< ဒံယေလ 10 >
1 ၁ ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
Katika mwaka wa tatu wa utawala wa Koreshi mfalme wa Uajemi, Danieli (ambaye aliitwa Belteshaza) alipewa ufunuo. Ujumbe wake ulikuwa kweli, nao ulihusu vita vikubwa. Ufahamu wa ujumbe ulimjia katika maono.
2 ၂ ထိုအခါ၌ငါဒံယေလသည်သီတင်း သုံးပတ်တိုင်တိုင် ဝမ်းနည်းပူဆွေးလျက် နေ၏။-
Wakati huo, mimi Danieli nikaomboleza kwa majuma matatu.
3 ၃ မွန်မြတ်သောအစာသို့မဟုတ်အသားကို မစား၊ စပျစ်ရည်ကိုမသောက်၊ ခေါင်းမဖြီး ဘဲသီတင်းသုံးပတ်ကုန်ဆုံးချိန်တိုင်အောင် နေ၏။
Sikula chakula kizuri; nyama wala divai havikugusa midomo yangu; nami sikujipaka mafuta kamwe mpaka majuma matatu yalipotimia.
4 ၄ ထိုနှစ်ပထမလ၊ နှစ်ဆယ့်လေးရက်မြောက် သောနေ့၌ ငါသည်တိဂရစ်မြစ်ကြီး၏ ကမ်းပါးပေါ်တွင်ရပ်လျက်နေ၏။-
Kwenye siku ya ishirini na nne ya mwezi wa kwanza, nilipokuwa nimesimama kwenye ukingo wa mto mkubwa Hidekeli,
5 ၅ မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
nikatazama juu, na mbele yangu alikuwepo mtu aliyevaa mavazi ya kitani na mshipi wa dhahabu safi kutoka ufazi kiunoni mwake.
6 ၆ သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
Mwili wake ulikuwa kama kito cha zabarajadi safi, uso wake kama umeme wa radi, macho yake kama mwali wa moto, mikono yake na miguu yake kama mngʼao wa shaba iliyosuguliwa sana, nayo sauti yake kama ya umati mkubwa wa watu.
7 ၇ ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
Mimi Danieli, ni mimi peke yangu niliyeona hayo maono; watu waliokuwa pamoja nami hawakuyaona, lakini waligubikwa na hofu kuu, hata wakakimbia na kujificha.
8 ၈ ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
Kwa hiyo niliachwa peke yangu, nikikodolea macho maono hayo makubwa; sikubakiwa na nguvu, na rangi ya uso wangu ikabadilika kama aliyekufa, nikakosa nguvu.
9 ၉ ထိုသူ၏စကားသံကိုကြားသောအခါ ငါသည်မြေပေါ်သို့ဝမ်းလျားမှောက်လဲ ကျကာသတိမေ့လျက်နေ၏။-
Kisha nikamsikia akisema, nami nilipokuwa nikimsikiliza, nikalala kifudifudi, nikapatwa na usingizi mzito.
10 ၁၀ ထိုအခါလက်တစ်ဖက်သည်ငါ့ကိုကိုင်ဆွဲ ချီကြွသဖြင့် ငါသည်လေးဘက်ထောက် လျက်နေ၏။ ငါသည်တုန်လှုပ်လျက်ပင်ရှိ နေသေး၏။
Mkono ulinigusa, ukaninyanyua, na kuniweka nikipiga magoti na mikono yangu ikashika chini, huku nikiwa bado ninatetemeka.
11 ၁၁ ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။
Akasema, “Danieli, wewe mtu upendwaye sana, fikiri kwa makini maneno ninayokwenda kunena nawe sasa; simama wima, kwa maana sasa nimetumwa kwako.” Naye aliponiambia haya, nikasimama nikitetemeka.
12 ၁၂ ထိုသူက``အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည်အသိပညာကိုရရှိနိုင်မည် အကြောင်း မိမိကိုယ်ကိုနှိမ့်ချရန် ဦးစွာ ပထမစိတ်ပိုင်းဖြတ်လိုက်သည့်နေ့မှစ ၍ဘုရားသခင်သည် သင်၏ဆုတောင်းပတ္ထ နာကိုကြားတော်မူပြီ။ သင်၏လျှောက် ထားချက်ကိုဖြေကြားရန်ငါ့ကိုစေ လွှတ်တော်မူလိုက်၏။-
Ndipo akaendelea kusema, “Danieli, usiogope. Tangu siku ya kwanza ulipotia moyo wako ili kupata ufahamu na kujinyenyekeza mbele ya Mungu wako, maneno yako yalisikiwa, nami nimekuja ili kujibu maneno yako.
13 ၁၃ ပါရှနိုင်ငံစောင့်ကောင်းကင်တမန်သည် ငါ့ အားနှစ်ဆယ့်တစ်ရက်တိုင်တိုင်ဆီးတား လျက်နေခဲ့၏။ ထိုနောက်ကောင်းကင်တမန် မှူးတစ်ဦးဖြစ်သူမိက္ခေလသည် ပါရှနိုင်ငံ တွင်ငါတစ်ဦးတည်းကျန်ရှိလျက်နေ သဖြင့်ငါ့အားလာရောက်ကူညီပေ သည်။-
Lakini mkuu wa ufalme wa Uajemi alinipinga kwa siku ishirini na moja. Ndipo Mikaeli, mmoja wa malaika wakuu, alikuja kunisaidia, kwa sababu nilikuwa nimezuiliwa huko na mfalme wa Uajemi.
14 ၁၄ ယခုငါရောက်ရှိလာရခြင်းအကြောင်း မှာအနာဂတ်ကာလ၌ သင်၏အမျိုးသား တို့ကြုံတွေ့ကြရမည့်အဖြစ်အပျက်များ ကို သင့်အားသိရှိနားလည်စေလိုသော ကြောင့်ဖြစ်သည်။ ဤဗျာဒိတ်ရူပါရုံသည် အနာဂတ်ကာလနှင့်သက်ဆိုင်သည်'' ဟု ဆို၏။
Sasa nimekuja kukuelezea mambo yatakayowatokea watu wako wakati ujao, kwa maana maono hayo yanahusu wakati ambao haujaja bado.”
15 ၁၅ ထိုသူဤသို့ဆိုသောအခါငါသည်စကား မပြောနိုင်ဘဲမြေကြီးကိုစိုက်၍ကြည့်လျက် နေ၏။-
Alipokuwa akinielezea haya, nilisujudu uso wangu ukiwa umeelekea chini, nikawa bubu.
16 ၁၆ ထိုအခါလူသဏ္ဌာန်ရှိသူတစ်ဦးသည်လက် ကိုဆန့်၍ ငါ၏နှုတ်ကိုတို့လျှင်ငါသည်မိမိ ၏ရှေ့တွင်ရပ်နေသောသူအား``အရှင်၊ ဤဗျာ ဒိတ်ရူပါရုံသည်အကျွန်ုပ်အားလွန်စွာအား လျော့စေသည်ဖြစ်၍အကျွန်ုပ်သည်တုန်လှုပ် လျက်သာနေပါ၏။-
Ndipo mmoja aliyeonekana kama mwanadamu akanigusa midomo yangu, nami nikafungua kinywa changu, nikaanza kunena. Nikamwambia yule aliyesimama mbele yangu, “Nimepatwa na huzuni kubwa kwa sababu ya maono haya, bwana wangu, nami nimeishiwa nguvu.
17 ၁၇ အကျွန်ုပ်သည်သခင်၏ရှေ့တွင်ရပ်နေသော ကျွန်နှင့်တူပါ၏။ အဘယ်သို့လျှင်အရှင်နှင့် စကားပြောနိုင်ပါမည်နည်း။ အကျွန်ုပ်မှာ အားအင်မရှိ၊ ထွက်သက်ဝင်သက်လည်း မရှိတော့ပါ'' ဟုလျှောက်ထား၏။
Bwana wangu, mimi mtumishi wako nitawezaje kuzungumza na wewe? Nguvu zangu zimeniishia hata ninashindwa kupumua.”
18 ၁၈ နောက်တစ်ဖန်လူသဏ္ဌာန်ရှိသောသူသည်ငါ့ ကိုဆွဲကိုင်လိုက်သောအခါ ငါသည်အား ရှိလာ၏။-
Tena yule aliyeonekana kama mwanadamu akanigusa na kunitia nguvu.
19 ၁၉ ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။
Akasema, “Ee mtu upendwaye sana, usiogope. Amani iwe kwako! Uwe na nguvu sasa; jipe nguvu.” Alipozungumza nami, nilipata nguvu, nikasema, “Nena, bwana wangu, kwa kuwa umenipa nguvu.”
20 ၂၀ ထိုသူက``သင့်ထံသို့ငါလာသည့်အကြောင်း ကိုသင်သိသလော။ ငါလာရသည့်အကြောင်း မှာသမ္မာတရားစာစောင်တော်တွင်ရေးသား ဖော်ပြချက်ကို သင့်အားပြောကြားရန်ဖြစ် ပါသည်။ ငါသည်ယခုပြန်၍ပါရှနိုင်ငံ ကိုစောင့်ထိန်းသည့်ကောင်းကင်တမန်နှင့်စစ် တိုက်ရမည်။ ထိုနောက်ဂရိတ်နိုင်ငံကိုစောင့်ထိန်း သည့်ကောင်းကင်တမန်နှင့်တိုက်ခိုက်ရမည်။ ဣသရေလနိုင်ငံကိုစောင့်ထိန်းသည့်ကောင်း ကင်တမန်မိက္ခေလမှတစ်ပါး ငါ့အားကူ ညီမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
Kwa hiyo akasema, “Je, unajua kwa nini nimekujia? Sasa hivi nitarudi kupigana dhidi ya mkuu wa Uajemi, nami nikienda, mkuu wa Uyunani atakuja.
Lakini kwanza nitakuambia kile kilichoandikwa katika Kitabu cha Kweli. (Hakuna hata mmoja anayenisaidia dhidi yao isipokuwa Mikaeli, mkuu wenu.