်ကြာသောအခါအီဂျစ် ဘုရင်၏သမီးတော်ကို ဆီးရီးယားဘုရင် နှင့်ထိမ်းမြားဆောင်နှင်းကာ မဟာမိတ်ဖွဲ့လိမ့် မည်။ သို့ရာတွင်ထိုမဟာမိတ်ဖွဲ့မှုတည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်။ မင်းသမီးနှင့်နောက် လိုက်နောက်ပါအခြွေအရံများသည်လည်း ကောင်း၊ သူ၏သားငယ်နှင့်သူ၏ကြင်ရာတော် တို့သည်လည်းကောင်းအသတ်ခံရကြလိမ့် မည်။-
幾年以後他們要締結同盟,南方君王的公主要嫁給北方的君王,以求修好;但是她得不到勢力,她和她所生的也不能久存;她和她的侍從,她的兒子以及輔助她的都要被殺害。到那時,
7 ၇ ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။-
必從她根上出生一個嫩枝,繼承父位;他必興師出征,進入北方君王的保壘,將他們擊敗,獲得勝利;
8 ၈ သူတို့၏ဘုရားရုပ်တုများနှင့်ယင်းတို့အား ဆက်ကပ်ထားသည့်ရွှေခွက်ငွေခွက်ရှိသမျှ တို့ကိုလည်း အီဂျစ်ပြည်သို့ယူဆောင်သွား လိမ့်မည်။ ထိုနောက်နှစ်ပေါင်းများစွာငြိမ်း ချမ်းပြီးမှ၊-
並將他們的神像、鑄像和金銀寶器劫往埃及,從此數年之久與北方的君王對峙;
9 ၉ ဆီးရီးယားဘုရင်သည်အီဂျစ်ပြည်သို့ ချင်းနင်းဝင်ရောက်လာလိမ့်မည်။ သို့ရာတွင် သူသည်ပြန်လည်ဆုတ်ခွာရလိမ့်မည်။
但北方的君王終要侵入南方君王的國土,事後仍返回本國。
10 ၁၀ ``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-
他的兒子必要備戰,招募強大的勁旅,親自出征;衝過時,相似洪水氾濫;他必猛攻,直逼敵軍的保壘。
11 ၁၁ အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
南方的君王必然大怒,出師與北方的君王交戰,北方的君王也必調集大軍,但這支大軍必被交在敵方手中。
12 ၁၂ သူသည်အောင်ပွဲကိုရရှိသဖြင့်လည်းကောင်း၊ စစ်သည်အမြောက်အမြားကိုသတ်ဖြတ်နိုင် ခဲ့သဖြင့်လည်းကောင်း ဂုဏ်ယူဝါကြွားလိမ့် မည်။ သို့ရာတွင်သူသည်ဆက်လက်၍အောင် ပွဲခံရလိမ့်မည်မဟုတ်။
這支大軍被擄去以後,南方的君王便心高氣傲,不過他雖擊斃千萬大軍,仍不能強盛,
13 ၁၃ ``ဆီးရီးယားဘုရင်သည်ဆုတ်ခွာသွားပြီး လျှင် ယခင်ကထက်ပိုမိုအင်အားကြီးမား သောတပ်ကြီးတစ်တပ်ကိုစုရုံးလိမ့်မည်။ သူ သည်အချိန်သင့်သောအခါလက်နက်အပြည့် အစုံတပ်ဆင်ထားသည့်တပ်ကြီးတစ်တပ် နှင့်ချီတက်လာလိမ့်မည်။-
因為北方君王必再調集大軍,比以前更為龐大,數年以後,再率領大軍,帶著大量的輜重,出征南下。
14 ၁၄ ထိုအခါအီဂျစ်ဘုရင်ကိုပုန်ကန်သူများ ကြလိမ့်မည်။ အချင်းဒံယေလ၊ သင်၏အမျိုး သားများအထဲမှအကြမ်းဖက်သမားအချို့ တို့သည် ဗျာဒိတ်ရူပါရုံပြည့်စုံစေအံ့ငှာပုန် ကန်ကြလိမ့်မည်။ သို့ရာတွင်သူတို့သည်အရေး ရှုံးနိမ့်ကြလိမ့်မည်။-
那時,將有許多人起來攻擊南方君王,你百姓中的匪徒也要起來,為應驗異象,但他們終必失敗。
15 ၁၅ သို့ဖြစ်၍ဆီးရီးယားဘုရင်သည် အီဂျစ် ပြည်ခံတပ်မြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းယူ လိမ့်မည်။ အီဂျစ်စစ်သည်တပ်သားတို့သည် ဆက်လက်တိုက်ခိုက်ကြတော့မည်မဟုတ်။ သူ တို့အထဲမှလက်ရွေးစင်တပ်သားများ၌ ပင်ခံရပ်နိုင်သောခွန်အားမရှိပေ။-
北方的君王就前來,興建壁壘,攻取堅城,南方的軍隊不能抵抗,連精銳的部隊也無力抵禦。
16 ၁၆ ချင်းနင်းဝင်ရောက်လာသည့်ဆီးရီးယားဘုရင် သည်ခုခံမှုကိုမခံရဘဲ ထိုသူတို့အားမိမိ အလိုရှိသည်အတိုင်းပြုနိုင်လိမ့်မည်။ သူသည် ကတိထားတော်မူသောပြည်တော်သို့ဝင်၍ မိမိ၏လက်တွင်းသို့အပြီးတိုင်ကျရောက် စေလိမ့်မည်။
來攻南方君王的,必任意而行,沒有人能抵抗;他還要立足在華麗之地,破壞之權操在他手中。
17 ၁၇ ``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။-
他企圖征服整個南國,遂與南方君王立約通婚,將自己的女兒嫁給他,好傾覆他的國,但是他的企圖沒有成功,也沒有見效。
18 ၁၈ ထိုနောက်သူသည်ပင်လယ်အနီးရှိတိုင်းနိုင်ငံ တို့ကိုတိုက်ခိုက်၍ များစွာသောနိုင်ငံတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သို့သော်လည်းတိုင်း တစ်ပါးမှစစ်သူကြီးတစ်ဦးသည် သူ့အား နှိမ်နင်းအောင်မြင်လိမ့်မည်။ သူ၏မာန်မာန ကိုလည်းချိုးနှိမ်လိုက်လိမ့်မည်။ ဆီးရီးယား ဘုရင်အားသူ၏မာန်မာနအတွက်အရှက် ကွဲစေလိမ့်မည်။-
此後,他要轉向各島嶼,佔據了許多島嶼;但有一個將官要阻止他的蠻橫,使他的蠻橫害了自己。
19 ၁၉ မင်းကြီးသည်မိမိ၏နိုင်ငံရှိခံတပ်သို့ပြန် သွားလိမ့်မည်။ သို့ရာတွင်သူသည်အရေး ရှုံးနိမ့်ကာကွယ်ပျောက်သွားလိမ့်မည်။
他遂轉身回到他國內的保壘裏,終於一蹶不振,從此消失不見。
20 ၂၀ ``သူ၏နောက်၌ဘုရင်တစ်ပါးပေါ်ထွန်းလာ လိမ့်မည်။ ထိုဘုရင်သည်နိုင်ငံတော်ဘဏ္ဍာကို တိုးတက်ရေးအတွက် လူတို့ထံမှအခွန်ကောက် ခံစေရန်အရာရှိတစ်ဦးကိုစေလွှတ်လိမ့်မည်။ ထိုဘုရင်သည်အလွန်တိုတောင်းသည့်အချိန် ကာလအတွင်း၌လုပ်ကြံသတ်ဖြတ်ခြင်း ကိုခံရလိမ့်မည်။ သို့ရာတွင်သူသည်လူ မြင်ကွင်း၌သော်လည်းကောင်း၊ စစ်ပွဲ၌သော် လည်းကောင်းအသတ်ခံရခြင်းမဟုတ်'' ဟုဆို၏။
以後另有一人代他興起,他要派橫徵暴歛的人遍行國內華麗之地,但他沒有過幾天,就喪了命,不是由於叛變,也不是由於作戰。
21 ၂၁ ဆက်လက်၍ကောင်းကင်တမန်က``ထိုနောက် နန်းတက်သည့်ဆီးရီးယားဘုရင်သည်မင်း ဖြစ်ထိုက်သူမဟုတ်၊ ဆိုးညစ်သူဖြစ်လိမ့် မည်။ သို့ရာတွင်သူသည်အမှတ်မထင်ပေါ် ထွန်းလာလျက်ပရိယာယ်အားဖြင့်အာဏာ သိမ်းလိမ့်မည်။-
這以後將有一個下賤的人代他興起;原來人沒有將治國的權力授給他,他卻乘人不備,以陰謀篡奪了王位。
22 ၂၂ သူ့အားဆန့်ကျင်ဘက်ပြုသူသည်ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းပင်ဖြစ်စေကာ မူ ဖျက်ဆီးချေမှုန်းခြင်းကိုခံရလိမ့်မည်။-
來進攻他的大軍要被他完全擊潰,同盟之君也要被擊敗。
23 ၂၃ ထိုမင်းသည်ကတိစာချုပ်များချုပ်ဆို၍ အခြားနိုင်ငံတို့ကိုလိမ်လည်လှည့်စားလိမ့် မည်။ သူသည်သေးငယ်သောနိုင်ငံကိုအုပ်စိုး ရသော်လည်း တန်ခိုးကြီးမားသည်ထက် ကြီးမား၍လာလိမ့်မည်။-
有人與他聯合,他即施行騙術;他借助少數的人民,就漸漸強大起來。
24 ၂၄ သူသည်ပေါကြွယ်ဝသောပြည်နယ်တစ်ခုကို အမှတ်မထင်ချင်းနင်းဝင်ရောက်၍ မိမိ၏ဘိုး ဘေးတို့မပြုခဲ့ဘူးသည့်အမှုတို့ကိုပြုလိမ့် မည်။ ထိုနောက်စစ်ပွဲတွင်သိမ်းဆည်းရရှိသည့် ဥစ္စာပစ္စည်းများကို မိမိ၏နောက်လိုက်များနှင့် ခွဲဝေယူလိမ့်မည်။ သူသည်ခံတပ်မြို့များကို တိုက်ခိုက်ရန်အကြံအစည်များပြုလိမ့်မည်။ သို့ ရာတွင်သူ၏ခေတ်သည်မကြာမီကုန်ဆုံးသွား လိမ့်မည်။
他又乘人不備,侵入省內肥沃之區,實行他祖先及他祖先的祖先所未行過的事,將戰利品、掠奪物和財產分給自己的黨羽;又策劃陰謀進攻保壘,但只到某一限期。
25 ၂၅ ``သူသည်အီဂျစ်ဘုရင်ကိုတိုက်ခိုက်ရန် စစ် တပ်ကြီးတစ်တပ်ကိုရဲတင်းစွာဖွဲ့စည်းလိမ့် မည်။ အီဂျစ်ဘုရင်သည်လည်းအလွန်အင် အားကြီးမားသောစစ်သည်ဗိုလ်ခြေတို့ဖြင့် သူ့အားခုခံရန်ပြင်ဆင်လိမ့်မည်။ သို့ရာ တွင်သူသည်လိမ်လည်လှည့်စားမှုကိုခံရ ၍အောင်မြင်လိမ့်မည်မဟုတ်။-
他要竭盡自己的精力,鼓起勇氣,率領大軍進攻南方君王;南方君王亦率領極強大的勁旅奮起迎戰,但無法抵禦,因為有人籌劃陰謀陷害他;
26 ၂၆ သူ၏အရင်းနှီးဆုံးအကြံပေးအရာရှိ များသည် သူ၏ပျက်စီးရာပျက်စီးကြောင်းဖြစ် လိမ့်မည်။ သူ၏စစ်သည်တပ်သားအမြောက် အမြားတို့သည် အသတ်ခံရလျက်တပ်မ တော်တစ်ခုလုံးပင်ချေမှုန်းခြင်းခံရလိမ့် မည်။-
那些破壞他的,正是吃他飯的人;他的勁旅將潰不成軍,傷亡的極多。
27 ၂၇ ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။-
兩位君王都存心不良,同坐一桌,各說謊話,而毫無成就,因為必須到所定的時期,纔有結局。
28 ၂၈ ဆီးရီးယားဘုရင်သည်ဘုရားသခင်၏ လူမျိုးတော်ကိုးကွယ်သည့်ဘာသာကို ဖျက်ဆီးရန်သန္နိဋ္ဌာန်ပြုကာ စစ်ပွဲတွင်သိမ်း ဆည်းရရှိထားသည့်ဥစ္စာပစ္စည်းများကိုယူ ၍ပြန်လိမ့်မည်။ သူသည်မိမိ၏အလိုဆန္ဒ ရှိသည်အတိုင်းပြုပြီးနောက်မိမိ၏ပြည် သို့ပြန်လိမ့်မည်။
北方的君王卻要帶著大量的財物返回本國;他既存心與聖約作對,也必採取行動,然後纔回國。
29 ၂၉ ``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။-
到了預定的時期,他必再度南征,但是第二次卻不如第一次,
30 ၃၀ ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
因為此次基廷的船必來攻擊他,他只得驚慌而歸。他遂遷怒於聖約,任意妄為;回去以後,他必重用那些背棄聖約的人士。
31 ၃၁ သူ၏တပ်သားအချို့တို့သည်ဗိမာန်တော်ကို ညစ်ညမ်းစေကြလိမ့်မည်။ သူတို့သည်နေ့စဉ် ပူဇော်ရာယဇ်တို့ကိုရပ်စဲစေလျက်ထိတ်လန့် စက်ဆုတ်ဖွယ်သောအရာ ကိုဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားကြလိမ့်မည်။-
那些迎合他意思的軍隊,也去褻瀆聖所的保壘,廢除日常祭,在那裏設立了那招致荒涼的可憎之物。
32 ၃၂ မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-
至於那些作惡違犯聖約的人士,他要用詐術使他們更加敗壞,但那認識自己天主的人民必也更加堅強有力。
33 ၃၃ ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-
民間賢明之士必要訓誨民眾,但他們有很多日子要受刀劍、烈火、充軍和劫掠的迫害。
34 ၃၄ ဘုရားသခင်၏လူမျိုးတော်ဘက်သို့ဝင်ရောက် လာသူတို့မှာအများအားဖြင့် ကိုယ်ကျိုးရှာ လိုသူများပင်ဖြစ်သော်လည်းကိုယ်တော်၏ လူမျိုးတော်သည် ထိုသူတို့ထံမှအထောက် အကူအနည်းငယ်ကိုရရှိကြမည်။-
在他們受迫害時,稍微得到一些援助,但是有許多人卻懷著奸詐的心與他們聯合。
35 ၃၅ ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
有些賢明之士要受迫害,是為鍛鍊、洗滌和潔淨他們,直到時期結束,因為預定的時期尚未來到。
36 ၃၆ ``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
這位君王要任意妄為,妄自尊大,高舉自己在眾神之上,要發出怪謬的言論,反抗萬神之神,他暫時行事順利,直到天主的義怒洩盡,因為天主決定的事必要應驗。
37 ၃၇ ထိုမင်းသည်မိမိ၏ဘိုးဘေးတို့ကိုးကွယ် သည့်ဘုရားကိုလည်းကောင်း၊ အမျိုးသမီး တို့မြတ်နိုးသည့်ဘုရားကိုလည်းကောင်း ပမာဏပြုလိမ့်မည်မဟုတ်။ မိမိကိုယ်ကို ဘုရားအပေါင်းတို့ထက်ကြီးမြတ်သည်ဟု ထင်မှတ်သဖြင့် ထိုဘုရားတို့ကိုပစ်ပယ် လိမ့်မည်။-
他不尊重自己祖先的神,也不尊重婦女們所愛的神,他不尊重任何神明,因為他將自己高舉在一切之上;
38 ၃၈ ထိုဘုရားများအစားခံတပ်များကို ကွယ် ကာစောင့်ရှောက်သည့်ဘုရားကိုမြှောက်စား လိမ့်မည်။ မိမိ၏ဘိုးဘေးတို့အဘယ်အခါ ကမျှ မကိုးကွယ်ခဲ့သောဘုရားအားရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများနှင့်အခြားအဖိုး ထိုက်သည့်လက်ဆောင်ပဏ္ဏာပူဇော်သကာများ ကိုဆက်သလိမ့်မည်။-
卻去敬拜保壘之神,以金銀、寶石和珍品恭奉他祖先所不認識的神。
39 ၃၉ မိမိ၏ခံတပ်များအတွက်အစောင့်တပ်သား များအဖြစ်၊ နိုင်ငံခြားဘုရားကိုကိုးကွယ် သူတို့အားအသုံးပြုလိမ့်မည်။ မိမိ၏စိုးမိုး အုပ်ချုပ်မှုကိုလက်ခံသောသူတို့အား ကြီး မြတ်သောရာထူးများဖြင့်ချီးမြှင့်၍မြေ ယာများကိုဆုတော်လာဘ်တော်အဖြစ် ဖြင့်ပေးအပ်လိမ့်မည်။''
他要憑藉外神的助佑,攻擊堅固的保壘;凡附和他的,他必增加他們的光榮,使他們治理民眾,分封土地,做為賞報。
40 ၄၀ ``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
到末期,南方的君王將要與他交戰;北方的君王也要率領戰車、騎兵和許多戰艦,像旋風般向他還擊,侵入他的國土;所經之地,有如洪水破堤。
41 ၄၁ ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
他要侵入華麗之地,千萬人要喪亡,但是厄東、摩阿布和大部分阿孟子民,卻要逃脫他的手。
42 ၄၂ ထိုမင်းသည်အပြည်ပြည်သို့ဝင်ရောက် တိုက်ခိုက်သောအခါ အီဂျစ်ပြည်ပင်လျှင် ချမ်းသာရာရလိမ့်မည်မဟုတ်။-
他又要伸手攻擊各國,埃及地亦不能幸免;
43 ၄၃ သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။-
他要佔有金銀府庫和埃及的一切寶物。利比亞和雇士人也要來與他聯合。
44 ၄၄ ထိုနောက်သူသည်အရှေ့မျက်နှာအရပ် နှင့်မြောက်မျက်နှာအရပ်တို့မှရောက်ရှိ လာသောသတင်းများကြောင့် ထိတ်လန့်၍ ပြင်းထန်စွာတိုက်ခိုက်သဖြင့်လူအမြောက် အမြားကိုဆုံးပါးစေလိမ့်မည်။-
但是來自東方和北方的消息要使他震驚;他遂懷著盛怒去討伐,要許多人殺盡滅絕。
45 ၄၅ သူသည်ဗိမာန်တော်တည်ရာတောင်တော်နှင့် ပင်လယ်စပ်ကြားတွင် မိမိအတွက်တဲတော် ကြီးများကိုပင်တည်ဆောက်လိမ့်မည်။ သို့ ရာတွင်မိမိအားမစကူညီမည့်သူမရှိ ဘဲထိုအရပ်တွင်သေဆုံးလိမ့်မည်။''
他要在海洋和美麗聖山之間,支搭他堂皇的帳幕,但此時已到了他的末日,已沒有任何人能援助他。