< ကောလောသဲ 2 >

1 ငါ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​သူ​မြို့​သား​များ​နှင့်​ငါ့​အား​မ​မြင်​ဘူး​သေး သော​အ​ခြား​သူ​တို့​အ​တွက်​လည်း​ကောင်း အ​ဘယ် မျှ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်​ကို​သင်​တို့​အား သိ​စေ​လို​၏။-
我なんぢら及びラオデキヤに居る人々、その他すべて我が肉體の顏をまだ見ぬ人のために、如何に苦心するかを汝らの知らんことを欲す。
2 ယင်း​သို့​ကြိုး​ပမ်း​လုပ်​ဆောင်​ရ​ခြင်း​မှာ​သင် တို့​အ​ပေါင်း​သည်​အား​တက်​လျက် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ခင်​လာ​စေ​ရန် ဖြစ်​သည်။ ဤ​သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​သည် စစ်​မှန်​စွာ​သိ​ရှိ​နား​လည်​ခြင်း​အား​ဖြင့် စိတ် ချ​မှု​ကို​ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​ကြ​လိမ့် မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ခ​ရစ် တော်​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​၏​နက်​နဲ ရာ​ကို​သိ​ရှိ​ကြ​လိမ့်​မည်။-
かく苦心するは、彼らが心 慰められ、愛をもて相 列り、全き穎悟の凡ての富を得て、神の奧義なるキリストを知らん爲なり。
3 ထို​အ​ရှင်​သည်​ကွယ်​ဝှက်​ထား​သော​ဘု​ရား သ​ခင်​၏​ဉာဏ်​ပ​ညာ​ဘဏ္ဍာ၊ အ​သိ​ပ​ညာ ဘဏ္ဍာ​ကို​ဖွင့်​ပြ​သည့်​သော့​ချက်​ဖြစ်​တော် မူ​သ​တည်း။
キリストには知慧と知識との凡ての寶 藏れあり。
4 သို့​ဖြစ်​၍​မည်​မျှ​ပင်​ယုတ္တိ​ရှိ​ဟန်​တူ​သော မှား​ယွင်း​သည့်​အ​ကြောင်း​ပြ​ချက်​များ​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​မ​လှည့်​စား​စေ နှင့်။-
我これを言ふは、巧なる言をもて人の汝らを欺くこと勿らん爲なり。
5 ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။
われ肉體にては汝らと離れ居れど、靈にては汝らと偕に居りて喜び、また汝らの秩序あるとキリストに對する信仰の堅きとを見るなり。
6 သင်​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​အား​အ​ရှင် သ​ခင်​အ​ဖြစ်​လက်​ခံ​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​အ​သက် ရှင်​ကြ​လော့။-
汝らキリスト・イエスを主として受けたるにより、其のごとく彼に在りて歩め。
7 သွန်​သင်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း​ကိုယ်​တော် ၌​နက်​နဲ​စွာ​အ​မြစ်​စွဲ​လျက်​ကိုယ်​တော်​အ​ပေါ်​၌ မိ​မိ​တို့​ဘ​ဝ​ကို​တည်​ဆောက်​ကာ​သင်​တို့​၏ ယုံ​ကြည်​ခြင်း​ကို​ပို​၍​ခိုင်​မြဲ​စေ​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​လော့။
また彼に根ざしてその上に建てられ、かつ教へられし如く信仰を堅くし、溢るるばかり感謝せよ。
8 ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
なんぢら心すべし、恐らくはキリストに從はずして人の言傳と世の小學とに從ひ、人を惑す虚しき哲學をもて汝らを奪ひ去る者あらん。
9 လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။-
それ神の滿ち足れる徳はことごとく形體をなしてキリストに宿れり。
10 ၁၀ သင်​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့် ကြွယ်​ဝ​သော​အ​သက်​ကို​ရ​ရှိ ကြ​၏။ ထို​အ​ရှင်​ကား​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့​ကို​အ​စိုး​ရ တော်​မူ​သ​တည်း။
汝らは彼に在りて滿ち足れるなり。彼は凡ての政治と權威との首なり。
11 ၁၁ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။-
汝らまた彼に在りて手をもてせざる割禮を受けたり、即ち肉の體を脱ぎ去るものにして、キリストの割禮なり。
12 ၁၂ သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။
汝らバプテスマを受けしとき、彼とともに葬られ、又かれを死人の中より甦へらせ給ひし神の活動を信ずるによりて、彼と共に甦へらせられたり。
13 ၁၃ သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊-
汝ら前には諸般の咎と肉の割禮なきとに因りて死にたる者なりしが、神は汝らを彼と共に生かし、我らの凡ての咎を赦し、
14 ၁၄ ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။-
かつ我らを責むる規の證書、すなはち我らに逆ふ證書を塗抹し、これを中間より取り去りて十字架につけ、
15 ၁၅ ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။
政治と權威とを褫ぎて之を公然に示し、十字架によりて凱旋し給へり。
16 ၁၆ သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-
然れば汝ら食物あるひは飮物につき、祭あるいは月朔あるいは安息 日の事につきて、誰にも審かるな。
17 ၁၇ ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။-
此 等はみな來らんとする者の影にして、其の本體はキリストに屬けり。
18 ၁၈ မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-
殊更に謙遜をよそほひ御使を拜する者に、汝らの褒美を奪はるな。かかる者は見し所のものに基き、肉の念に隨ひて徒らに誇り、
19 ၁၉ သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။
首に屬くことをせざるなり。全體は、この首によりて節々 維々に助けられ、相 聯り、神の育にて生長するなり。
20 ၂၀ သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။-
汝 等もしキリストと共に死にて此の世の小學を離れしならば、何ぞなほ世に生ける者のごとく人の誡命と教とに循ひて
21 ၂၁ ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။-
『捫るな、味ふな、觸るな』と云ふ規の下に在るか。
22 ၂၂ ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။-
(此 等はみな用ふれば盡くる物なり)
23 ၂၃ ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။
これらの誡命は、みづから定めたる禮拜と謙遜と身を惜まぬ事とによりて知慧あるごとく見ゆれど、實は肉 慾の放縱を防ぐ力なし。

< ကောလောသဲ 2 >