< ကောလောသဲ 3 >
1 ၁ သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။-
Protož povstali-li jste s Kristem, vrchních věcí hledejte, kdež Kristus na pravici Boží sedí.
2 ၂ လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
O svrchní věci pečujte, ne o zemské.
3 ၃ အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။-
Nebo zemřeli jste, a život váš skryt jest s Kristem v Bohu.
4 ၄ သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
Když se pak ukáže Kristus, život náš, tehdy i vy ukážete se s ním v slávě.
5 ၅ သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
Protož mrtvěte údy své zemské, smilstvo, nečistotu, chlípnost, žádost zlou, i lakomství, jenž jest modlám sloužení.
6 ၆ ထိုကဲ့သို့သောအာသာရမ္မက်များကြောင့်ဘုရား သခင်၏စကားကိုမနာခံသောသူများသည် အမျက်တော်သင့်ကြပေအံ့။-
Pro kteréžto věci přichází hněv Boží na syny zpurné.
7 ၇ အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။
V kterýchžto hříších i vy někdy chodili jste, když jste živi byli v nich.
8 ၈ သို့သော်ယခုအခါ၌သင်တို့သည်အမျက် ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ သူတစ် ပါးအသရေကိုဖျက်ခြင်း၊ ညစ်ညမ်းသော စကားကိုပြောဆိုခြင်းစသည်တို့ကိုပယ် ရှားကြလော့။-
Ale již nyní složtež i vy všecko to, hněv, prchlivost, zlobivost, zlořečení i mrzkomluvnost zapuďte od úst vašich.
9 ၉ တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-
Nelžete jedni na druhé, když jste svlékli s sebe starého člověka s skutky jeho,
10 ၁၀ လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။-
A oblékli toho nového, obnovujícího se k známosti jasné, podle obrazu toho, jenž jej stvořil,
11 ၁၁ သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
Kdežto není Řek a Žid, obřízka a neobřízka, cizozemec a Scýta, služebník a svobodný ale všecko a ve všech Kristus.
12 ၁၂ သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
Protož oblectež se jako vyvolení Boží, svatí, a milí, v srdce lítostivé, v dobrotivost, nízké o sobě smýšlení, krotkost, trpělivost,
13 ၁၃ သင်တို့သည်အချင်းချင်းအပေါ်တွင်အပြစ် တင်စရာရှိပါလျှင် သည်းခံလျက်အပြစ်ဖြေ လွှတ်ကြလော့။ သခင်ဘုရားသည်သင်တို့ အားအပြစ်ဖြေလွှတ်တော်မူသကဲ့သို့ သင် တို့သည်လည်းအချင်းချင်းအားအပြစ်ဖြေ လွှတ်ရကြမည်။-
Snášejíce jeden druhého a odpouštějíce sobě vespolek, měl-li by kdo proti komu jakou žalobu; jako i Kristus odpustil vám, tak i vy.
14 ၁၄ ဤအရည်အသွေးများကိုမေတ္တာဖြင့်ဖြည့်စွက် လော့။ မေတ္တာသည်အရာခပ်သိမ်းကိုစုစည်း၍ လုံးဝစည်းလုံးညီညွတ်စေသတည်း။-
Nadto pak nade všecko oblečeni buďte v lásku, kteráž jest svazek dokonalosti.
15 ၁၅ သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
A pokoj Boží vítěziž v srdcích vašich, k němuž i povoláni jste v jedno tělo; a buďtež vděčni.
16 ၁၆ ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
Slovo Kristovo přebývejž v vás bohatě se vší moudrostí; učíce a napomínajíce sebe vespolek Žalmy, a zpěvy, a písničkami duchovními, s milostí zpívajíce v srdci vašem Pánu.
17 ၁၇ သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
A všecko, cožkoli činíte v slovu nebo v skutku, všecko čiňte ve jménu Pána Ježíše, díky činíce Bohu a Otci skrze něho.
18 ၁၈ ဇနီးဖြစ်သူတို့၊ ခင်ပွန်းများ၏အုပ်စိုးခြင်းကို ခံယူကြလော့။ သင်တို့သည်ခရစ်ယာန်များ အနေဖြင့်ဤသို့ခံယူသင့်ကြ၏။-
Ženy poddány buďte mužům svým tak, jakž sluší, v Pánu.
19 ၁၉ ခင်ပွန်းဖြစ်သူတို့၊ ဇနီးများကိုချစ်ကြလော့။ သူတို့အားကြမ်းတမ်းစွာမပြုကြနှင့်။
Muži milujte ženy své, a nemějtež se přísně k nim.
20 ၂၀ သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။-
Dítky poslouchejte rodičů ve všem; nebo to jest dobře libé Pánu.
21 ၂၁ ဖခင်ဖြစ်သူတို့၊ သားသမီးများကိုစိတ်ဆိုး အောင်မဆွနှင့်။ သို့ပြုပါလျှင်သူတို့သည်စိတ် အားလျော့ကြလိမ့်မည်။
Otcové nepopouzejte k hněvivosti dítek svých, aby sobě nezoufaly.
22 ၂၂ ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။-
Služebníci poslušni buďte ve všem pánů svých tělesných, ne na oko toliko sloužíce, jako ti, jenž se usilují lidem líbiti, ale v sprostnosti srdce, bojíce se Boha.
23 ၂၃ အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-
A všecko, což byste koli činili, z té duše čiňte, jakožto Pánu, a ne lidem,
24 ၂၄ မိမိ၏လူစုတော်အားသခင်ဘုရားကတိ ထားတော်မူသော ဆုလာဘ်ကိုသင်တို့သည်ရ မည်ဖြစ်ကြောင်းနှလုံးသွင်းကြလော့။ ခရစ် တော်သည်သာလျှင်သင်တို့၏သခင်အစစ် အမှန်ဖြစ်တော်မူ၏။-
Vědouce, že ode Pána vzíti máte odplatu věčného dědictví; nebo Pánu Kristu sloužíte.
25 ၂၅ ဒုစရိုက်သမားသည်ထိုက်သင့်သောအပြစ်ဒဏ် ကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်တရားစီရင်ရာတွင်မျက်နှာကြီး ငယ်လိုက်တော်မမူသောကြောင့်ဖြစ်သည်။
Kdož by pak nepravost páchal, odměnu své nepravosti vezme. A neníť přijímání osob u Boha.