< ကောလောသဲ 2 >
1 ၁ ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။-
किनकि मैले तिमीहरू अर्थात् लाउडिकियामा भएकाहरू र शरीरमा मेरो अनुहार नदेखेकाहरू सबैका निम्ति गरेको धेरै ठुलो सङ्घर्षबारे तिमीहरूले जानेको म चाहन्छु ।
2 ၂ ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
प्रेम र समझको पूर्ण निश्चयताको प्रशस्ततामा र परमेश्वरको गुप्त सत्यताको ज्ञान अर्थात् ख्रीष्टमा तिनीहरूका हृदयहरू एक साथ ल्याइएर तिनीहरू उत्साहित होऊन् भनेर म काम गर्दछु ।
3 ၃ ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။
ज्ञान र बुद्धिका सबै सम्पत्तिहरू उहाँमा लुकाइएका छन् ।
4 ၄ သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။-
म यो भन्छु, कि बहकाउने बोलीले कसैले पनि तिमीहरूलाई नछलोस् ।
5 ၅ ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။
र म तिमीहरूसँग शरीरमा नभए तापनि, म तिमीहरूसँग आत्मामा छु । म तिमीहरूका सुव्यवस्था र ख्रीष्टमा तिमीहरूका विश्वासको शक्तिलाई देखेर आनन्दित हुन्छु ।
6 ၆ သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
तिमीहरूले येशू ख्रीष्टलाई जुन प्रकारले प्राप्त गर्यौ, सोही प्रकारले उहाँमा हिँड ।
7 ၇ သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။
तिमीहरूलाई सिकाइएको जस्तै गरी उहाँमा बलियोसँग जरा गाड, उहाँमा निर्माण हुँदै जाओ, विश्वासमा स्थापित होओ, र प्रशस्तसँग धन्यवाद देओ ।
8 ၈ ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
तिमीहरूलाई कसैले पनि दर्शनद्वारा र ख्रीष्टअनुसार नभई यस संसारका तत्त्वहरूअनुसार मानिसहरूका परम्पराको रित्तोपनको धोकाबाट वशमा पार्न नदेओ ।
9 ၉ လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
किनकि उहाँमा परमेश्वरको पूर्णता शरीरमा बास गर्दछ ।
10 ၁၀ သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
र तिमीहरू उहाँमा पूर्ण रूपमा भरिएका छौ । उहाँ नै सबै शक्ति र अधिकारको शिर हुनुहुन्छ ।
11 ၁၁ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-
उहाँमा नै तिमीहरूको खतना भएको थियो, जुन खतना मानिसहरूद्वारा मासुको शरीरमा गरिएको थिएन, तर यो ख्रीष्टमा गरिएको थियो ।
12 ၁၂ သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။
तिमीहरू उहाँसँगै बप्तिस्मामा गाडिएका थियौ । र उहाँलाई मृतकहरूबाट ब्युँताउनुहुने परमेश्वरको शक्तिमाथि विश्वासद्वारा तिमीहरू उहाँसँगै ब्युँताइएका थियौ ।
13 ၁၃ သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊-
र जब तिमीहरू आफ्ना पाप र शरीरको बेखतनामा मरेका थियौ, उहाँले तिमीहरूलाई उहाँसँग जीवित पार्नुभयो र हाम्रा सबै पापहरूलाई क्षमा गर्नुभयो ।
14 ၁၄ ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။-
उहाँले हाम्रो विरुद्धमा लगाइएका ऋणका लिखित अभियोगहरूलाई र त्यसका विनियमहरूलाई हटाइदिनुभयो । उहाँले यी सबैलाई हटाउनुभयो र क्रुसमा टाँगिदिनुभयो ।
15 ၁၅ ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
उहाँले शक्तिहरू र अधिकारवालाहरूलाई हटाउनुभयो । उहाँले तिनीहरूलाई खुल्ला रूपमा प्रकट गर्नुभयो र उहाँको क्रुसको माध्यमद्वारा तिनीहरूलाई विजय समारोहमा डोर्याउनुभयो ।
16 ၁၆ သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။-
यसैकारण, अब कसैले तिमीहरूलाई खानेकुरा वा पिउनेकुरा वा चाडको दिनको बारेमा वा औंसी वा शबाथ-दिनको विषयमा दोष लगाउन नदेओ ।
17 ၁၇ ထိုအရာတို့သည်နောင်အခါဖြစ်ပေါ်လာမည့် အရာတို့၏အရိပ်အရောင်မျှသာဖြစ်ကြ၏။ အတုမဟုတ်အစစ်မှာခရစ်တော်ဖြစ်သည်။-
यिनीहरू आउनेवाला थोकहरूका छायाँ मात्र हुन् तर वास्तविकता ख्रीष्ट हुनुहुन्छ ।
18 ၁၈ မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
नम्रताको चाहना र स्वर्गदूतहरूको आराधनाद्वारा कसैको इनाम नखोसिएको होस् । यस्तो व्यक्तिले उसले देखेका कुराहरूमा मन लगाउँछ र उसको शारीरिक विचारद्वारा घमण्डी बन्दछ ।
19 ၁၉ သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။
उसले शिरलाई पक्री राख्दैन । शिरबाट नै जोर्नीहरू र ग्रन्थिहरू हुँदै सम्पूर्ण शरीरमा आवश्यक तत्त्वहरू फैलाइन्छ र तिनीहरूलाई एकसाथ राखिन्छ; र शरीर परमेश्वरले दिनुभएको वृद्धिअनुसार बढ्दछ ।
20 ၂၀ သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-
यदि यस संसारका तत्त्वहरूप्रति तिमीहरू ख्रीष्टसँगै मरेका छौ भने, किन तिमीहरू यस संसारमा समर्पित भएर जिउँछौ?
21 ၂၁ ထိုသို့ဖြစ်ပါလျက်သင်တို့သည်အဘယ်ကြောင့် ဤလောကနှင့်သက်ဆိုင်သူများကဲ့သို့ပြုကျင့် နေကြသနည်း။ အဘယ်ကြောင့်``ဤအရာကို မကိုင်နှင့်။ ထိုအရာကိုမမြည်းမစမ်းနှင့်။ မတို့ မထိနှင့်'' အစရှိသည့်ဥပဒေများကိုလိုက် လျှောက်နေကြသနည်း။-
“नसमात, नचाख, नछोऊ ।”
22 ၂၂ ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။-
मानिसहरूका निर्देशनहरू र शिक्षाहरूअनुसार, यी सबै कुराहरू प्रयोगसँगै नष्ट हुन्छन् ।
23 ၂၃ ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။
यी नियमहरूमा मानिस आफैँले बनाएका धर्म र नम्रता र शरीरको कठोरताका ज्ञान छन् । तर शरीरको विलासिताको विरुद्धमा यिनीहरूको कुनै मोल छैन ।